မေကြးတိုင္းအစိုးရအဖဲြ႔ စိုက္ပ်ိဳးေရးႏွင္႔ ဆည္ေျမာင္းဝန္ႀကီးအား ႏွဳတ္ထြက္ခြင္႔တင္ရန္ ဖိအားေပးမႈရိွခဲ႔ဟုဆို

မေကြးတိုင္းအစိုးရအဖဲြ႔ စိုက္ပ်ိဳးေရးႏွင္႔ ဆည္ေျမာင္းဝန္ႀကီးအား ႏွဳတ္ထြက္ခြင္႔တင္ရန္ ဖိအားေပးမႈရိွခဲ႔ဟုဆို
ဇန်နဝါရီ 11, 2018
By 🌸
မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႔ ဝန္ႀကီးေနရာမွ ႏွဳတ္ထြက္ခြင္႔တင္ခဲ႔သည္႔ စိုက္ပ်ိဳးေရးႏွင္႔ဆည္ ေျမာင္းဝန္ႀကီးက NLD ဗဟိုအလုပ္အမႈေဆာင္အခ်ိဳ႕က ၎အား ႏွဳတ္ထြက္ရန္ ဖိအားေပးမႈမ်ားရိွခဲ႔ေၾကာင္း ဇန္နဝါရီလ (၁၁)ရက္ေန႔တြင္ မီဒီယာမ်ားသို႔ ထုတ္ေဖာ္ေျပာၾကားလိုက္သည္။

ႏွဳတ္ထြက္ခြင္႔တင္ခဲ႔သည္႔ စိုက္ပ်ိဳးေရးႏွင္႔ ဆည္ေျမာင္း ဝန္ႀကီးဦးစိုးျမင္႔က ၎သည္ က်န္းမာေရး မေကာင္းသည္႔ၾကားထဲမွ လုပ္ငန္းတာဝန္မ်ားကို မလစ္ဟင္းရေအာင္ေဆာင္ရြက္လွ်က္ရိွေနေသာ္လည္း NLD ဗဟိုအလုပ္အမႈေဆာင္မ်ားထဲမွ ၎၏ က်န္းမာေရးကိုအေၾကာင္းျပဳ၍ ႏွဳတ္ထြက္ရန္ ဖိအားေပးမႈမ်ား ရိွခဲ႔ေၾကာင္း မီဒီယာမ်ား သို႔ ဇန္နဝါရီလ(၁၁)ရက္ေန႔က ထုတ္ေဖာ္ေျပာၾကားလုိက္ျခင္းျဖစ္သည္။၊

မေကြးတုိင္းေဒသႀကီး အစိုးရအဖြဲ႕မွ စိုက္ပ်ိဳးေရးနွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုးျမင့္၊ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးနွင့္ ျပည္သူ႔အင္အား ဝန္ႀကီး ဦးေနမ်ိဳးေက်ာ္တို႔က ဇန္နဝါရီ (၅) ရက္ေန႔တြင္ ဝန္ႀကီးတာဝန္မ်ားမွ နႈတ္ထြက္ခြင့္တင္ခဲ့ၾကရာ ျပည္ေထာင္စုသမၼတျမန္မာနုိင္ငံေတာ္၊ နုိင္ငံေတာ္သမၼတရံုး အမိန္႔အမွတ္ ၃/၂၀၁၈ ျဖင့္ ဇန္နဝါရီလ(၁၀)ေန႔ရက္စဲြျဖင္႔ နႈတ္ထြက္ခြင့္ျပဳေၾကာင္း ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

“ဝန္ႀကီးနွစ္ပါးစလံုးက အင္မတန္ခက္ခဲၾကမ္းတမ္းတဲ့ ကာလေတြမွာ ကၽြန္ေတာ္တုိ႔နဲ႔ ညီရင္းအစ္ကို ေတြလို ေအးအတူပူအမွ် ရုန္းကန္ခဲ့ရသူေတြျဖစ္လို႔ ကၽြန္ေတာ့္အေနနဲ႔ အေတာ္စိတ္မေကာင္း ျဖစ္ရပါတယ္”ဟု မေကြးတုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မုိးညိဳက ေျပာၾကားသည္။

