ျမစ္ႀကီးနားၿမိဳ႕ KBZ ဘဏ္ခြဲ(၁)မွ ေငြက်ပ္ သိန္း(၉၂၀)ေက်ာ္ႏွင့္ CCTV အထိုင္စက္ လုယူခံရမႈ တရားခံမမိေသး

ျမစ္ႀကီးနားၿမိဳ႕ KBZ ဘဏ္ခြဲ(၁)မွ ေငြက်ပ္ သိန္း(၉၂၀)ေက်ာ္ႏွင့္ CCTV အထိုင္စက္ လုယူခံရမႈ တရားခံမမိေသး
ဇန်နဝါရီ 24, 2018
By Tachileik News Agency

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ မင္းရပ္ရပ္ကြက္ စည္ပင္သာယာၿမိဳ႕မေဈး(၁) A ႐ုံ၊ အေပၚထပ္ရွိ KBZ ဘဏ္ခြဲ(၁)၌ ဇန္နဝါရီလ (၂၃)ရက္ေန႔က ညေန (၃)နာရီဝန္းက်င္တြင္ လူငယ္ေလးဦးက ေငြက်ပ္ (၉၂၀) သိန္းခန္႔ႏွင့္အတူ CCTV အထိုင္စက္တို႔ကို လုယူသြားေၾကာင္း သိရသည္။

ဘဏ္ဝန္ထမ္း ငါးဦးက ဘဏ္တံခါးမ်ား ပိတ္ၿပီး ေရွ႕မွန္တံခါးတစ္ခ်ပ္ ဖြင့္၍ ဘဏ္အတြင္း စာရင္းပိတ္ လုပ္ငန္း ေဆာင္ရြက္ေနစဥ္ ဆိုင္ကယ္ဦးထုပ္မ်ားေဆာင္းၿပီး Mask တပ္ထားသည့္ အသက္ (၂၅)ႏွစ္ခန္႔ လူငယ္ေလးဦးက ေသနတ္၊ သံတုတ္ႏွင့္ ဓားရွည္မ်ား ကိုင္ေဆာင္၍ ဝင္ေရာက္လာၿပီး လုံျခဳံေရး ဝန္ထမ္းအား ရိုက္ႏွက္ကာ ဘဏ္ဝန္ထမ္းေလးဦးအား ၾကမ္းျပင္တြင္ ေမွာက္ခုိင္းထားၿပီး ဘဏ္ေငြထုတ္/သြင္း ေကာင္တာ အတြင္းရွိ ႂကြပ္ႂကြပ္အိတ္ သံုးအိတ္ျဖင့္ ထည့္ထားေသာ ေငြက်ပ္ (၉၂၀) သိန္းခန္႔ႏွင့္ CCTV အထိုင္စက္အား လုယူသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဘဏ္ဝန္ထမ္းမ်ားထံမွ ဖုန္းေတာင္းရာ ဖုန္းသံုးလုံးသာ ရရွိသျဖင့္ ဘဏ္တြဲဘက္မန္ေနဂ်ာ ေဒၚနန္းေအးေအးသင္းအား ရိုက္ႏွက္ကာ ဘဏ္ေရွ႕တံခါး လက္ကိုင္ကြင္းကို ႀကိဳးျဖင့္ခ်ည္၍ သံဘာဂ်ာတံခါးအား ေသာ့ေပါက္တြင္ ေဘာပင္ျဖင့္ ထိုးပိတ္ကာ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ရိုက္ႏွက္ခံရမႈေၾကာင့္ လုံျခဳံေရးဝန္ထမ္း ျပည့္ၿဖိဳးေအာင္ႏွင့္ အငယ္တန္း လက္ေထာက္မန္ေနဂ်ာ ရဲမြန္တို႔တြင္ ဒဏ္ရာ အနည္းငယ္စီရသြားေၾကာင္း သိရသည္။

အခင္းျဖစ္ရပ္အား ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕ ရဲမွဴးႀကီး ေဇာ္ခင္ေအာင္ဦးစီးအဖြဲ႕က စစ္ေဆးခဲ့ၿပီး ျမစ္ႀကီးနားၿမိဳ႕မ ရဲစခန္းတြင္ (ပ)၁၃/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၉၄/၁၁၄ (လုယက္မႈ/ အားေပးကူညီမႈု)ျဖင့္ အမႈဖြင့္စံုစမ္းစစ္ေဆးေနေၾကာင္း သိရသည္။

 ဓါတ္ပံု - MAF


~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက် စည်ပင်သာယာမြို့မဈေး(၁) A ရုံ၊ အပေါ်ထပ်ရှိ KBZ ဘဏ်ခွဲ(၁)၌ ဇန်နဝါရီလ (၂၃)ရက်နေ့က ညနေ (၃)နာရီဝန်းကျင်တွင် လူငယ်လေးဦးက ငွေကျပ် (၉၂၀) သိန်းခန့်နှင့်အတူ CCTV အထိုင်စက်တို့ကို လုယူသွားကြောင်း သိရသည်။

ဘဏ်ဝန်ထမ်း ငါးဦးက ဘဏ်တံခါးများ ပိတ်ပြီး ရှေ့မှန်တံခါးတစ်ချပ် ဖွင့်၍ ဘဏ်အတွင်း စာရင်းပိတ် လုပ်ငန်း ဆောင်ရွက်နေစဉ် ဆိုင်ကယ်ဦးထုပ်များဆောင်းပြီး Mask တပ်ထားသည့် အသက် (၂၅)နှစ်ခန့် လူငယ်လေးဦးက သေနတ်၊ သံတုတ်နှင့် ဓားရှည်များ ကိုင်ဆောင်၍ ဝင်ရောက်လာပြီး လုံခြုံရေး ဝန်ထမ်းအား ရိုက်နှက်ကာ ဘဏ်ဝန်ထမ်းလေးဦးအား ကြမ်းပြင်တွင် မှောက်ခိုင်းထားပြီး ဘဏ်ငွေထုတ်/သွင်း ကောင်တာ အတွင်းရှိ ကြွပ်ကြွပ်အိတ် သုံးအိတ်ဖြင့် ထည့်ထားသော ငွေကျပ် (၉၂၀) သိန်းခန့်နှင့် CCTV အထိုင်စက်အား လုယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘဏ်ဝန်ထမ်းများထံမှ ဖုန်းတောင်းရာ ဖုန်းသုံးလုံးသာ ရရှိသဖြင့် ဘဏ်တွဲဘက်မန်နေဂျာ ဒေါ်နန်းအေးအေးသင်းအား ရိုက်နှက်ကာ ဘဏ်ရှေ့တံခါး လက်ကိုင်ကွင်းကို ကြိုးဖြင့်ချည်၍ သံဘာဂျာတံခါးအား သော့ပေါက်တွင် ဘောပင်ဖြင့် ထိုးပိတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ရိုက်နှက်ခံရမှုကြောင့် လုံခြုံရေးဝန်ထမ်း ပြည့်ဖြိုးအောင်နှင့် အငယ်တန်း လက်ထောက်မန်နေဂျာ ရဲမွန်တို့တွင် ဒဏ်ရာ အနည်းငယ်စီရသွားကြောင်း သိရသည်။

အခင်းဖြစ်ရပ်အား ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ဇော်ခင်အောင်ဦးစီးအဖွဲ့က စစ်ဆေးခဲ့ပြီး မြစ်ကြီးနားမြို့မ ရဲစခန်းတွင် (ပ)၁၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ (လုယက်မှု/ အားပေးကူညီမှုု)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~