ဆက္ေၾကးေကာက္ေနသည့္ SSA (ဝမ္ဟုိင္း)အဖြဲ႕ဝင္ ၅ ဦးကို တပ္မေတာ္ ဖမ္းဆီးရမိေၾကာင္း သတင္းထုတ္ျပန္

ဆက္ေၾကးေကာက္ေနသည့္ SSA (ဝမ္ဟုိင္း)အဖြဲ႕ဝင္ ၅ ဦးကို တပ္မေတာ္ ဖမ္းဆီးရမိေၾကာင္း သတင္းထုတ္ျပန္
ဇန်နဝါရီ 10, 2018
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေနာင္ခ်ဳိၿမိဳ႕နယ္၊ ေနာင္ခ်ိဳၿမိဳ႕၏ အေနာက္ဘက္ (၂၄) မုိင္ခန္႔အကြာ ျပင္ဦးလြင္-မိုးကုတ္ကားလမ္းအေနာက္ဘက္ရွိ သေျပဒုိးေက်းရြာတြင္ နယ္ေျမေက်ာ္လြန္ေရာက္ရိွလာသည့္ SSA (ဝမ္ဟုိင္း) အဖြဲ႕ဝင္ (၅)ဦးအား ဇန္နဝါရီလ (၁၀)ရက္ေန႔တြင္ ဖမ္းဆီးရမိေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္သည္။

သေျပဒုိးေက်းရြာတြင္  SSA (ဝမ္ဟုိင္း) အဖြဲ႕ဝင္မ်ား နယ္ေျမေက်ာ္လြန္ေရာက္ရွိေနေၾကာင္းသတင္းအရ နယ္ေျမခံ တပ္မေတာ္ စစ္ေၾကာင္းက နံနက္ (၃) နာရီခြဲခန္႔တြင္ SSA (၀မ္ဟုိင္း)အဖြဲ႕ဝင္မ်ား ခိုေအာင္းေနသည့္ ေနအိမ္အား ၀င္ေရာက္ပိတ္ဆုိ႕ရွာေဖြရာ ေနအိမ္အတြင္းမွ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့သျဖင့္ ပစ္ခတ္ဖမ္းဆီးရာ တပ္မေတာ္မွ တစ္ဦးဒဏ္ရာရရိွၿပီး SSA (၀မ္ဟုိင္း) အဖြဲ႕မွ ၿမိဳ႕နယ္မွဴးအဆင့္ရွိ စုိင္းမုိးေအာင္ အပါအ၀င္အဖြဲ႕၀င္ (၅) ဦးကုိ လက္နက္ငယ္ (၅) လက္၊ က်ည္အိမ္ (၄) ခု၊ က်ည္မ်ဳိးစံု (၇၈) ေတာင့္၊ လက္ကိုင္ဖုန္း (၂) လံုး၊ Tablet (၁) လံုး၊ ဆက္ေၾကးေကာက္ခံရာတြင္ အသံုးျပဳသည့္ စာရြက္စာတမ္းမ်ားႏွင့္ အတူ ဖမ္းဆီးရမိခဲ့သည္ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက သတင္းထုတ္ျပန္ထားသည္။

အဆုိပါဖမ္းဆီးရမိသူမ်ား၊ လက္နက္/ခဲယမ္းမ်ား၊ ဆက္စပ္ပစၥည္းမ်ားႏွင့္ စာရြက္စာတမ္းမ်ားအား ေနာင္ခ်ဳိၿမိဳ႕မရဲစခန္းသို႕ လႊဲေျပာင္းအပ္ႏွံသြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ဆက်ကြေးကောက်နေသည့် SSA (ဝမ်ဟိုင်း)အဖွဲ့ဝင် ၅ ဦးကို တပ်မတော် ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်
***********
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုမြို့၏ အနောက်ဘက် (၂၄) မိုင်ခန့်အကွာ ပြင်ဦးလွင်-မိုးကုတ်ကားလမ်းအနောက်ဘက်ရှိ သပြေဒိုးကျေးရွာတွင် နယ်မြေကျော်လွန်ရောက်ရှိလာသည့် SSA (ဝမ်ဟိုင်း) အဖွဲ့ဝင် (၅)ဦးအား ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

သပြေဒိုးကျေးရွာတွင်  SSA (ဝမ်ဟိုင်း) အဖွဲ့ဝင်များ နယ်မြေကျော်လွန်ရောက်ရှိနေကြောင်းသတင်းအရ နယ်မြေခံ တပ်မတော် စစ်ကြောင်းက နံနက် (၃) နာရီခွဲခန့်တွင် SSA (၀မ်ဟိုင်း)အဖွဲ့ဝင်များ ခိုအောင်းနေသည့် နေအိမ်အား ၀င်ရောက်ပိတ်ဆို့ရှာဖွေရာ နေအိမ်အတွင်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးရာ တပ်မတော်မှ တစ်ဦးဒဏ်ရာရရှိပြီး SSA (၀မ်ဟိုင်း) အဖွဲ့မှ မြို့နယ်မှူးအဆင့်ရှိ စိုင်းမိုးအောင် အပါအဝင်အဖွဲ့ဝင် (၅) ဦးကို လက်နက်ငယ် (၅) လက်၊ ကျည်အိမ် (၄) ခု၊ ကျည်မျိုးစုံ (၇၈) တောင့်၊ လက်ကိုင်ဖုန်း (၂) လုံး၊ Tablet (၁) လုံး၊ ဆက်ကြေးကောက်ခံရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါဖမ်းဆီးရမိသူများ၊ လက်နက်/ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် စာရွက်စာတမ်းများအား နောင်ချိုမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~