လစ္လပ္သြားေသာ ဝန္ႀကီးမ်ားေနရာ၌ အစားထိုးခန္႔ထားမည္႔သူမ်ားကို လတ္တေလာေျပာၾကားႏိုင္ျခင္း မရိွေသးေသာ္လည္း ျပည္သူလူထုႏွင္႔ထိေတြ႔မႈရိွသည္႔ သက္လတ္ပိုင္းထဲကျဖစ္ဖြယ္ရိွေၾကာင္းႏွင္႔ တိုင္းဝန္ႀကီးခ်ဳပ္အေနျဖင့္ လက္ရွိ အစိုးရအဖြဲ႔၊ လႊတ္ေတာ္ဥကၠဌ၊ ဒုဥကၠဌတုိ႔နွင့္ တုိင္ပင္၍ စည္း မ်ဥ္း စည္းကမ္းနွင့္အညီ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္သုိ႔ တစ္ပတ္အတြင္း တင္ျပမည္ျဖစ္ၿပီး လႊတ္ေတာ္မွ ဖြဲ႔စည္းပံုအေျခခံဥပေဒနွင့္အညီ ဆံုးျဖတ္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးအား နှုတ်ထွက်ခွင့်တင်ရန် ဖိအားပေးမှုရှိခဲ့ဟုဆို
****************
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးနေရာမှ နှုတ်ထွက်ခွင့်တင်ခဲ့သည့် စိုက်ပျိုးရေးနှင့်ဆည် မြောင်းဝန်ကြီးက NLD ဗဟိုအလုပ်အမှုဆောင်အချို့က ၎င်းအား နှုတ်ထွက်ရန် ဖိအားပေးမှုများရှိခဲ့ကြောင်း ဇန်နဝါရီလ (၁၁)ရက်နေ့တွင် မီဒီယာများသို့ ထုတ်ဖော်ပြောကြားလိုက်သည်။

နှုတ်ထွက်ခွင့်တင်ခဲ့သည့် စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဦးစိုးမြင့်က ၎င်းသည် ကျန်းမာရေး မကောင်းသည့်ကြားထဲမှ လုပ်ငန်းတာဝန်များကို မလစ်ဟင်းရအောင်ဆောင်ရွက်လျှက်ရှိနေသော်လည်း NLD ဗဟိုအလုပ်အမှုဆောင်များထဲမှ ၎င်း၏ ကျန်းမာရေးကိုအကြောင်းပြု၍ နှုတ်ထွက်ရန် ဖိအားပေးမှုများ ရှိခဲ့ကြောင်း မီဒီယာများ သို့ ဇန်နဝါရီလ(၁၁)ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။၊

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးနေမျိုးကျော်တို့က ဇန်နဝါရီ (၅) ရက်နေ့တွင် ဝန်ကြီးတာဝန်များမှ နှုတ်ထွက်ခွင့်တင်ခဲ့ကြရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၃/၂၀၁၈ ဖြင့် ဇန်နဝါရီလ(၁၀)နေ့ရက်စွဲဖြင့် နှုတ်ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဝန်ကြီးနှစ်ပါးစလုံးက အင်မတန်ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေမှာ ကျွန်တော်တို့နဲ့ ညီရင်းအစ်ကို တွေလို အေးအတူပူအမျှ ရုန်းကန်ခဲ့ရသူတွေဖြစ်လို့ ကျွန်တော့်အနေနဲ့ အတော်စိတ်မကောင်း ဖြစ်ရပါတယ်”ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

လစ်လပ်သွားသော ဝန်ကြီးများနေရာ၌ အစားထိုးခန့်ထားမည့်သူများကို လတ်တလောပြောကြားနိုင်ခြင်း မရှိသေးသော်လည်း ပြည်သူလူထုနှင့်ထိတွေ့မှုရှိသည့် သက်လတ်ပိုင်းထဲကဖြစ်ဖွယ်ရှိကြောင်းနှင့် တိုင်းဝန်ကြီးချုပ်အနေဖြင့် လက်ရှိ အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတို့နှင့် တိုင်ပင်၍ စည်း မျဉ်း စည်းကမ်းနှင့်အညီ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ တစ်ပတ်အတွင်း တင်ပြမည်ဖြစ်ပြီး လွှတ်တော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~