မူဆယ္သို႔ တင္ပို႔မည့္ ေက်ာက္စိမ္းႏွင့္ ပိေတာက္သားမ်ားအား ေရပူစစ္ေဆးေရးစခန္းတြင္ ဖမ္းဆီးရမိ

မူဆယ္သို႔ တင္ပို႔မည့္ ေက်ာက္စိမ္းႏွင့္ ပိေတာက္သားမ်ားအား ေရပူစစ္ေဆးေရးစခန္းတြင္ ဖမ္းဆီးရမိ
ဇန်နဝါရီ 20, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕သို႔ တင္ပို႔မည့္ ေက်ာက္စိမ္းမ်ားႏွင့္ ပိေတာက္သားမ်ား သယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ သံုးစီးႏွင့္ အမ်ိဳးသားသံုးဦးအား သိႏၷီၿမိဳ႕နယ္ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ဇန္နဝါရီလ (၁၉) ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေရပူစစ္ေဆးေရးစခန္းတြင္ ဇန္နဝါရီလ(၁၉) ရက္ေန႔ နံနက္ (၅)နာရီခြဲဝန္းက်င္က လားရိႈးဘက္မွ မူဆယ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယဥ္အားစစ္ေဆးရာ ယာဥ္အတြင္းအံဝွက္ျပဳလုပ္ကာ ထည့္သြင္းသယ္ေဆာင္လာသည့္ ေက်ာက္စိမ္းတံုးအရြယ္စံု (၈၁) တံုး ( ၃၂၈ ကီလိုဂရမ္)အား ေတြ႔ရသျဖင့္ အဆိုပါေမာ္ေတာ္ယာဥ္ႏွင့္အတူ ယာဥ္ေမာင္းအမ်ိဳးသားကိုပါ ထိန္းသိမ္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေန႔ နံနက္ ( ၈) နာရီခြဲဝန္းက်င္တြင္ လားရိႈးဘက္မွ မူဆယ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္၏ ယာဥ္ေနာက္ခန္းတြင္ မီးေသြးအိတ္မ်ားျဖင့္ ဖံုးဖိသယ္ေဆာင္လာသည့္ ပိေတာက္ဓါးေရြတံုး စုစုေပါင္းအေလးခ်ိန္ ( ၀.၁၉၉၀ )တန္အား စစ္ေဆးေတြ႔ရသျဖင့္  ယာဥ္ႏွင့္ ယာဥ္ေမာင္းအမ်ိဳးသားအား ထိန္းသိမ္းထားခဲ့ျခင္းျဖစ္ၿပီး ညေန (၇)နာရီခြဲဝန္းက်င္တြင္ လားရႈိးဘက္မွ မူဆယ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္၏ ယာဥ္ေနာက္ခန္းတြင္ ေစာင္မ်ားျဖင့္ ဖံုးအုပ္သယ္ေဆာင္လာသည့္ ပိေတာက္ဓါးေရြတံုး စုစုေပါင္းအေလးခ်ိန္ (၀.၁၅၃၄)တန္အား ထပ္မံစစ္ေဆးေတြ႔ရသျဖင့္ ယာဥ္ႏွင့္ ယာဥ္ေမာင္းတို႔အား ထိန္းသိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တစ္ရက္တာအတြင္း ဖမ္းဆီးရမိသည့္ ေက်ာက္စိမ္းႏွင့္ ပိေတာက္သားမ်ား သယ္လာသည့္ ယာဥ္ေမာင္းမ်ားအား သက္ဆုိင္ရာဌာနမ်ားက ရဲစခန္းတြင္ အမႈဖြင့္လွစ္ၿပီး စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေရပူစစ္ေဆးေရးစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်သို့ တင်ပို့မည့် ကျောက်စိမ်းနှင့် ပိတောက်သားများအား  ရေပူစစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိ
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့သို့ တင်ပို့မည့် ကျောက်စိမ်းများနှင့် ပိတောက်သားများ သယ်ဆောင်လာသည့် မော်တော်ယာဉ် သုံးစီးနှင့် အမျိုးသားသုံးဦးအား သိန္နီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ဇန်နဝါရီလ (၁၉) ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

ရေပူစစ်ဆေးရေးစခန်းတွင် ဇန်နဝါရီလ(၁၉) ရက်နေ့ နံနက် (၅)နာရီခွဲဝန်းကျင်က လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယဉ်အားစစ်ဆေးရာ ယာဉ်အတွင်းအံဝှက်ပြုလုပ်ကာ ထည့်သွင်းသယ်ဆောင်လာသည့် ကျောက်စိမ်းတုံးအရွယ်စုံ (၈၁) တုံး ( ၃၂၈ ကီလိုဂရမ်)အား တွေ့ရသဖြင့် အဆိုပါမော်တော်ယာဉ်နှင့်အတူ ယာဉ်မောင်းအမျိုးသားကိုပါ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ နံနက် ( ၈) နာရီခွဲဝန်းကျင်တွင် လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်၏ ယာဉ်နောက်ခန်းတွင် မီးသွေးအိတ်များဖြင့် ဖုံးဖိသယ်ဆောင်လာသည့် ပိတောက်ဓါးရွေတုံး စုစုပေါင်းအလေးချိန် ( ၀.၁၉၉၀ )တန်အား စစ်ဆေးတွေ့ရသဖြင့်  ယာဉ်နှင့် ယာဉ်မောင်းအမျိုးသားအား ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး ညနေ (၇)နာရီခွဲဝန်းကျင်တွင် လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်၏ ယာဉ်နောက်ခန်းတွင် စောင်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ပိတောက်ဓါးရွေတုံး စုစုပေါင်းအလေးချိန် (၀.၁၅၃၄)တန်အား ထပ်မံစစ်ဆေးတွေ့ရသဖြင့် ယာဉ်နှင့် ယာဉ်မောင်းတို့အား ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ရက်တာအတွင်း ဖမ်းဆီးရမိသည့် ကျောက်စိမ်းနှင့် ပိတောက်သားများ သယ်လာသည့် ယာဉ်မောင်းများအား သက်ဆိုင်ရာဌာနများက ရဲစခန်းတွင် အမှုဖွင့်လှစ်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရေပူစစ်ဆေးရေးစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~