ေက်ာက္မဲမွေနအိမ္တစ္လံုးတြင္ ဘိန္းျဖဴ၊စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ အမ်ိဳးသား ၉ ဦးဖမ္းမိ

ေက်ာက္မဲမွေနအိမ္တစ္လံုးတြင္ ဘိန္းျဖဴ၊စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ အမ်ိဳးသား ၉ ဦးဖမ္းမိ
ဇန်နဝါရီ 12, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္ရွိ ေနအိမ္တစ္လံုးကို ဇန္နဝါရီလ (၁၁) ရက္ေန႔က မူးယစ္ေဆးဝါးသတင္းအရ ဝင္ေရာက္ရွာေဖြရာ ဘိန္းျဖဴ၊ စိတ္ၾကြေဆးျပားတို႔ႏွင့္အတူ အမ်ိဳးသား (၉)ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

 ေက်ာက္မဲၿမိဳ႕မ ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေကာင္းျမတ္ေက်ာ္ပါဝင္သည့္ ရဲတပ္ဖြဲ႔ႏွင့္ အသိသက္ေသမ်ား ပါဝင္သည့္အဖြဲ႔ျဖင့္ ေက်ာက္မဲၿမိဳ႕ အမွတ္(၁) ရပ္ကြက္၊ နယ္ေျမ(၉)ရွိ လူေနအိမ္တစ္လံုးအား ဇန္နဝါရီလ(၁၁) ရက္၊ ည (၇) နာရီ (၂၀) မိနစ္ခန္႔တြင္ မူးယစ္ေဆးဝါးသတင္းအရ ဝင္ေရာက္ရွာေဖြရာ ေနအိမ္ပိုင္ရွင္ျဖစ္သူ ေနမ်ိဳးေအာင္ (ခ) အိုက္ေလး ႏွင့္အတူ အမ်ိဳးသား(၈)ဦးတို႔ကိုေတြ႔ရွိရၿပီး ၄င္းတို႔အနီးမွ ဘိန္းျဖဴအေလးခ်ိန္ ( ၆.၀) ဂရမ္ႏွင့္ ဘိန္းျဖဴ အရည္ထည့္ထားသည့္ (၀.၅ စီစီ) ေဆးထိုးအပ္(၂) ေခ်ာင္းႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပား (၈၀) တို႔ႏွင့္ CZI အမ်ိဳးအစား ဆုိင္ကယ္ (၃) စီးကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားအား သံုးစြဲရန္ႏွင့္ ေရာင္းခ်ရန္အလို႔ငွာ လက္ဝယ္ထားရွိသူ မ်ိဳးမင္းေအာင္(ခ) အိုက္ေလး ၊ ေအာင္ဇာနည္စိုး၊ ေဝၿဖိဳး၊ ေနလင္းေအာင္(ခ)စိုင္းလံု၊ ဇြဲေဝသုန္၊ မင္းမင္းထြန္း(ခ)ဗိုလက္သီး၊ ေက်ာ္စိုးႏိုင္၊ စိုင္းမ်ိဳးသန္႔ထူး(ခ) အိုက္ႏြယ္ႏွင့္ သီဟေဆြတို႔အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ဥပေဒအရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ရဲတပ္ဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမှနေအိမ်တစ်လုံးတွင် ဘိန်းဖြူ၊စိတ်ကြွဆေးပြားများနှင့်အတူ အမျိုးသား ၉ ဦးဖမ်းမိ
***************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို ဇန်နဝါရီလ (၁၁) ရက်နေ့က မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ၊ စိတ်ကြွဆေးပြားတို့နှင့်အတူ အမျိုးသား (၉)ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

 ကျောက်မဲမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကောင်းမြတ်ကျော်ပါဝင်သည့် ရဲတပ်ဖွဲ့နှင့် အသိသက်သေများ ပါဝင်သည့်အဖွဲ့ဖြင့် ကျောက်မဲမြို့ အမှတ်(၁) ရပ်ကွက်၊ နယ်မြေ(၉)ရှိ လူနေအိမ်တစ်လုံးအား ဇန်နဝါရီလ(၁၁) ရက်၊ ည (၇) နာရီ (၂၀) မိနစ်ခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင်ဖြစ်သူ နေမျိုးအောင် (ခ) အိုက်လေး နှင့်အတူ အမျိုးသား(၈)ဦးတို့ကိုတွေ့ရှိရပြီး ၄င်းတို့အနီးမှ ဘိန်းဖြူအလေးချိန် ( ၆.၀) ဂရမ်နှင့် ဘိန်းဖြူ အရည်ထည့်ထားသည့် (၀.၅ စီစီ) ဆေးထိုးအပ်(၂) ချောင်းနှင့် စိတ်ကြွရူးသွပ်ဆေးပြား (၈၀) တို့နှင့် CZI အမျိုးအစား ဆိုင်ကယ် (၃) စီးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများအား သုံးစွဲရန်နှင့် ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသူ မျိုးမင်းအောင်(ခ) အိုက်လေး ၊ အောင်ဇာနည်စိုး၊ ဝေဖြိုး၊ နေလင်းအောင်(ခ)စိုင်းလုံ၊ ဇွဲဝေသုန်၊ မင်းမင်းထွန်း(ခ)ဗိုလက်သီး၊ ကျော်စိုးနိုင်၊ စိုင်းမျိုးသန့်ထူး(ခ) အိုက်နွယ်နှင့် သီဟဆွေတို့အား ကျောက်မဲမြို့မရဲစခန်းတွင် ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~