မုိင္းေခါင္စစ္ေဘးေရွာင္သံုးဦး အသတ္ခံရမႈႏွင့္ပတ္သက္၍ တပ္ရင္းမွဴးအပါအဝင္ တပ္မေတာ္သား ၆ ဦးအား ျပစ္ဒဏ္အသီးသီးခ်မွတ္

မုိင္းေခါင္စစ္ေဘးေရွာင္သံုးဦး အသတ္ခံရမႈႏွင့္ပတ္သက္၍ တပ္ရင္းမွဴးအပါအဝင္ တပ္မေတာ္သား ၆ ဦးအား ျပစ္ဒဏ္အသီးသီးခ်မွတ္
ဇန်နဝါရီ 20, 2018
By 🌸
ကခ်င္ျပည္နယ္၊ မံစီၿမိဳ႕နယ္၊ မိုင္းေခါင္ေက်းရြာမွ စစ္ေျပးဒုကၡသည္ သံုးဦး အသတ္ခံရမႈႏွင့္ ပတ္သက္၍ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁၉)ရက္ေန႔တြင္ ခမရ (၃၁၉)၏ တပ္ရင္းမွဴးအပါအဝင္ တပ္မေတာ္သား (၆)ဦးအား တပ္မေတာ္မွ ရာသက္ပန္ထုတ္ပယ္လုိက္ၿပီး အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ (၁၀)ႏွစ္စီ ခ်မွတ္လုိက္ေၾကာင္း သိရသည္။

စစ္ေျပးဒုကၡသည္သံုးဦး အသတ္ခံရမႈႏွင့္ပတ္သက္၍ တပ္ရင္းမႉးေဇယ်ာဦး၊ ဗိုလ္ႀကီးလြမ္းမိုးေအာင္၊ ဗိုလ္ႀကီးေက်ာ္ဇင္ျမင့္ ၊ ဗိုလ္ႀကီးမ်ိဳးသူေဇာ္၊ ဒုတပ္ၾကပ္ ရွိုင္းထက္ေအာင္ႏွင့္ တပ္သားၿဖိဳးကိုတို႔အား စစ္ခံုရံုးက ၾကားနာစစ္ေဆးၿပီး ယင္းကဲ့သို႔ ျပစ္ဒဏ္အသီးသီးခ်မွတ္လုိက္ျခင္းျဖစ္ေၾကာင္း ၾကားနာစစ္ေဆးမႈသို႔ တက္ေရာက္ခဲ့သည့္ အရပ္ဖက္အဖြဲ႕အစည္းမ်ားထံမွ သိရသည္။

အဆုိပါ အမႈကိစၥႏွင့္ပတ္သက္၍ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁၉)ရက္ေန႔ ညေန (၄)နာရီခြဲတြင္ မန္စီၿမိဳ႕နယ္ရိွ  စစ္ခံုရံုးတြင္ ၾကားနာစစ္ေဆးမႈျပဳလုပ္ရာ အရပ္ဖက္အဖြဲ႕အစည္းမ်ားကိုလည္း တက္ေရာက္ၾကားနာခြင့္ျပဳခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္ မုိင္ေခါင္ေက်းရြာရိွ RC စစ္ေဘးေရွာင္စခန္းမွ ေမာင္ဂမ္ေအာင္၊ ေမာင္ဘရန္ဆုိင္းႏွင့္ ေမာင္ေနာ္ခြမ္တို႔သည္ မုိင္ေခါင္ေက်းရြာ၏ အေရွ႕ေျမာက္ဘက္ ခပရာယန္ရြာတြင္ ၂၀၁၇ ခုႏွစ္ ေမလ (၂၅)ရက္ေန႔က ေန႔စားလုပ္ကုိင္ၿပီးစခန္းသို႔ျပန္လာစဥ္ မုိင္ေခါင္ရြာအဝင္နား၌ မုိင္ေခါင္အေျခစိုက္ ခမရ (၃၁၉)၏ လႈပ္ရွားစစ္ေၾကာင္းက ဖမ္းဆီးေခၚေဆာင္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔ သံုးဦးအားဖမ္းဆီးခံထားရစဥ္ ေမလ (၂၆)ရက္ေန႔ နံနက္ (၁၀)နာခြဲဝန္းက်င္တြင္ ေမာင္ဂမ္ေအာင္က တပ္သားၿဖိဳးကိုအား ေသနတ္မည္သို႔ပစ္ရသည္ကို ေမးျမန္းသျဖင့္ တပ္သားၿဖိဳးကိုက ရွင္းလင္းေျပာျပစဥ္ ေသနတ္လံုၿခံဳေရးခလုတ္ျဖဳတ္ထားမိ၍ ေသနတ္က်ည္က ေမာင္ဂမ္ေအာင္၏ ယာဖက္ရင္အံုကို ထိမွန္၍ ေသဆံုးခဲ့ရာ က်န္ႏွစ္ဦးျဖစ္သည့္ ေမာင္ဘရန္ဆုိင္းႏွင့္ ေမာင္ေနာ္ခြမ္တို႔အား သတ္ပစ္ရန္ စစ္ေၾကာင္းမွဴး ဗိုလ္ႀကီး လြမ္းမိုးေအာင္ႏွင့္အဖြဲ႕က တုိင္ပင္ဆံုးျဖတ္လုိက္ျခင္းျဖစ္သည္ဟု စစ္ေဆးေတြ႔ရိွခ်က္တြင္ ေဖၚျပထားေၾကာင္း သိရသည္။

