Update News

မိုင်းဆတ်မြို့မဈေးတွင် FDA တားမြစ်ပိတ်ပင်ထားသည့် စားသောက်ကုန်ပစ္စည်းအမျိုး ၄၀ စစ်ဆေး



"FDAကနေပြီးတော့ စားသုံးရန် မသင့်ကြောင်း ထုတ်ပြန်ထားတဲ့ စားသောက်ကုန် အမျိုး(၄၀)ကို မိုင်းဆတ်မြို့မဈေးထဲမှာ ရှိမရှိကို ကျွန်တော်တို့ ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနနဲ့ မိုင်းဆတ်မှာရှိတဲ့ ခရိုင်နဲ့ မြို့နယ်က သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေပါဝင်တဲ့ပူးပေါင်းအဖွဲ့နဲ့ ကွင်းဆင်း စစ်ဆေးလိုက်တော့ တွေ့ရှိခဲ့တဲ့ သက်တမ်းလွန် စားသောက်ကုန်တို့၊ FDAက တားမြစ်ထားတဲ့အထဲမှာပါတဲ့ ငရုပ်သီးမှုန့်တို့ကို သိမ်းဆည်းပြီးတော့ အများရှေ့မှာပဲ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နောက်ပြီးတော့ ဈေးသည်တွေကိုလည်း အသိပညာပေးတာတွေ လုပ်ခဲ့ပါတယ်"ဟု ကျိုင်းတုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဆတ်မြို့မဈေးအတွင်း ရောင်းချနေသော သက်တမ်းလွန်နေသည့် မုန့်များ၊ လက်ဖက်ထုပ်များ၊ FDAမှ တရားဝင်တားမြစ်ထားသည့် ငရုပ်သီးမှုန့်နှင့် တရုတ်နိုင်ငံထုတ် ခေါင်းကိုက်ပျောက်ဆေးတို့ကို စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"FDAကနေပြီးတော့ ကျွန်တော်တို့ ဝန်ကြီးဌာနကို ကန့်သတ်ထားတဲ့ စားသောက်ကုန် အမျိုး(၄၀)ကို ဈေးကွက်ထဲမှာ ရောင်းချခြင်းမရှိအောင် ကွင်းဆင်းစစ်ဆေးပေးဖို့ စာပို့ထားတဲ့အတွက် ရှမ်း(အရှေ့)မှာ ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနက ဝန်ထမ်းအင်အားနည်းတဲ့အတွက် အခုလို မိုင်းဆတ်ထိလာပြီး ဒေသအာဏာပိုင်အဖွဲ့တွေနဲ့ ပူးပေါင်းကွင်းဆင်းစစ်ဆေးတာတွေ၊ ပညာပေးတာတွေကို ဆောင်ရွက်တာ ဖြစ်ပါတယ်"ဟု ကျိုင်းတုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။


သတင်း #ဇွဲမြတ်









~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ မြို့မဈေးအတွင်းမှ သက်တမ်းလွန် စားသောက်ကုန် ပစ္စည်းများနှင့် FDA မှ တရားဝင် တားမြစ်ပိတ်ပင်ထားသော စားသောက်ကုန်ပစ္စည်းအမျိုးအမည် (၄၀)ကို ဇန်နဝါရီလ(၉)ရက်က စစ်ဆေးကြောင်း သိရသည်။

ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် မိုင်းဆက်ခရိုင်/မြို့နယ်တို့မှ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"FDAကနပြေီးတော့ စားသုံးရန် မသင့်ကြောင်း ထုတ်ပြန်ထားတဲ့ စားသောက်ကုန် အမျိုး(၄၀)ကို မိုင်းဆတ်မြို့မဈေးထဲမှာ ရှိမရှိကို ကျွန်တော်တို့ ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနနဲ့ မိုင်းဆတ်မှာရှိတဲ့ ခရို်င်နဲ့ မြို့နယ်က သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေပါဝင်တဲ့ပူးပေါင်းအဖွဲ့နဲ့ ကွင်းဆင်း စစ်ဆေးလိုက်တော့ တွေ့ရှိခဲ့တဲ့ သက်တမ်းလွန် စားသောက်ကုန်တို့၊ FDAက တားမြစ်ထားတဲ့အထဲမှာပါတဲ့ ငရုပ်သီးမှုန့်တို့ကို သိမ်းဆည်းပြီးတော့ အများရှေ့မှာပဲ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နောက်ပြီးတော့ ဈေးသည်တွေကိုလည်း အသိပညာပေးတာတွေ လုပ်ခဲ့ပါတယ်"ဟု ကျိုင်းတုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းစိုးက တာချိီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဆတ်မြို့မဈေးအတွင်း ရောင်းချနေသော သက်တမ်းလွန်နေသည့် မုန့်များ၊ လက်ဖက်ထုပ်များ၊ FDAမှ တရားဝင်တားမြစ်ထားသည့် ငရုပ်သိီးမှုန့်နှင့် တရုတ်နိုင်ငံထုတ် ခေါင်းကိုက်ပျောက်ဆေးတို့ကို စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"FDAကနပြေီးတော့ ကျွန်တော်တို့ ဝန်ကြီးဌာနကို ကန့်သတ်ထားတဲ့ စားသောက်ကုန် အမျိုး(၄၀)ကို ဈေးကွက်ထဲမှာ ရောင်းချခြင်းမရှိအောင် ကွင်းဆင်းစစ်ဆေးပေးဖို့ စာပို့ထားတဲ့အတွက် ရှမ်း(အရှေ့)မှာ ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနက ဝန်ထမ်းအင်အားနည်းတဲ့အတွက် အခုလို မိုင်းဆတ်ထိလာပြီး ဒေသအာဏာပိုင်အဖွဲ့တွေနဲ့ ပူးပေါင်းကွင်းဆင်းစစ်ဆေးတာတွေ၊ ပညာပေးတာတွေကို ဆောင်ရွက်တာ ဖြစ်ပါတယ်"ဟု ကျိုင်းတုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။

ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနက မိုင်းဆတ်ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းများနှင့် တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓာတ်ပုံ #စားသုံးသူရေးရာ


 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::