မိုင္းပန္ၿမိဳ႕နယ္အတြင္း GSM စခန္း (၄) ခု ဖြင့္လွစ္ထားရွိၿပီးျဖစ္၍ ေက်းရြာအုပ္စု(၂)ရွိ ရြာမ်ားတြင္ ထပ္မံတိုးခ်ဲ႕တည္ေဆာက္ေပးရန္ မရိွေသး

မိုင္းပန္ၿမိဳ႕နယ္အတြင္း GSM စခန္း (၄) ခု ဖြင့္လွစ္ထားရွိၿပီးျဖစ္၍ ေက်းရြာအုပ္စု(၂)ရွိ ရြာမ်ားတြင္ ထပ္မံတိုးခ်ဲ႕တည္ေဆာက္ေပးရန္ မရိွေသး
ဇန်နဝါရီ 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) မိုင္ပန္ၿမိဳ႕နယ္အတြင္း နားမြန္ေက်းရြာအုပ္စုရိွ ေနာင္ေလ၊ မိုက္ပုတ္(ပန္ပိ)၊ ဆမ္ကြယ္ေက်းရြာတို႔ႏွင့္ ဝိုးလိုင္းေက်းရြာအုပ္စုရွိ တံုတစ္(၆)မိုင္ရြာ၊ (၉)မိုင္ရြာ ဝမ္ထမ္း(၁၂)မိုင္ရြာ၊ ရြာသာယာ(၁၈) မိုင္ရြာႏွင့္ တာဆန္းရြာတို႔တြင္ တာဝါတိုင္မ်ားႏွင့္ မိုဘိုင္းဆက္သြယ္ေရး စခန္းမ်ား တိုးခ်ဲ႕တည္ေဆာက္ေပးရန္ အစီအစဥ္ မရိွေသးေၾကာင္း သိရသည္။

ဇန္နဝါရီလ (၂၃) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ မိုင္းပန္ မဲဆႏၵနယ္မွ ဦးစိုင္းေက်ာ္မိုးက မိုင္းပန္ၿမိဳ႕နယ္အတြင္း နားမြန္ ေက်း႐ြာအုပ္စုႏွင့္ ဝိုးလိုင္းေက်း႐ြာ အုပ္စုတို႔တြင္ မိုဘိုင္းဖုန္းဆက္သြယ္ေရး ရရွိေစရန္အတြက္ မိုဘိုင္းဖုန္းဆက္သြယ္ေရး တာဝါတိုင္ (သို႔) အျခား တာဝါတိုင္မ်ား တပ္ဆင္ေပးႏိုင္ျခင္း ရွိ၊ မရွိ ေမးျမန္းခဲ့ျခင္းအား ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဒု-ဝန္ႀကီး ဦးေက်ာ္မ်ိဳးက ယင္းကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ မိုင္းပန္ၿမိဳ႕ေပၚတြင္ CDMA-450 MHz စခန္းတစ္ခုႏွင့္ GSM စခန္း (၁) ခု၊ ေနာင္ပါးမြန္ေက်းရြာ၊ ဟိုမိန္းေက်း ရြာႏွင့္ ေဆြေဟြေက်းရြာတို႔တြင္ GSM စခန္း (၁) ခုစီျဖင့္၊ စုစုေပါင္းGSM စခန္း (၄) ခုတို႔ကို ဖြင့္လွစ္ထားရွိၿပီး Universal Service Fund ကို တည္ေထာင္သည့္အခ်ိန္တြင္ တစ္ႏိုင္ငံလံုး အတိုင္းအတာျဖင့္ လိုအပ္သည့္ေဒသမ်ားကို ဦးစားေပးအဆင့္လိုက္ ညိႇႏႈိင္းေဆာင္ရြက္ ေပးသြားမည္ ျဖစ္ပါေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။