စစ္ေဘးေရွာင္သံုးဦး၏ ရုပ္အေလာင္းမ်ားကို ေက်းရြာသားမ်ားက မိုင္ေခါင္ရြာႏွင့္ ငါးမုိင္အကြာတြင္ ၂၀၁၇ ခုႏွစ္ ေမလ (၂၈)ရက္ေန႔ညေနပိုင္း၌ တူးေဖၚေတြ႕ရိွခဲ့ရသျဖင့္ မိုင္ေခါင္စစ္ေရွာင္စခန္းတာဝန္ခံက ရဲစခန္းတြင္ အမႈဖြင့္တုိင္ၾကားခဲ့ရာ ရဲတပ္ဖြဲ႕က အမႈဖြင့္လွစ္စစ္ေဆးေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မိုင္ေခါင္စစ္ေဘးေရွာင္စခန္းသည္ ကခ်င္ျပည္နယ္အတြင္း တုိက္ပြဲမ်ားေၾကာင့္ ၂၀၁၃ ခုႏွစ္ကတည္းက စတင္ဖြင့္လွစ္ခဲ့ရသည့္ စစ္ေဘးေရွာင္စခန္းတစ္ခုျဖစ္သည္။

သတင္း #အင္မိုင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းခေါင်စစ်ဘေးရှောင်သုံးဦး အသတ်ခံရမှုနှင့်ပတ်သက်၍ တပ်ရင်းမှူးအပါအဝင် တပ်မတော်သား ၆ ဦးအား ပြစ်ဒဏ်အသီးသီးချမှတ်
*************
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာမှ စစ်ပြေးဒုက္ခသည် သုံးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့တွင် ခမရ (၃၁၉)၏ တပ်ရင်းမှူးအပါအဝင် တပ်မတော်သား (၆)ဦးအား တပ်မတော်မှ ရာသက်ပန်ထုတ်ပယ်လိုက်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ပြေးဒုက္ခသည်သုံးဦး အသတ်ခံရမှုနှင့်ပတ်သက်၍ တပ်ရင်းမှူးဇေယျာဦး၊ ဗိုလ်ကြီးလွမ်းမိုးအောင်၊ ဗိုလ်ကြီးကျော်ဇင်မြင့် ၊ ဗိုလ်ကြီးမျိုးသူဇော်၊ ဒုတပ်ကြပ် ရှိုင်းထက်အောင်နှင့် တပ်သားဖြိုးကိုတို့အား စစ်ခုံရုံးက ကြားနာစစ်ဆေးပြီး ယင်းကဲ့သို့ ပြစ်ဒဏ်အသီးသီးချမှတ်လိုက်ခြင်းဖြစ်ကြောင်း ကြားနာစစ်ဆေးမှုသို့ တက်ရောက်ခဲ့သည့် အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

အဆိုပါ အမှုကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့ ညနေ (၄)နာရီခွဲတွင် မန်စီမြို့နယ်ရှိ  စစ်ခုံရုံးတွင် ကြားနာစစ်ဆေးမှုပြုလုပ်ရာ အရပ်ဖက်အဖွဲ့အစည်းများကိုလည်း တက်ရောက်ကြားနာခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုင်ခေါင်ကျေးရွာရှိ RC စစ်ဘေးရှောင်စခန်းမှ မောင်ဂမ်အောင်၊ မောင်ဘရန်ဆိုင်းနှင့် မောင်နော်ခွမ်တို့သည် မိုင်ခေါင်ကျေးရွာ၏ အရှေ့မြောက်ဘက် ခပရာယန်ရွာတွင် ၂၀၁၇ ခုနှစ် မေလ (၂၅)ရက်နေ့က နေ့စားလုပ်ကိုင်ပြီးစခန်းသို့ပြန်လာစဉ် မိုင်ခေါင်ရွာအဝင်နား၌ မိုင်ခေါင်အခြေစိုက် ခမရ (၃၁၉)၏ လှုပ်ရှားစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ သုံးဦးအားဖမ်းဆီးခံထားရစဉ် မေလ (၂၆)ရက်နေ့ နံနက် (၁၀)နာခွဲဝန်းကျင်တွင် မောင်ဂမ်အောင်က တပ်သားဖြိုးကိုအား သေနတ်မည်သို့ပစ်ရသည်ကို မေးမြန်းသဖြင့် တပ်သားဖြိုးကိုက ရှင်းလင်းပြောပြစဉ် သေနတ်လုံခြုံရေးခလုတ်ဖြုတ်ထားမိ၍ သေနတ်ကျည်က မောင်ဂမ်အောင်၏ ယာဖက်ရင်အုံကို ထိမှန်၍ သေဆုံးခဲ့ရာ ကျန်နှစ်ဦးဖြစ်သည့် မောင်ဘရန်ဆိုင်းနှင့် မောင်နော်ခွမ်တို့အား သတ်ပစ်ရန် စစ်ကြောင်းမှူး ဗိုလ်ကြီး လွမ်းမိုးအောင်နှင့်အဖွဲ့က တိုင်ပင်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိချက်တွင် ဖေါ်ပြထားကြောင်း သိရသည်။

စစ်ဘေးရှောင်သုံးဦး၏ ရုပ်အလောင်းများကို ကျေးရွာသားများက မိုင်ခေါင်ရွာနှင့် ငါးမိုင်အကွာတွင် ၂၀၁၇ ခုနှစ် မေလ (၂၈)ရက်နေ့ညနေပိုင်း၌ တူးဖေါ်တွေ့ရှိခဲ့ရသဖြင့် မိုင်ခေါင်စစ်ရှောင်စခန်းတာဝန်ခံက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့က အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်ခေါင်စစ်ဘေးရှောင်စခန်းသည် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ၂၀၁၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ရသည့် စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည်။

သတင်း #အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~