လက္နက္ကိုင္အဖြဲ႔ ဖမ္းဆီးခံရသည့္ မူဆယ္သူယာဥ္လုိင္းမွ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လုိက္မ်ား ျပန္လည္လြတ္ေျမာက္

လက္နက္ကိုင္အဖြဲ႔ ဖမ္းဆီးခံရသည့္ မူဆယ္သူယာဥ္လုိင္းမွ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လုိက္မ်ား ျပန္လည္လြတ္ေျမာက္
ဇန်နဝါရီ 13, 2018
By 🌸
လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခံရသည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ေျပးဆြဲေနသည့္ မူဆယ္သူယာဥ္လိုင္းမွ ယာဥ္ေမာင္းတစ္ဦးႏွင့္ ယာဥ္အကူႏွစ္ဦးတို႔ကို သံုးရက္အၾကာတြင္ ျပန္လြတ္လာၿပီး ေနရပ္သို႔အသီးသီးျပန္သြား၍ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕က စစ္ေဆးေမးျမန္းႏိုင္မႈ မရိွေၾကာင္း သိရသည္။

 “သူတို႔အဖမ္းခံရၿပီး သံုးရက္အၾကာမွာ ဖမ္းသြားတဲ့အဖြဲ႔ကေန ျပန္လႊတ္ေပးလိုက္တယ္လို႔ သတင္းရတယ္။ လႊတ္ေပးလိုက္တယ္ဆိုတာကိုေတာ့ အတည္ျပဳႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီလြတ္လာတဲ့ သံုးေယာက္က ရန္ကုန္ဘက္ကို တစ္ခါတည္းျပန္သြားတဲ့အတြက္ ကၽြန္ေတာ္တို႔အေနနဲ႔ေတြ႔ဆံုၿပီးေတာ့ စစ္ေဆးခ်က္ မယူလိုက္ရဘူး။ သူတို႔လည္း ေၾကာက္လန္႔သြားလို႔ပဲလားမသိဘူး တစ္ခါတည္းလြတ္လာတာနဲ႔ တန္းၿပီးျပန္သြားၾကတာ” ဟု မူဆယ္ၿမိဳ႕နယ္ရဲစခန္းမွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီ သို႔ေျပာသည္။

ခရီးသည္ (၂၈) ဦးတင္ေဆာင္လာသည့္ မူဆယ္သူယာဥ္လိုင္းပိုင္ ယာဥ္တစ္စီးအား မူဆယ္ၿမိဳ႕ႏွင့္ ဆယ္မုိင္ခန္႔အကြာတြင္ ဇန္နဝါရီလ (၂) ရက္ေန႔ ညေန (၅)နာရီခြဲခန္႔၌ လက္နက္ကိုင္ အဖြဲ႔တစ္ခုက တားဆီးၿပီး ယာဥ္ေမာင္းနွင့္ ယာဥ္အကူႏွစ္ဦး စုစုေပါင္း (၃)ဦးတို႔အား ဖမ္းဆီးသြားသျဖင့္ အဆိုပါယာဥ္ကို ခရီးသည္တစ္ဦးက ေမာင္းႏွင္လာကာ အနီးဆံုးရဲတပ္ဖြဲ႔ထံသို႔ အေၾကာင္းၾကားခဲ့ရျခင္းျဖစ္သည္။

“ဖမ္းသြားတဲ့အဖြဲ႔က ေနာက္ထပ္ (၃) ရက္ေလာက္ေနေတာ့ ျပန္လႊတ္ေပးလိုက္တယ္။ အဲဒီ(၃)ဦးစလံုး သူတို႔ေနရပ္ေတြကို တစ္ခါတည္းျပန္သြားၾကတာ။ ၾကားရသေလာက္ကေတာ့ ေကာင္းေကာင္းမြန္မြန္နဲ႔ ျပန္လြတ္လာတယ္လို႔ပဲ သိရပါတယ္။ ယာဥ္လိုင္းမွာလည္းသူတို႔ အလုပ္မလုပ္ၾကေတာ့ဘူးလို႔ သိရတယ္။ ျပန္လြတ္လာတာကေတာ့ ေသခ်ာသေလာက္ရွိပါတယ္ “ဟု မူဆယ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အမည္မေဖၚလိုသည့္ အရာရွိတစ္ဦးက ေျပာသည္။

