လွိုင်ကော်တွင် ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ရက်(၂၀)ကျခံရသော လူငယ် ၅ ဦးပြန်လည်လွတ်မြောက်

လွိုင်ကော်တွင် ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ရက်(၂၀)ကျခံရသော လူငယ် ၅ ဦးပြန်လည်လွတ်မြောက်
ဇနျနဝါရီ 24, 2018
By Tachileik News Agency




သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ #UKSY



~~~~~~~~⊰❂ unicode ~~~~~~~~

KNPP တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦးတို့ သေဆုံးခဲ့သည့် ကိစ္စရပ်များနှင့် ပက်သက်၍ ခွင့်ပြုချက် မယူဘဲ ဆန္ဒဖော်ထုတ်ခဲ့၍ ငြိမ်း/စု/စီ ပုဒ်မဖြင့် ထောင်ဒဏ် ရက် (၂၀) ကျခံခဲ့ရသည့် လူငယ်ငါးဦး ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

ပုဒ်မ (၁၉) ဖြင့် တရားစွဲဆိုခံရသောလူငယ်များဖြစ်သည့် ဒီးဒီ ၊ ခွန်ရဲမင်းကျော်၊ ဂျွန်ပေါ ၊ မျိုးလှိုင်ဝင်းနှင့် ခွန်းဘိုဘိုတို့ (၅)ဦး အား ဇန်နဝါရီလအတွင်း ရုံးချိန်းလေးချိန်း ခေါ်ယူစစ်ဆေးပြီးနောက် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံးက ထောင်ဒဏ်ရက် (၂၀) ကျခံရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။

လွိုင်ကော်မြို့နယ် ပါးလောင်းကျေးရွာနှင့် ဒေါတချားကျေးရွာကြား (၇)မိုင်ဂိတ်တွင် တရားမဝင် သစ်သယ်ဆောင်ခြင်းအား စစ်ဆေးမှုနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့က KNPP တပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦးတို့ အသတ်ခံခဲ့ရခြင်းအား အပြင်းအထန်ရှုံ့ချကြောင်းနှင့် တရားမျှတစွာဖြေရှင်းပေးရန် လူငယ်များက ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ #UKSY 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~