လားရိႈးၿမိဳ႕တြင္ ပုဂၢလိကအာမခံလုပ္ငန္း First National Insurance ၏ အာမခံမ်ား မိတ္ဆက္

လားရိႈးၿမိဳ႕တြင္ ပုဂၢလိကအာမခံလုပ္ငန္း First National Insurance ၏ အာမခံမ်ား မိတ္ဆက္
ဇန်နဝါရီ 11, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ပုဂၢလိက အာမခံလုပ္ငန္းတစ္ခုျဖစ္သည့္ First National Insurance ကုမၸဏီက ၎တို႔၏ အာမခံလုပ္ငန္းမ်ားအား ပုဂၢလိကဘဏ္တစ္ခုျဖစ္သည့္ AGD ႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ေပးေနမႈမ်ားအား မိတ္ဆက္အခမ္းအနားက်င္းပသည္။

အဆိုပါ ပုဂၢလိကအာမခံကုမၸဏီ၏ မိတ္ဆက္အခမ္းအနားအား ဇန္နဝါရီလ (၉)ရက္ေန႔က က်င္းပရာ ရွမ္းျပည္နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဌာနမွ တြဲဘက္ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးအပါအဝင္ လားရိႈးၿမိဳ႕ရိွ  ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

ႏုိင္ငံပိုင္ အာမခံအဖြဲ႕အစည္းျဖစ္သည့္ ျမန္မာ့အာမခံလုပ္ငန္းကို ၁၉၅၂ ခုနွစ္ကတည္းက တစ္ခုတည္းေသာ အာမခံအဖြဲ႕အစည္းအျဖစ္ လုပ္ကိုင္လာရာမွ ၂၀၁၂ ခုႏွစ္ စက္တင္ဘာလ (၅)ရက္ေန႔မွစ၍ ပုဂၢလိကကုမၸဏီ အာမခံလုပ္ငန္းမ်ားကိုလည္း လုပ္ကို္င္ခြင့္ျပဳခဲ့ရာမွ စတင္ေဆာင္ရြက္လာသည့္ ပုဂၢလိက အာမခံလုပ္ငန္းမ်ားတြင္  First National Insurance ကုမၸဏီလည္း တစ္ခုအပါအဝင္ျဖစ္ေၾကာင္း သိရသည္။

First National Insurance တြင္ လားရိႈးၿမိဳ႕တြင္ အလံုးစံု ေမာ္ေတာ္ယာဥ္အာမခံ၊ ေငြပို႔ေငြသယ္အာမခံ၊ ေငြသားလံုၿခံဳမႈအာမခံ၊ ေရေၾကာင္းကုန္ပစၥည္းအာမခံ၊ ျပည္သူျပည္သား အာမခံ၊ မီးအာမခံ၊ စုေပါင္းအသက္အာမခံ၊ အားကစားသမားကိုယ္အဂၤါထိခုိက္မႈအာမခံ၊ ေျမြအႏၱရာယ္အာမခံ၊ အထူးခရီးသြားအာမခံ ႏွင့္ က်န္းမာေရး အာမခံ လုပ္ငန္းမ်ားအပါအဝင္ အာမခံ အမ်ိဳးအစား (၁၇)မ်ိဳးတို႔ ဝယ္ယူႏုိင္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့တွင် ပုဂ္ဂလိကအာမခံလုပ်ငန်း First National Insurance ၏ အာမခံများ မိတ်ဆက်
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပုဂ္ဂလိက အာမခံလုပ်ငန်းတစ်ခုဖြစ်သည့် First National Insurance ကုမ္ပဏီက ၎င်းတို့၏ အာမခံလုပ်ငန်းများအား ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် AGD နှင့် ချိတ်ဆက်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးနေမှုများအား မိတ်ဆက်အခမ်းအနားကျင်းပသည်။
အဆိုပါ ပုဂ္ဂလိကအာမခံကုမ္ပဏီ၏ မိတ်ဆက်အခမ်းအနားအား ဇန်နဝါရီလ (၉)ရက်နေ့က ကျင်းပရာ ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဌာနမှ တွဲဘက်ပြည်နယ်အုပ်ချုပ်ရေးမှူးအပါအဝင် လားရှိုးမြို့ရှိ  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
နိုင်ငံပိုင် အာမခံအဖွဲ့အစည်းဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်းကို ၁၉၅၂ ခုနှစ်ကတည်းက တစ်ခုတည်းသော အာမခံအဖွဲ့အစည်းအဖြစ် လုပ်ကိုင်လာရာမှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့မှစ၍ ပုဂ္ဂလိကကုမ္ပဏီ အာမခံလုပ်ငန်းများကိုလည်း လုပ်ကို်င်ခွင့်ပြုခဲ့ရာမှ စတင်ဆောင်ရွက်လာသည့် ပုဂ္ဂလိက အာမခံလုပ်ငန်းများတွင်  First National Insurance ကုမ္ပဏီလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
First National Insurance တွင် လားရှိုးမြို့တွင် အလုံးစုံ မော်တော်ယာဉ်အာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံမှုအာမခံ၊ ရေကြောင်းကုန်ပစ္စည်းအာမခံ၊ ပြည်သူပြည်သား အာမခံ၊ မီးအာမခံ၊ စုပေါင်းအသက်အာမခံ၊ အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ မြွေအန္တရာယ်အာမခံ၊ အထူးခရီးသွားအာမခံ နှင့် ကျန်းမာရေး အာမခံ လုပ်ငန်းများအပါအဝင် အာမခံ အမျိုးအစား (၁၇)မျိုးတို့ ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~