မူဆယ္သူယာဥ္လုိင္းမွ ယာဥ္ေမာင္း ဦးေငြဖုန္း၊ ယာဥ္ေနာက္လိုက္မ်ားျဖစ္သည့္ ဦးျမတ္မင္းႏွင့္ ဦးေအာင္မ်ိဳးသန္႔တို႔မွာ ျပန္လည္လြတ္ေျမာက္လာၿပီးေနာက္ အဆိုပါယာဥ္လုိင္းတြင္ ဆက္လက္အလုပ္လုပ္ကိုင္ျခင္းမရိွေတာ့ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခံရသည့် မူဆယ်သူယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ပြန်လည်လွတ်မြောက်
**********
လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် မူဆယ်သူယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်အကူနှစ်ဦးတို့ကို သုံးရက်အကြာတွင် ပြန်လွတ်လာပြီး နေရပ်သို့အသီးသီးပြန်သွား၍ ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနိုင်မှု မရှိကြောင်း သိရသည်။

 “သူတို့အဖမ်းခံရပြီး သုံးရက်အကြာမှာ ဖမ်းသွားတဲ့အဖွဲ့ကနေ ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းရတယ်။ လွှတ်ပေးလိုက်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလွတ်လာတဲ့ သုံးယောက်က ရန်ကုန်ဘက်ကို တစ်ခါတည်းပြန်သွားတဲ့အတွက် ကျွန်တော်တို့အနေနဲ့တွေ့ဆုံပြီးတော့ စစ်ဆေးချက် မယူလိုက်ရဘူး။ သူတို့လည်း ကြောက်လန့်သွားလို့ပဲလားမသိဘူး တစ်ခါတည်းလွတ်လာ တာနဲ့ တန်းပြီးပြန်သွားကြတာ” ဟု မူဆယ်မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီ သို့ပြောသည်။

ခရီးသည် (၂၈) ဦးတင်ဆောင်လာသည့် မူဆယ်သူယာဉ်လိုင်းပိုင် ယာဉ်တစ်စီးအား မူဆယ်မြို့နှင့် ဆယ်မိုင်ခန့်အကွာတွင် ဇန်နဝါရီလ (၂) ရက်နေ့ ညနေ (၅)နာရီခွဲခန့်၌ လက်နက်ကိုင် အဖွဲ့တစ်ခုက တားဆီးပြီး ယာဉ်မောင်းနှင့် ယာဉ်အကူနှစ်ဦး စုစုပေါင်း (၃)ဦးတို့အား ဖမ်းဆီးသွားသဖြင့် အဆိုပါယာဉ်ကို ခရီးသည်တစ်ဦးက မောင်းနှင်လာကာ အနီးဆုံးရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့ရခြင်းဖြစ်သည်။

“ဖမ်းသွားတဲ့အဖွဲ့က နောက်ထပ် (၃) ရက်လောက်နေတော့ ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီ(၃)ဦးစလုံး သူတို့နေရပ်တွေကို တစ်ခါတည်းပြန်သွားကြတာ။ ကြားရသလောက်ကတော့ ကောင်းကောင်းမွန်မွန်နဲ့ ပြန်လွတ်လာတယ်လို့ပဲ သိရပါတယ်။ ယာဉ်လိုင်းမှာလည်းသူတို့ အလုပ်မလုပ်ကြတော့ဘူးလို့ သိရတယ်။ ပြန်လွတ်လာတာကတော့ သေချာသလောက်ရှိပါတယ် “ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမည်မဖေါ်လိုသည့် အရာရှိတစ်ဦးက ပြောသည်။

မူဆယ်သူယာဉ်လိုင်းမှ ယာဉ်မောင်း ဦးငွေဖုန်း၊ ယာဉ်နောက်လိုက်များဖြစ်သည့် ဦးမြတ်မင်းနှင့် ဦးအောင်မျိုးသန့်တို့မှာ ပြန်လည်လွတ်မြောက်လာပြီးနောက် အဆိုပါယာဉ်လိုင်းတွင် ဆက်လက်အလုပ်လုပ်ကိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~