မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳအား တရားလိုျပသက္ေသအျဖစ္ ေခၚယူစစ္ေဆး

မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳအား တရားလိုျပသက္ေသအျဖစ္ ေခၚယူစစ္ေဆး
ဇန်နဝါရီ 12, 2018
By 🌸
ရခိုင္ျပည္နယ္ အမ္းၿမိဳ႕တြင္ ဆူပူမႈျဖစ္ေပၚရန္လႈံ႔ေဆာ္သည္ဟူေသာ စြပ္စဲြခ်က္ျဖင္႔ မေကြးခရိုင္ တရားရံုးေတာ္တြင္ ဦးတိုက္ေလွ်ာက္ထားသည္႔အမႈအတြက္ တရားလိုျပသက္ေသအျဖစ္ မေကြးတိုင္း ေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳအား ဇန္နဝါရီလ(၁၂)ရက္ေန႔တြင္ စစ္ေဆးေၾကာင္း သိရသည္။

“၂၈.၁၂.၂၀၁၇ ရက္ေန႔မွာ တိုင္တန္းသူ တရားလို မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ညႊန္ၾကားေရး မွဴး ဦးသန္းေဆြကို စတင္စစ္ေဆးခဲ႔ၿပီး ဒီေန႔ ဇန္နဝါရီလ (၁၂) ရက္ေန႔မွာ တရားလိုျပသက္ေသ ေဒါက္တာ ေအာင္မိုးညိဳ ကို စစ္ေဆးပါတယ္။ ေနာက္ရံုးခ်ိန္းကို ဇန္နဝါရီလ (၁၉) ရက္ေန႔မွာ ေဒါက္တာေအာင္မိုးညိဳရဲ႕ ကိုယ္ေရးအရာရိွ ဦးေအာင္ဝင္းကို ေခၚယူစစ္ေဆးမွာပါ”ဟု မေကြးခရိုင္တရားသူႀကီးက ေျပာၾကားသည္။

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕တြင္ ဆူပူအံုၾကြမႈျဖစ္ေပၚေစရန္လႈံ႔ေဆာ္ရန္ ဦးေအာင္ေက်ာ္ျမင္႔ဆိုသူက ေျပာဆိုစည္းရံုးေနေၾကာင္း ဝန္ႀကီးခ်ဳပ္ထံ တင္ျပလာသျဖင့္  တိုင္းေဒသႀကီးအစိုးရ၏ တာဝန္လဲႊအပ္ခ်က္အရ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ ညႊန္ၾကားေရး မွဴး ဦးသန္းေဆြက တရားလိုျပဳလုပ္၍ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလ (၂၉)ရက္ေန႔တြင္ မေကြးခရိုင္တရားရံုးသို႔ ဦးတိုက္ေလွ်ာက္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခရိုင္တရားရံုးက ရဲစခန္းသို႔ စံုစမ္းစစ္ေဆးရန္ ျပန္ခ်ေပးခဲ႔ၿပီး ရဲစခန္းက ႏွစ္ဘက္စစ္ေဆး၍ ျပန္လည္တင္ျပလာသည္႔ အစီရင္ခံစာအရ ရာဇသတ္ႀကီးပုဒ္မ ၁၂၄-က ျဖင္႔ စြပ္စဲြခံရသူ ဦးေအာင္ေက်ာ္ျမင္႔အား ဖမ္းဆီး၍ စစ္ေဆးေဆာင္ရြက္သြားရန္ ဆံုးျဖတ္ခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

