ကျိုင်းတုံတွင် အသက် ၆၉ နှစ်အရွယ်အမျိုးသားတစ်ဦး အသားကင်စားရန် ပြင်ဆင်ရင်း မီးလောင်သေဆုံး

ကျိုင်းတုံတွင် အသက် ၆၉ နှစ်အရွယ်အမျိုးသားတစ်ဦး အသားကင်စားရန် ပြင်ဆင်ရင်း မီးလောင်သေဆုံး
ဇနျနဝါရီ 24, 2018
By Tachileik News Agency


ဦးအိုက်လုံသည် နေအိမ်တွင် အသားကင်စားရန် မီးဖိုခန်းအပြင်ဘက်ရှိ မီးမွေးထားသည့် မီးသွေးမီးဖိုအား မပြီး အိမ်ရှေ့ခန်းသို့ သယ်လာစဉ် ကြွေပြားခင်းထားသည့် မီးဖိုခန်းအရောက်တွင် ချော်လဲပြီး မီးသွေးမီးဖိုမှ မီးလောင်ကျွမ်းနေသည့် မီးခဲများ ခန္ဓာကိုယ်ပေါ်သို့ ကျရာမှ ပြန်မထနိုင်ဘဲ ၎င်းဝတ်ထားသော အဝတ်အစားများမှ တစ်ဆင့် ခန္ဓာကိုယ်အား မီးကူးစက်လောင်ကျွမ်းသွားသဖြင့် အသက်(၇၂)နှစ်ရှိ ဇနီးဖြစ်သူက အနီးဝန်းကျင်များအား အော်ဟစ်အကူအညီတောင်ခံရာ အိမ်နီးချင်းများက လာရောက်၍ ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့သော်လည်း မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ဇွဲမြတ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရပ်ကွက်(၃)၊ နောင်ခမ်းတိုက်ရှိ နေအိမ်တစ်အိမ်တွင် ဇန်နဝါရီလ (၂၃)ရက် နေ့ ည (၇)နာရီဝန်းကျင်က အသက်(၆၉)နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်ခန်းတွင် မီးလောင်ကျွမ်း သေဆုံးသွားကြောင်း သိရသည်။

ဦးအိုက်လုံသည် နေအိမ်တွင် အသားကင်စားရန် မီးဖိုခန်းအပြင်ဘက်ရှိ မီးမွေးထားသည့် မီးသွေးမီးဖိုအား မပြီး အိမ်ရှေ့ခန်းသို့ သယ်လာစဉ် ကြွပြေားခင်းထားသည့် မီးဖိုခန်းအရောက်တွင် ချော်လဲပြီး မီးသွေးမီးဖိုမှ မီးလောင်ကျွမ်းနေသည့် မီးခဲများ ခန္ဓာကိုယ်ပေါ်သို့ ကျရာမှ ပြန်မထနိုင်ဘဲ၎င်းဝတ်ထားသော အဝတ်အစားများမှ တစ်ဆင့် ခန္ဓာကိုယ်အား မီးကူးစက်လောင်ကျွမ်းသွားသဖြင့် အသက်(၇၂)နှစ်ရှိ ဇနီးဖြစ်သူက အနီးဝန်းကျင်များအား အော်ဟစ်အကူအညီတောင်ခံရာ အိမ်နီးချင်းများက လာရောက်၍ ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့သော်လည်း မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဥပဒေအရ မီးအား ပေါ့ဆစွာ အသုံးပြုသဖြင့် မိမိကိုယ်ကို မီးလောင်ကျွမ်း၍ သေဆုံးစေသူ ဦးအိုက်လုံအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၂၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က ဖြင့်အမှုဖွင့် ထားကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~