ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ဦးဟန္ေဇာ္ကို ခန္႔အပ္

ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ဦးဟန္ေဇာ္ကို ခန္႔အပ္
ဇန်နဝါရီ 19, 2018
By 🌸
ေဆာက္လုပ္ေရး၀န္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ဦးဟန္ေဇာ္ကုိ ခန္႔အပ္တာဝန္ေပးလိုက္ေၾကာင္း ႏုိင္ငံေတာ္သမၼတရံုး အမိန္႔အမွတ္ ၁၀/၂၀၁၈ ကို ဇန္နဝါရီလ (၁၉)ရက္ေန႔တြင္ ထုတ္ျပန္လုိက္သည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ႏွစ္ခု၏ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ဦးဝင္းခုိင္က ပူးတြဲတာဝန္ယူထားရာမွ ဇန္နဝါရီလ (၁၅)ရက္ေန႔မွစ၍ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခုိင္ကို လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၏ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ သမၼတရံုး၏ အမိန္႔အမွတ္ ၅/၂၀၁၈ ျဖင့္ ေျပာင္းလဲ တာဝန္ေပးလုိက္ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္သမၼတက ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ဦးဟန္ေဇာ္အား အမည္စာရင္း တင္သြင္းျခင္းကို ျပည္ေထာင္စုလႊတ္ေတာ္၌ ကန္႔ကြက္သူမရိွ အတည္ျပဳခဲ့ျခင္းျဖစ္ရာ ေဆာက္လုပ္ေရး၀န္ႀကီးဌာန၊ ျပည္သူ႔ေဆာက္လုပ္ေရးလုပ္ငန္းမွ အၿငိမ္းစား ဦးေဆာင္ညႊန္ၾကားေရးမွဴးျဖစ္သူ ဦးဟန္ေဇာ္အား ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန္႔အပ္လုိက္ျခင္းျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်ကို ခန့်အပ်
*************
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁၀/၂၀၁၈ ကို ဇန်နဝါရီလ (၁၉)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နှစ်ခု၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဝင်းခိုင်က ပူးတွဲတာဝန်ယူထားရာမှ ဇန်နဝါရီလ (၁၅)ရက်နေ့မှစ၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် သမ္မတရုံး၏ အမိန့်အမှတ် ၅/၂၀၁၈ ဖြင့် ပြောင်းလဲ တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်အား အမည်စာရင်း တင်သွင်းခြင်းကို ပြည်ထောင်စုလွှတ်တော်၌ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အငြိမ်းစား ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးဟန်ဇော်အား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~