သခ်ဳႋင္းအနီးတြင္ လူငယ္ႏွစ္ဦးထံမွ ဘိန္းျဖဴ ၂၀၀ ဂရမ္ေက်ာ္ႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပား ၅၀၀၀ ေက်ာ္ ဖမ္းဆီးရမိ

သခ်ဳႋင္းအနီးတြင္ လူငယ္ႏွစ္ဦးထံမွ ဘိန္းျဖဴ ၂၀၀ ဂရမ္ေက်ာ္ႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပား ၅၀၀၀ ေက်ာ္ ဖမ္းဆီးရမိ
ဇန်နဝါရီ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕ သခ်ဳႋင္းအနီးတြင္ ေတြ႔ရသည့္အသက္ (၁၉)ႏွစ္အရြယ္ လူငယ္ႏွစ္ဦးအား စစ္ေဆးရာမွာ ဘိန္းျဖဴ (၂၂၁.၅) ဂရမ္ႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပား (၅၆၀၀)အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၂)မူဆယ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ အမွတ္(၄)ရပ္ကြက္တြင္ ဇန္နဝါရီလ (၇)ရက္ေန႔ နံနက္ (၈)နာရီခြဲက သခ်ဳႋင္းကုန္းအနီးတြင္ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ ခ်ီၾကားခ်န္႔အား ရွာေဖြရာ ဘိန္းျဖဴ (၇) ဂရမ္ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၈၀၀) တို႔ကိုသိမ္းဆည္း ရမိခဲ့ၿပီးေနာက္ နံနက္ (၁၀)နာရီတြင္ ကြတ္ခိုင္ၿမိဳ႕၊ အမွတ္(၈)ရပ္ကြက္ ၊ ၿမိဳ႕သစ္ရပ္ရွိ ၎၏ ေနအိမ္ကိုရွာေဖြရာ ဘိန္းျဖဴ အေလးခ်ိန္ (၁၈၀) ဂရမ္ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄,၀၀၀)တို႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

သခ်ဳႋင္းကုန္းအနီးတြင္ နံနက္ (၈)နာရီ (၄၅)မိနစ္ဝန္းက်င္ကေတြ႕ရွိသူ က်ိဳးရွင္ဆုန္းအား ရွာေဖြရာ  ဘိန္းျဖဴ (၈) ဂရမ္ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၈၀၀) တို႔ကိုသိမ္းဆည္းရမိခဲ့ၿပီး နံနက္ (၁၀)နာရီ (၁၅)မိနစ္တြင္ က်ိဳးရွင္ဆုန္း ေနထိုင္သည့္ ကြတ္ခိုင္ၿမိဳ႕၊ အမွတ္(၈)ရပ္ကြက္ ၊ ၿမိဳ႕သစ္ရပ္ရွိ ၎၏ ေနအိမ္ကိုရွာေဖြရာ ဘိန္းျဖဴ ၆ ဒသမ ၅ ဂရမ္ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃,၀၀၀) ျပားတို႔ကို ထပ္မံသိမ္းဆည္း ရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ခ်ီၾကားခ်န္႔ႏွင့္ က်ိဳးရွင္ဆုန္းတို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ သင်္ချိုင်းအနီးတွင် တွေ့ရသည့်အသက် (၁၉)နှစ်အရွယ် လူငယ်နှစ်ဦးအား စစ်ဆေးရာမှာ ဘိန်းဖြူ (၂၂၁.၅) ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၅၆၀၀)အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှတ်(၄)ရပ်ကွက်တွင် ဇန်နဝါရီလ (၇)ရက်နေ့ နံနက် (၈)နာရီခွဲက သင်္ချိုင်းကုန်းအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသည့် ချီကြားချန့်အား ရှာဖွေရာ ဘိန်းဖြူ (၇) ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၈၀၀) တို့ကိုသိမ်းဆည်း ရမိခဲ့ပြီးနောက် နံနက် (၁၀)နာရီတွင် ကွတ်ခိုင်မြို့၊ အမှတ်(၈)ရပ်ကွက်၊ မြို့သစ်ရပ်ရှိ၎င်း၏ နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူ အလေးချိန် (၁၈၀) ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၄,ဝဝဝ)တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

သင်္ချိုင်းကုန်းအနီးတွင် နံနက် (၈)နာရီ (၄၅)မိနစ်ဝန်းကျင်ကတွေ့ရှိသူ ကျိုးရှင်ဆုန်းအား ရှာဖွေရာ ဘိန်းဖြူ (၈) ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၈၀၀) တို့ကိုသိမ်းဆည်းရမိခဲ့ပြီး နံနက် (၁၀)နာရီ (၁၅)မိနစ်တွင် ကျိုးရှင်ဆုန်း နေထိုင်သည့် ကွတ်ခိုင်မြို့၊ အမှတ်(၈)ရပ်ကွက်၊ မြို့သစ်ရပ်ရှိ၎င်း၏ နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူ ၆ ဒသမ ၅ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၃,ဝဝဝ) ပြားတို့ကို ထပ်မံသိမ်းဆည်း ရမိခြင်းဖြစ်ကြောင်း သိရသည်။

ချီကြားချန့်နှင့် ကျိုးရှင်ဆုန်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~