ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ပထမဆံုး ဖမ္းဆီးရမိသည့္ အတုဟုယူဆရသည့္ ၾကက္ဥႏွင့္ ေရစိမ္ေခါက္ဆြဲအား မ်က္ျမင္စစ္ေဆးထားၿပီး FDA ဓါတ္ခြဲခန္းဆက္လက္စစ္ေဆးေန

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ပထမဆံုး ဖမ္းဆီးရမိသည့္ အတုဟုယူဆရသည့္ ၾကက္ဥႏွင့္ ေရစိမ္ေခါက္ဆြဲအား မ်က္ျမင္စစ္ေဆးထားၿပီး FDA ဓါတ္ခြဲခန္းဆက္လက္စစ္ေဆးေန
ဇန်နဝါရီ 7, 2018
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သိႏၷီၿမိဳ႕နယ္ရွိ ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္တြင္ ပထမဆံုးဖမ္းဆီးရမိသည့္ အတုဟုယူဆရသည့္ ၾကက္ဥႏွင့္ ေရစိမ္ေခါက္ဆြဲတုိ႔အား သက္ဆုိင္ရာဌာနမ်ားက ဇန္နဝါရီလ (၆)ရက္ေန႔တြင္ မ်က္ျမင္စစ္ေဆးထားၿပီး FDA ဓါတ္ခြဲခန္းတြင္ ထပ္မံစစ္ေဆးရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ေမြးျမဴေရးနဲ႔ကုသေရးဦးစီးဌာနကို ဒီေန႔ မ်က္ျမင္စစ္ေဆးခိုင္းတယ္။ ၾကက္ဥက အခြံကစိမ္းေနတယ္။ အရြယ္အစားကေတာ့ ၾကက္ဥဆိုဒ္ပဲ။ ခြဲၾကည့္ေတာ့ အနံ႕ေတြဘာေတြက ၾကက္ဥနံ႔မထြက္ဘူး။ ေၾကာ္ၾကည့္ လိုက္ေတာ့ အကာက ပ်စ္ခၽြဲခၽြဲနဲ႔ ဂ်ယ္လီလိုျဖစ္ေနတယ္။ ေနာက္ ၾကက္ဥအခြံကလည္း လံုးဝေျပာင္ေခ်ာ ေနတယ္။ သဘာဝၾကက္ဥေတြမွာ အဖုအထစ္ေလးေတြရိွတယ္။ အခြံကလည္း သိသိသာသာကို စိမ္းေနတယ္။ ဒီေတာ့ ဒါဟာအတုလို႔ပဲ ကၽြန္ေတာ္တို႔ ယူဆတယ္။ ေနာက္ ဆန္ေခါက္ဆြဲကို မီးရိႈ႕ၾကည့္ေတာ့ မီးေလာင္တယ္။ ေကာ္နံ႕ေတြထြက္တယ္။ ဒီေတာ့ မ်က္ျမင္အရေတာ့ အတုလို႔ သံသယရိွတယ္။ ဒါကို ဓါတ္ခြဲစစ္ေဆးဖို႔က FDA မွာပဲ ဓါတ္ခြဲခန္းရိွတာေၾကာင့္ ခ်ိတ္ထားတယ္။ FDA က မိုဘိုင္းဓါတ္ခြဲခန္းနဲ႔ လာေရာက္စစ္ေဆးေပးမယ္။ ဓါတ္ခြဲစစ္ေဆးခ်က္ထြက္မွ အတိအက်ေျပာလို႔ရမွာေပါ့။ ေလာေလာဆယ္ကေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ အတုလို႔ သံသယရိွတယ္ဆိုတာေလာက္ပဲ ေျပာႏုိင္မွာပါ”ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း စားသံုးသူေရးရာဦးစီး ဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ၾကက္ဥအလံုး (၄၈၀)ႏွင့္ ေရစိမ္ေခါက္ဆြဲ တစ္ပိႆေက်ာ္အား ဂ်ပ္ဖာျဖင့္ မူဆယ္မွ ရန္ကုန္သို႔ ပို႔ေဆာင္ျခင္းျဖစ္ၿပီး မူဆယ္ၿမိဳ႕မွ ပစၥည္းတင္ပို႔သူ၏ လိပ္စာကိုမသိရဘဲ ရန္ကုန္ၿမိဳ႕မွ ပစၥည္းလက္ခံမည့္သူဟု ေဖၚျပထားသည့္ ဖုန္းနံပါတ္မွာလည္း ဆက္သြယ္၍မရေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ စားသံုးသူေရးရာဦးစီးဌာန မူဆယ္ရံုးခြဲကေန ကားဂိတ္ကေန ပစၥည္းပို႔တဲ့ဘက္ကိုလည္း ဆက္သြယ္ႏုိင္ဖို႔ ကားဂိတ္မွာ သြားစံုစမ္းတယ္။ သူတို႔ဆီမွာလည္း က်ပ္တစ္ေသာင္းခြဲနဲ႔ ပါဆယ္လက္ခံပို႔ေပးတဲ့ ေဘာင္ခ်ာပဲရိွတယ္။ ပို႔တဲ့သူအမည္ ဖုန္းနံပါတ္ေတြ မရိွဘူး။ ဆုိင္ကယ္တကၠစီက လာပို႔သြားတယ္ပဲ သိရတယ္။ သူတို႔ လက္ခံေဘာင္ခ်ာလည္း ျပပါတယ္။ ဂ်ပ္ပံုးေပၚမွာက ၾကက္ဥလို႔ပဲ ေရးထားတာပဲ”ဟု ရွမ္းျပည္နယ္ ေျမာက္ပိုင္း စားသံုးသူေရးရာဦးစီး ဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက ေျပာသည္။

