မူဆယ္မွ ရန္ကုန္သို႔ တင္ပို႔သည့္ ၾကက္ဥႏွင့္ ေရစိမ္ေခါက္ဆြဲမ်ားမွာ အတုဟုယူဆရသျဖင့္ ဓါတ္ခြဲစစ္ေဆးရန္ လုပ္ေဆာင္ေန

မူဆယ္မွ ရန္ကုန္သို႔ တင္ပို႔သည့္ ၾကက္ဥႏွင့္ ေရစိမ္ေခါက္ဆြဲမ်ားမွာ အတုဟုယူဆရသျဖင့္ ဓါတ္ခြဲစစ္ေဆးရန္ လုပ္ေဆာင္ေန
ဇန်နဝါရီ 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သိႏၷီၿမိဳ႕နယ္ရွိ ေရပူအၿမဲတမ္း စစ္ေဆးေရးဂိတ္တြင္ ဇန္နဝါရီလ (၆) ရက္ေန႔ ညပိုင္းက ခရီးသည္တင္ကားတစ္စီးတြင္ မူဆယ္မွ တင္ေဆာင္လာသည့္ ၾကက္ဥႏွင့္ ေရစိမ္ေခါက္ဆြဲမ်ားမွာ အတုဟု ယူဆရသျဖင့္ ဓါတ္ခြဲစစ္ေဆးရန္ စီစဥ္ေနေၾကာင္း သိရသည္။

အဆိုပါပစၥည္းမ်ားအား မူဆယ္မွ ရန္ကုန္သို႔ ပို႔ေဆာင္ျခင္းျဖစ္ၿပီး လက္ရိွတြင္ မူဆယ္ၿမိဳ႕မွ ပစၥည္းတင္ပို႔သူႏွင့္ ရန္ကုန္ၿမိဳ႕မွ ပစၥည္းလက္ခံမည့္သူမ်ားကို ေဖၚျပထားသည့္ ဖုန္းနံပါတ္ျဖင့္ ဆက္သြယ္၍ မရေသးသျဖင့္ ဆက္လက္စံုစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

“ၾကက္ဥအတုလို႔ ယူဆရတဲ့ ၾကက္ဥကဒ္ေတြရယ္ မီးရႈိ႕လိုက္ရင္ သားေရကြင္းေတြလို ရာဘာသားေတြ ပံုသ႑ာန္ျဖစ္တဲ့ ေရစိမ္ေခါက္ဆြဲ အခ်ိဳ႕ရယ္ကို ခရီးသည္တင္ကားတစ္စီးေပၚကေန ဖမ္းဆီး ရမိတာျဖစ္ပါတယ္။ ကုန္ပစၥည္းေတြ ကို သိမ္းဆည္းထားၿပီး သက္ဆိုင္ရာဌာနေတြကေန အဲဒီပစၥည္းေတြကို စစ္ေဆးေနပါ တယ္” ဟု ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္မွ အေကာက္ခြန္ဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးစိုးဝင္းေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူဆယ္ - ရန္ကုန္ေျပးဆြဲသည့္ ခရီးသည္တင္ယာဥ္အား ဇန္နဝါရီလ (၆) ရက္ ည (၉)နာရီ ဝန္းက်င္ခန္႔က ေရပူစစ္ေဆးေရးဂိတ္၌ စစ္ေဆးရာမွ အတုဟုယူဆရသည့္ အဆိုပါစားေသာက္ကုန္မ်ားအား ေတြ႔ရသျဖင့္ စားသံုးသူေရးရာဦးစီးဌာန၊ တိရိစၦာန္ေမြးျမဴေရးနွင့္ ကုသေရးဦးစီးဌာန၊ သစ္ေတာဦးစီးဌာနတို႔က ဓါတ္ခြဲစစ္ေဆးမႈမ်ား လုပ္ေဆာင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန္နီမြို့နယ်ရှိ ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ (၆) ရက်နေ့ ညပိုင်းက ခရီးသည်တင်ကားတစ်စီးတွင် မူဆယ်မှ တင်ဆောင်လာသည့် ကြက်ဥနှင့် ရေစိမ်ခေါက်ဆွဲများမှာ အတုဟု ယူဆရသဖြင့် ဓါတ်ခွဲစစ်ဆေးရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါပစ္စည်းများအား မူဆယ်မှ ရန်ကုန်သို့ ပို့ဆောင်ခြင်းဖြစ်ပြီး လက်ရှိတွင် မူဆယ်မြို့မှ ပစ္စည်းတင်ပို့သူနှင့် ရန်ကုန်မြို့မှ ပစ္စည်းလက်ခံမည့်သူများကို ဖေါ်ပြထားသည့် ဖုန်းနံပါတ်ဖြင့် ဆက်သွယ်၍ မရသေးသဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ကြက်ဥအတုလို့ ယူဆရတဲ့ ကြက်ဥကဒ်တွေရယ် မီးရှို့လိုက်ရင် သားရေကွင်းတွေလို ရာဘာသားတွေ ပုံသဏ္ဍာန်ဖြစ်တဲ့ ရေစိမ်ခေါက်ဆွဲ အချို့ရယ်ကို ခရီးသည်တင်ကားတစ်စီးပေါ်ကနေ ဖမ်းဆီး ရမိတာဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေ ကို သိမ်းဆည်းထားပြီး သက်ဆိုင်ရာဌာနတွေကနေ အဲဒီပစ္စည်းတွေကို စစ်ဆေးနေပါ တယ်” ဟု ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်မှ အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ် - ရန်ကုန်ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်အား ဇန်နဝါရီလ (၆) ရက် ည (၉)နာရီ ဝန်းကျင်ခန့်က ရေပူစစ်ဆေးရေးဂိတ်၌ စစ်ဆေးရာမှ အတုဟုယူဆရသည့် အဆိုပါစားသောက်ကုန်များအား တွေ့ရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့က ဓါတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~