ဆက္သြယ္ေရး ေအာ္ပေရတာမ်ားအေနျဖင့္ လိုင္စင္သက္တမ္း(၅)ႏွစ္တာ ကာလအတြင္း နယ္ေျမဧရိယာကို အေျခခံ၍ ျမန္မာႏိုင္ငံဧရိယာ၏ ၈၀ ရာခိုင္ႏႈန္းေက်ာ္အထိ ကြန္ရက္ျဖန္႔က်က္ရန္ ကတိကဝတ္ထားရွိခဲ့ရာမွ ယခု(၄)ႏွစ္ေျမာက္ လိုင္စင္သက္တမ္းတြင္ လူဦးေရလႊမ္းျခံဳမႈကိုအေျခခံ၍ ျမန္မာႏိုင္ငံလူဦးေရ၏ ၉၀ ရာခိုင္ႏႈန္း ေက်ာ္အထိကြန္ရက္ျဖန္႔က်က္ေဆာင္ ရြက္သြားရန္ ေျပာင္းလဲခဲ့ကာာ လိုင္စင္ သက္တမ္း (၆) ႏွစ္ေျမာက္တြင္ ျမန္မာႏိုင္ငံအတြင္းရွိ အေျခခံ ဆက္သြယ္ေရး ဖြံ႔ျဖိဳးမႈ ေနာက္က်ေနသည့္ နယ္ေျမေဒသမ်ားတြင္ ဆက္ သြယ္ေရးဝန္ေဆာင္မႈမ်ား တိုးခ်ဲ႕ခဲ့သည္ဟု ေျဖၾကားခဲ့ျခင္းျဖစ္သည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်ပန်မြို့နယ်အတွင်း နားမွန်ကျေးရွာအုပ်စုရှိ နောင်လေ၊ မိုက်ပုတ်(ပန်ပိ)၊ ဆမ်ကွယ်ကျေးရွာတို့နှင့် ဝိုးလိုင်းကျေးရွာအုပ်စုရှိ တုံတစ်(၆)မိုင်ရွာ၊ (၉)မိုင်ရွာ ဝမ်ထမ်း(၁၂)မိုင်ရွာ၊ ရွာသာယာ(၁၈) မိုင်ရွာနှင့် တာဆန်းရွာတို့တွင် တာဝါတိုင်များနှင့် မိုဘိုင်းဆက်သွယ်ရေး စခန်းများ တိုးချဲ့တည်ဆောက်ပေးရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။

ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးက မိုင်းပန်မြို့နယ်အတွင်း နားမွန် ကျေးရွာအုပ်စုနှင့် ဝိုးလိုင်းကျေးရွာ အုပ်စုတို့တွင် မိုဘိုင်းဖုန်းဆက်သွယ်ရေး ရရှိစေရန်အတွက် မိုဘိုင်းဖုန်းဆက်သွယ်ရေး တာဝါတိုင် (သို့) အခြား တာဝါတိုင်များ တပ်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒု-ဝန်ကြီး ဦးကျော်မျိုးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်မြို့ပေါ်တွင် CDMA-450 MHz စခန်းတစ်ခုနှင့် GSM စခန်း (၁) ခု၊ နောင်ပါးမွန်ကျေးရွာ၊ ဟိုမိန်းကျေး ရွာနှင့် ဆွေဟွေကျေးရွာတို့တွင် GSM စခန်း (၁) ခုစီဖြင့်၊ စုစုပေါင်းGSM စခန်း (၄) ခုတို့ကို ဖွင့်လှစ်ထားရှိပြီး Universal Service Fund ကို တည်ထောင်သည့်အချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်သည့်ဒေသများကို ဦးစားပေးအဆင့်လိုက် ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် လိုင်စင်သက်တမ်း(၅)နှစ်တာ ကာလအတွင်း နယ်မြေဧရိယာကို အခြေခံ၍ မြန်မာနိုင်ငံဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော်အထိ ကွန်ရက်ဖြန့်ကျက်ရန် ကတိကဝတ်ထားရှိခဲ့ရာမှ ယခု(၄)နှစ်မြောက် လိုင်စင်သက်တမ်းတွင် လူဦးရေလွှမ်းခြုံမှုကိုအခြေခံ၍ မြန်မာနိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်း ကျော်အထိကွန်ရက်ဖြန့်ကျက်ဆောင် ရွက်သွားရန် ပြောင်းလဲခဲ့ကာာ လိုင်စင် သက်တမ်း (၆) နှစ်မြောက်တွင် မြန်မာနိုင်ငံအတွင်းရှိ အခြေခံ ဆက်သွယ်ရေး ဖွံ့ဖြိုးမှု နောက်ကျနေသည့် နယ်မြေဒေသများတွင် ဆက် သွယ်ရေးဝန်ဆောင်မှုများ တိုးချဲ့ခဲ့သည်ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ပြည်သူ့လွှတ်တော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~