မူဆယ္ - ရန္ကုန္ေျပးဆြဲသည့္ ခရီးသည္တင္ယာဥ္အား ဇန္နဝါရီလ (၆) ရက္ ည (၉)နာရီ ဝန္းက်င္ခန္႔က ေရပူစစ္ေဆးေရးဂိတ္၌ စစ္ေဆးရာမွ အတုဟုယူဆရသည့္ အဆိုပါစားေသာက္ကုန္မ်ားအား ေတြ႔ရသျဖင့္ စားသံုးသူေရးရာဦးစီးဌာန၊ တိရိစၦာန္ေမြးျမဴေရးနွင့္ ကုသေရးဦးစီးဌာန၊ သစ္ေတာဦးစီးဌာနတို႔က ဓါတ္ခြဲစစ္ေဆးမႈမ်ား လုပ္ေဆာင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

ယခုဖမ္းဆီးရမိသည့္ အတုဟုယူဆရသည့္ အဆိုပါစားေသာက္ကုန္မ်ားကို ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ပထမဆံုး ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #စားသံုးသူေရးရာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပထမဆုံး ဖမ်းဆီးရမိသည့် အတုဟုယူဆရသည့် ကြက်ဥနှင့် ရေစိမ်ခေါက်ဆွဲအား မျက်မြင်စစ်ဆေးထားပြီး FDA ဓါတ်ခွဲခန်းဆက်လက်စစ်ဆေးနေ
******
ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန္နီမြို့နယ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်တွင် ပထမဆုံးဖမ်းဆီးရမိသည့် အတုဟုယူဆရသည့် ကြက်ဥနှင့် ရေစိမ်ခေါက်ဆွဲတို့အား သက်ဆိုင်ရာဌာနများက ဇန်နဝါရီလ (၆)ရက်နေ့တွင် မျက်မြင်စစ်ဆေးထားပြီး FDA ဓါတ်ခွဲခန်းတွင် ထပ်မံစစ်ဆေးရန် လုပ်ဆောင်နေကြောင်း သိရသည်။

“မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနကို ဒီနေ့ မျက်မြင်စစ်ဆေးခိုင်းတယ်။ ကြက်ဥက အခွံကစိမ်းနေတယ်။ အရွယ်အစားကတော့ ကြက်ဥဆိုဒ်ပဲ။ ခွဲကြည့်တော့ အနံ့တွေဘာတွေက ကြက်ဥနံ့မထွက်ဘူး။ ကြော်ကြည့် လိုက်တော့ အကာက ပျစ်ချွဲချွဲနဲ့ ဂျယ်လီလိုဖြစ်နေတယ်။ နောက် ကြက်ဥအခွံကလည်း လုံးဝပြောင်ချော နေတယ်။ သဘာဝကြက်ဥတွေမှာ အဖုအထစ်လေးတွေရှိတယ်။ အခွံကလည်း သိသိသာသာကို စိမ်းနေတယ်။ ဒီတော့ ဒါဟာအတုလို့ပဲ ကျွန်တော်တို့ ယူဆတယ်။ နောက် ဆန်ခေါက်ဆွဲကို မီးရှို့ကြည့်တော့ မီးလောင်တယ်။ ကော်နံ့တွေထွက်တယ်။ ဒီတော့ မျက်မြင်အရတော့ အတုလို့ သံသယရှိတယ်။ ဒါကို ဓါတ်ခွဲစစ်ဆေးဖို့က FDA မှာပဲ ဓါတ်ခွဲခန်းရှိတာကြောင့် ချိတ်ထားတယ်။ FDA က မိုဘိုင်းဓါတ်ခွဲခန်းနဲ့ လာရောက်စစ်ဆေးပေးမယ်။ ဓါတ်ခွဲစစ်ဆေးချက်ထွက်မှ အတိအကျပြောလို့ရမှာပေါ့။ လောလောဆယ်ကတော့ ကျွန်တော်တို့အနေနဲ့ အတုလို့ သံသယရှိတယ်ဆိုတာလောက်ပဲ ပြောနိုင်မှာပါ”ဟု ရှမ်းပြည်နယ်မြောက်ပိုင်း စားသုံးသူရေးရာဦးစီး ဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကြက်ဥအလုံး (၄၈၀)နှင့် ရေစိမ်ခေါက်ဆွဲ တစ်ပိဿကျော်အား ဂျပ်ဖာဖြင့် မူဆယ်မှ ရန်ကုန်သို့ ပို့ဆောင်ခြင်းဖြစ်ပြီး မူဆယ်မြို့မှ ပစ္စည်းတင်ပို့သူ၏ လိပ်စာကိုမသိရဘဲ ရန်ကုန်မြို့မှ ပစ္စည်းလက်ခံမည့်သူဟု ဖေါ်ပြထားသည့် ဖုန်းနံပါတ်မှာလည်း ဆက်သွယ်၍မရကြောင်း သိရသည်။

“ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာန မူဆယ်ရုံးခွဲကနေ ကားဂိတ်ကနေ ပစ္စည်းပို့တဲ့ဘက်ကိုလည်း ဆက်သွယ်နိုင်ဖို့ ကားဂိတ်မှာ သွားစုံစမ်းတယ်။ သူတို့ဆီမှာလည်း ကျပ်တစ်သောင်းခွဲနဲ့ ပါဆယ်လက်ခံပို့ပေးတဲ့ ဘောင်ချာပဲရှိတယ်။ ပို့တဲ့သူအမည် ဖုန်းနံပါတ်တွေ မရှိဘူး။ ဆိုင်ကယ်တက္ကစီက လာပို့သွားတယ်ပဲ သိရတယ်။ သူတို့ လက်ခံဘောင်ချာလည်း ပြပါတယ်။ ဂျပ်ပုံးပေါ်မှာက ကြက်ဥလို့ပဲ ရေးထားတာပဲ”ဟု ရှမ်းပြည်နယ် မြောက်ပိုင်း စားသုံးသူရေးရာဦးစီး ဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောသည်။

မူဆယ် - ရန်ကုန်ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်အား ဇန်နဝါရီလ (၆) ရက် ည (၉)နာရီ ဝန်းကျင်ခန့်က ရေပူစစ်ဆေးရေးဂိတ်၌ စစ်ဆေးရာမှ အတုဟုယူဆရသည့် အဆိုပါစားသောက်ကုန်များအား တွေ့ရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့က ဓါတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ယခုဖမ်းဆီးရမိသည့် အတုဟုယူဆရသည့် အဆိုပါစားသောက်ကုန်များကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပထမဆုံး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #စားသုံးသူရေးရာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~