မင်းဘူးရွှေစက်တော် စောင်းတန်းသံဇကာတပ်ဆင်လိုက်၍ ဈေးသည်(၁၀၀)ခန့် ဆန္ဒဖော်ထုတ်

မင်းဘူးရွှေစက်တော် စောင်းတန်းသံဇကာတပ်ဆင်လိုက်၍ ဈေးသည်(၁၀၀)ခန့် ဆန္ဒဖော်ထုတ်
ဇနျနဝါရီ 13, 2018
By 🌸
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မင်းဘူးမြို့၌ မန်းရွှေစက်တော် အထက်စက်တော်ရာ စောင်းတန်းအား သံဇကာတပ်ဆင်လိုက်သဖြင့် အဆိုပါနေရာတွင် နှစ်စဉ်ဈေးရောင်းချနေသည့် ဈေးသည် (၁၀၀) ခန့်က ဈေးရောင်းရန်နေရာအတွက် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြကြောင်း သိရသည်။

"အထက်စက်တော်ရာစောင်းတန်းမှာ အောက်ခြေကနေ ကိုးခန်းကြီးအထိ သံဇကာတွေကာလိုက်တဲ့အ တွက် ကျွန်တော်တို့ ဈေးသည်တွေ မူလနေရာပျောက်ကုန်ပါတယ်။ နယ်ပေါင်းစုံက လာကြရတာဖြစ်လို့ အခု ကြုံတွေ့ရတဲ့အခက်အခဲကို ဂေါပကကိုတင်ပြပေမဲ့ ဖြေရှင်းမပေးနိုင်ကြပါဘူး"ဟု မုံရွာမြို့မှလာရောက်သည့် ဈေးသည်တစ်ဦးဖြစ်သူ ဦးအောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဈေးသည်များက သံဇကာတပ်ဆင်လိုက်သည့် စောင်းတန်းနေရာတွင် ဈေးပြန်လည်ရောင်းချခွင့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံလည်း တင်ပြခဲ့ကြကြောင်း သိရသည်။


စောင်းတန်းအား သံဇကာတပ်ဆင်ရခြင်းမှာ ဘုရားဖူးပြည်သူများ အလင်းရောင်ကောင်းမွန်စွာရရှိစေရန်၊ လေကောင်းလေသန့်ရရှိစေရန်သာမက ယခင်နှစ်များက ဘုရားပွဲခင်းမှ ကြည့်ရှုပါက ဈေးဆိုင်များမှ ကာ ရံထားသည့် ထရံများ၊ မိုးကာစများဖြင့် အမြင်တင့်တယ်ခြင်းမရှိ၍ အမြင်တင့်တယ်စေရန်၊ စောင်းတန်းသုံးသွယ်အနက် ဘုရားပွဲခင်းဘက်အခြမ်း စောင်းတန်းအား သံဇကာကာရံ၍ ဈေးသည်များအား အခြားဘက် ခြမ်း စောင်းတန်းတွင် နေရာချထားပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

~~~~~~~~⊰❂ unicode ~~~~~~~~
မင်းဘူးရွှေစက်တော် စောင်းတန်းသံဇကာတပ်ဆင်လိုက်၍ စျေးသည်(၁၀၀)ခန့် ဆန္ဒဖော်ထုတ်
**********
မကွေးတို်င်းဒေသကြီး မင်းဘူး/စကုမြို့နယ် မင်းဘူးမြို့၌ မန််းရွှေစက်တော် အထက်စက်တော်ရာ စောင်းတန်းအား သံဇကာတပ်ဆင်လိုက်သဖြင့် အဆိုပါနေရာတွင် နှစ်စဉ်စျေးရောင်းချနေသည့် စျေးသည် (၁၀၀) ခန့်က စျေးရောင်းရန်နေရာအတွက် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြကြောင်း သိရသည်။

"အထက်စက်တော်ရာစောင်းတန်းမှာ အောက်ခြေကနေ ကိုးခန်းကြီးအထိ သံဇကာတွေကာလိုက်တဲ့အ တွက် ကျွန်တော်တို့ စျေးသည်တွေ မူလနေရာပျောက်ကုန်ပါတယ်။ နယ်ပေါင်းစုံက လာကြရတာဖြစ်လို့ အခု ကြုံတွေ့ရတဲ့အခက်အခဲကို ဂေါပကကိုတင်ပြပေမဲ့ ဖြေရှင်းမပေးနိုင်ကြပါဘူး"ဟု မုံရွာမြို့မှလာရောက်သည့် ဈေးသည်တစ်ဦးဖြစ်သူ ဦးအောင်တင့့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါစျေးသည်များက သံဇကာတပ်ဆင်လိုက်သည့် စောင်းတန်းနေရာတွင် စျေးပြန်လည်ရောင်းချခွင့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံလည်း တင်ပြခဲ့ကြကြောငး် သိရသည်။

" ရွှေစက်တော်ဘုရားဟာ တိုင်းရဲ့ကျက်သရေဆောင် ဖြစ်သလို နိုင်ငံရဲ့ ကျက်သရေဆောင်လည်း ဖြစ်တာကြောင့် အဆင့်မီတိုးတက်အောင် ဂေါပကတွေက စိတ်အားထက်သန်စွာ လုပ်ကြတယ်။ တိုင်းဒေသကြီးရဲ့ ခွင့်ပြုချက်နဲ့ အပြောင်းအလဲပြုလုပ်တဲ့ အရွေ့တစ်ခုမှာ သူတို့က လိုက်ပါပြီး မပြောင်းချင်ကြတော့ ဆန္ဒဖော်ထုတ်ကြတာပေါ့"ဟု ဂေါပက ဥက္ကဌ ဦးသိန်းလှိုင်က ပြောသည်။

စောင်းတန်းအား သံဇကာတပ်ဆင်ရခြင်းမှာ ဘုရားဖူးပြည်သူများ အလင်းရောင်ကောင်းမွန်စွာရရှိစေရန်၊ လေကောင်းလေသန့်ရရှိစေရန်သာမက ယခင်နှစ်များက ဘုရားပွဲခင်းမှ ကြည့်ရှုပါက စျေးဆိုင်များမှ ကာ ရံထားသည့် ထရံများ၊ မိုးကာစများဖြင့် အမြင်တင့်တယ်ခြင်းမရှိ၍ အမြင်တင့်တယ်စေရန်၊ စောင်းတန်းသုံးသွယ်အနက် ဘုရားပွဲခင်းဘက်အခြမ်း စောင်းတန်းအား သံဇကာကာရံ၍ စျေးသည်များအား အခြားဘက် ခြမ်း စောင်းတန်းတွင် နေရာချထားပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~