အောင်ပန်းမြို့မဈေးတွင် စားသုံးရန်မသင့် အစားအသောက်များ သိမ်းဆည်းပြီး ထပ်မံမရောင်းချစေရန် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်း
အောင်ပန်းမြို့မဈေးတွင် စားသုံးရန်မသင့် အစားအသောက်များ သိမ်းဆည်းပြီး ထပ်မံမရောင်းချစေရန် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်း
ဇနျနဝါရီ 19, 2018
By 🌸
ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ မြို့မ‌ဈေးတွင် ဇန်နဝါရီလ (၁၉)ရက်နေ့က စစ်ဆေးရာ ဖော်မလင်ပါဝင်သည့် ပဲသွေးခဲအပါအဝင် စားသုံးရန်မသင့်‌ အစားအ‌သောက်များကို သိမ်းဆည်းရမိပြီး ထပ်မံရောင်းချခြင်းမပြုစေရန် ရောင်းချသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် အစားအ‌သောက်နှင့်‌‌ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန၊ အောင်ပန်းမြို့မှ ကျန်းမာ‌ရေးဦးစီးဌာန၊ အ‌ထွေ‌ထွေအုပ်ချုပ်‌‌ရေးဦးစီးဌာန၊ စည်ပင်သာယာ‌ရေးဌာန၊ ရဲတပ်ဖွဲ့၊ မြို့မ‌ဈေးစည်ပင်သာယာ‌ရေး‌ကော်မတီတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည်  စားသုံးရန်မသင့်‌ ထုတ်‌ပြန်‌‌ကြေညာထား‌သော အစားအ‌သောက်များ ‌ရောင်းချခြင်း ရှိ/မရှိ စစ်‌‌ဆေးခြင်းနှင့်‌ အစားအ‌သောက်နမူနာ ကောက်ယူ စစ်‌‌ဆေးခြင်းအား အောင်ပန်းမြို့မဈေးတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း #နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
အောင်ပန်းမြို့မစျေးတွင် စားသုံးရန်မသင့် အစားအသောက်များ သိမ်းဆည်းပြီး ထပ်မံမရောင်းချစေရန် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်း
*************
ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်‌းမြို့ မြို့မ‌စျေးတွင် ဇန်နဝါရီလ (၁၉)ရက်နေ့က စစ်ဆေးရာ ဖော်မလင်ပါဝင်သည့် ပဲသွေးခဲအပါအဝင် စားသုံးရန်မသင်‌့ အစားအ‌သောက်များကို သိမ်းဆည်းရမိပြီး ထပ်မံရောင်းချခြင်းမပြုစေရန် ရောင်းချသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။
 “ဒီနေ့အောင်ပန်းစျေးမှာ သက်ဆိုင်တဲ့အဖွဲ့၊ ဌာနတွေနဲ့ အစားအ‌သောက်နမူနာ (၁၇) မျိုးနဲ့ ပဲ‌သွေးမှာ ဖေါ်မလင်ပါတာတွေ့တယ်။ စားစရာမုန့်ကတော့ ပါဝါရိန်‌းဂျားရုပ်ပုံပါ ဇီး‌တော်ဖီ၊ စီးကရက်ပုံမုန့်၊ ပ‌ဒေသာတံဆိပ် လက်ဖက်နဲ့ ပဲ‌သွေးအပါအဝင် စုစု‌ပေါင်‌းလေးမျိုး သိမ်‌းယူခဲ့ပြီး ပဲပြား၊ ပဲ‌သွေးကနေ ဖေါ်မလင် ပါ/မပါ စစ်‌‌ဆေးခဲ့ပြီး ဖေါ်မလင်ပါရှိ‌သော ပဲ‌သွေး၊ စီးကရက်ပုံမုန့်၊ စားသုံးရန်မသင်‌့ အစားအ‌သောက်များ သိမ်‌းဆည်‌းခဲ့ပြီး ပိုင်ရှင်ကို နောက်‌‌နောင် ထပ်မံမမ‌ရောင်‌းချဖို့ သတိ‌ပေးပြီး ခံဝန်ကတိထိုးခိုင်‌းခဲ့ပါတယ်”ဟု တောင်ကြီးမြို့ အစားအ‌သောက်နှင်‌့‌ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေဖြိုးဆွေက ပြောသည်။
ရှမ်‌းပြည်နယ် အစားအ‌သောက်နှင်‌့‌ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန၊ အောင်ပန်းမြို့မှ ကျန်‌းမာ‌ရေးဦးစီးဌာန၊ အ‌ထွေ‌ထွေအုပ်ချုပ်‌‌ရေးဦးစီးဌာန၊ စည်ပင်သာယာ‌ရေးဌာန၊ ရဲတပ်ဖွဲ့၊ မြို့မ‌စျေးစည်ပင်သာယာ‌ရေး‌ကော်မတီတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည်  စားသုံးရန်မသင်‌့ ထုတ်‌ပြန်‌‌ကြေညာထား‌သော အစားအ‌သောက်များ ‌ရောင်‌းချခြင်‌း ရှိ/မရှိ စစ်‌‌ဆေးခြင်‌းနှင်‌့ အစားအ‌သောက်နမူနာ ကောက်ယူ စစ်‌‌ဆေးခြင်‌းအား အောင်ပန်းမြို့မစျေးတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း #နိုနို
ဓါတ်ပုံ #စားသုံးသူရေးရာ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~