စြပ္စဲြတိုင္တန္းခံရသူ ဦးေအာင္ေက်ာ္ျမင္႔က တရားခြင္တြင္ ကိုယ္တိုင္ထုေခ်လွ်က္ရိွေၾကာင္း သိရသည္။
မည္သူမဆို နွဳတ္ျဖင္႔ျဖစ္ေစ၊ စာျဖင္႔ျဖစ္ေစ၊ အမွတ္အသားျဖင္႔ျဖစ္ေစ၊ ထင္ရွားေသာပံုသ႑ာန္ျဖင္႔ ျဖစ္ေစ၊ အျခားနည္းျဖင္႔ျဖစ္ေစ ျပည္ေထာင္စုအတြက္ သို႔တည္းမဟုတ္ ျပည္ေထာင္စု အဖဲြ႔ဝင္မ်ားအတြက္ ဥပေဒအရတည္ေထာင္ထားေသာအစိုးရကို မုန္းထားေအာင္ေသာ္လည္းေကာင္း၊ မေလးစားေအာင္ေသာ္ လည္းေကာင္း ျပဳမူလွ်င္ သို႔တည္းမဟုတ္ ထိုသို႔ျပဳရန္အားထုတ္လွ်င္၊သို႔တည္းမဟုတ္ ေမတၱာပ်က္ေအာင္ လႈံ႔ေဆာ္လွ်င္ သို႔တည္းမဟုတ္ ထိုသို႔လႈံ႔ေဆာ္ရန္ အားထုတ္လွ်င္ ထိုသို႔ အၾကည္ညိဳပ်က္ေအာင္ျပဳေၾကာင္း ျပစ္မႈထင္ရွားလွ်င္ ေငြဒဏ္ႏွင္႔တကြ တစ္သက္တစ္ကၽြန္း(ေထာင္ဒဏ္အႏွစ္ ၂၀)ျဖစ္ေစ၊ေငြဒဏ္ႏွင္႔တကြ (၇ႏွစ္)အထိ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္သက္သက္ျဖစ္ေစ ျပစ္ဒဏ္က်ခံရႏိုင္သည္ဟု ျမန္မာႏိုင္ငံရာဇ သတ္ႀကီးတြင္ ျပဌာန္းထားေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအား တရားလိုပြသက်သေအဖြစ် ခေါ်ယူစစ်ဆေး
************
ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူမှုဖြစ်ပေါ်ရန်လှုံ့ဆော်သည်ဟူသော စွပ်စွဲချက်ဖြင့် မကွေးခရိုင် တရားရုံးတော်တွင် ဦးတိုက်လျှောက်ထားသည့်အမှုအတွက် တရားလိုပြသက်သေအဖြစ် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအား ဇန်နဝါရီလ(၁၂)ရက်နေ့တွင် စစ်ဆေးကြောင်း သိရသည်။

“၂၈.၁၂.၂၀၁၇ ရက်နေ့မှာ တိုင်တန်းသူ တရားလို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေး မှူး ဦးသန်းဆွေကို စတင်စစ်ဆေးခဲ့ပြီး ဒီနေ့ ဇန်နဝါရီလ (၁၂) ရက်နေ့မှာ တရားလိုပြသက်သေ ဒေါက်တာ အောင်မိုးညို ကို စစ်ဆေးပါတယ်။ နောက်ရုံးချိန်းကို ဇန်နဝါရီလ (၁၉) ရက်နေ့မှာ ဒေါက်တာအောင်မိုးညိုရဲ့ ကိုယ်ရေးအရာရှိ ဦးအောင်ဝင်းကို ခေါ်ယူစစ်ဆေးမှာပါ”ဟု မကွေးခရိုင်တရားသူကြီးက ပြောကြားသည်။
ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်လှုံ့ဆော်ရန် ဦးအောင်ကျော်မြင့်ဆိုသူက ပြောဆိုစည်းရုံးနေကြောင်း ဝန်ကြီးချုပ်ထံ တင်ပြလာသဖြင့်  တိုင်းဒေသကြီးအစိုးရ၏ တာဝန်လွှဲအပ်ချက်အရ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေး မှူး ဦးသန်းဆွေက တရားလိုပြုလုပ်၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့တွင် မကွေးခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်တရားရုံးက ရဲစခန်းသို့ စုံစမ်းစစ်ဆေးရန် ပြန်ချပေးခဲ့ပြီး ရဲစခန်းက နှစ်ဘက်စစ်ဆေး၍ ပြန်လည်တင်ပြလာသည့် အစီရင်ခံစာအရ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ဖြင့် စွပ်စွဲခံရသူ ဦးအောင်ကျော်မြင့်အား ဖမ်းဆီး၍ စစ်ဆေးဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စွပ်စွဲတိုင်တန်းခံရသူ ဦးအောင်ကျော်မြင့်က တရားခွင်တွင် ကိုယ်တိုင်ထုချေလျှက်ရှိကြောင်း သိရသည်။
မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဍာန်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက် သို့တည်းမဟုတ် ပြည်ထောင်စု အဖွဲ့ဝင်များအတွက် ဥပဒေအရတည်ထောင်ထားသောအစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော် လည်းကောင်း ပြုမူလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန်အားထုတ်လျှင်၊သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင် သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန် အားထုတ်လျှင် ထိုသို့ အကြည်ညိုပျက်အောင်ပြုကြောင်း ပြစ်မှုထင်ရှားလျှင် ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်း(ထောင်ဒဏ်အနှစ် ၂၀)ဖြစ်စေ၊ငွေဒဏ်နှင့်တကွ (၇နှစ်)အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ပြစ်ဒဏ်ကျခံရနိုင်သည်ဟု မြန်မာနိုင်ငံရာဇ သတ်ကြီးတွင် ပြဌာန်းထားကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~