မင္းဘူးၿမိဳ႕နယ္အတြင္း ဒုတိယအႀကိမ္ေျမာက္ ေက်ာက္မီးေသြးတြင္း မေတာ္တဆမႈေၾကာင့္ တစ္ဦးေသဆံုး

မင္းဘူးၿမိဳ႕နယ္အတြင္း ဒုတိယအႀကိမ္ေျမာက္ ေက်ာက္မီးေသြးတြင္း မေတာ္တဆမႈေၾကာင့္ တစ္ဦးေသဆံုး
ဇန်နဝါရီ 20, 2018
By 🌸
မေကြးတုိင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္တြင္ ဒုတိယအႀကိမ္ ေက်ာက္မီးေသြးတြင္းလုပ္ကြက္ မေတာ္တဆမႈေၾကာင့္ တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရမႈအား စကုနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္း ဖြင့္လွစ္ေဆာင္ရြက္
ထားၿပီး ေက်ာက္မီးေသြးတြင္းလုပ္ကြက္ ပံုမွန္အတိုင္း လုပ္ငန္းဆက္လက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။
ပန္းေတာင္းေက်းရြာ ေတာင္ဘက္ ႏွစ္မို္င္ေက်ာ္ခန္႔အကြာရွိ ျမင့္ျမတ္ခ်မ္းေအးကုမၸဏီပုိင္ ေက်ာက္မီးေသြး လုပ္ကြက္(၂)တြင္ ဇန္နဝါရီလ (၁၇)ရက္ေန႔က ဇလားခြက္ျပဳတ္က်၍ လုပ္သား(၁)ဦးဒဏ္ရာရရွိၿပီး (၁)ဦးမွာ ေနရာတြင္ ေသဆံုးသြားေၾကာင္း စကုနယ္ေျမရဲစခန္းမွ သိရသည္။

အက်ယ္(၄×၃)ေပ၊ အနက္ေပ(၁၀၀)ခန္႔႔ရွိ ေက်ာက္မီးေသြးတြင္း၌ တြင္းတူးလုပ္သားမ်ား ထမင္း စားနားရန္အတြက္ နွစ္ေယာက္တစ္တြဲနႈန္းျဖင့္ ေက်ာက္မီးေသြးသယ္ယူသည့္ ဇလားခြက္အတြင္းဝင္၍ အေပၚမွစက္သီးႀကိဳးျဖင့္ ဆြဲတင္ရာမွ စက္သီးႀကိဳးအားထိန္းထားသည့္ လွ်ပ္တန္းသံေခ်ာင္း ျပတ္ေတာက္ ၿပီး ဇလားခြက္မွာ ေအာက္သို႔ျပဳတ္က်သြားသျဖင့္ တြင္းထဲရွိ ကိုေက်ာ္လြင္မွာ ဒဏ္ရာမ်ားရရွိသြားၿပီး ဇလား ခြက္တြင္းလုိက္ပါသူ ကိုလင္းႏိုင္မွာ ဒဏ္ရာျပင္းထန္စြာရရွိၿပီး ေနရာတြင္ေသဆံုးသြားေၾကာင္း သိရသည္။

ဒဏ္ရာရရွိသူ ကိုေက်ာ္လြင္အား ပဒါန္းတိုက္နယ္ေဆးရံုသို႔ ပို႔ေဆာင္၍ ကုသေပးထားၿပီး ကိုလင္းနုိင္ေသဆံုးမႈႏွင့္ ပတ္သက္၍ စကုနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းေရးဖြင့္ထားျခင္းျဖစ္သည္။

အဆိုပါေက်ာက္မီးေသြးလုပ္ကြက္၏ ကုမၸဏီပုိင္ရွင္မွာ မႏၱေလးတိုင္းေဒသႀကီး ခ်မ္းျမသာစည္ၿမိဳ႕နယ္ေန ဦးဝင္းေမာ္ျဖစ္ၿပီး အႀကီးစားေက်ာက္မီးေသြးထုတ္လုပ္မႈလုပ္ငန္းမွ လုပ္ကြက္ (၃)ခုျဖင့္ တူးေဖၚေနျခင္းျဖစ္ၿပီး သတၱဳတြင္းဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္အမွတ္ (၀၂၂/၂၀၁၅)ျဖင့္ ၂၀၁၅ ခုႏွစ္ ၾသဂုတ္လ (၁၂)ရက္ေန႔မွ ၂၀၂၅ ခုႏွစ္ ၾသဂုတ္လ (၁၁)ရက္ေန႔အထိ လုပ္ကိုင္ခြင့္ရရိွထားျခင္း ျဖစ္သည္။

မင္းဘူး/စကုၿမိဳ႕နယ္ရိွ ဟန္ထက္(၁) ေက်ာက္မီးေသြးကုမၸဏီပိုင္ ေက်ာက္မီးေသြးလုပ္ကြက္၌ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလ(၂၇)ရက္ေန႔က လုပ္ငန္းခြင္ မေတာ္တဆမႈျဖစ္ၿပီး လူ(၈)ဦးေသဆံုး၍ (၄)ဦး ဒဏ္ရာရခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားၿပီး ႏွစ္လအတြင္း ဒုတိယအႀကိမ္ေျမာက္ မေတာ္တဆမႈအျဖစ္ ျမင့္ျမတ္ခ်မ္းေအးကုမၸဏီပုိင္ ေက်ာက္မီးေသြးလုပ္ကြက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မင်းဘူးမြို့နယ်အတွင်း ဒုတိယအကြိမ်မြောက် ကျောက်မီးသွေးတွင်း မတော်တဆမှုကြောင့် တစ်ဦးသေဆုံး
*************
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် ဒုတိယအကြိမ် ကျောက်မီးသွေးတွင်းလုပ်ကွက် မတော်တဆမှုကြောင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရမှုအား စကုနယ်မြေရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်ထားပြီး ကျောက်မီးသွေးတွင်းလုပ်ကွက် ပုံမှန်အတိုင်း လုပ်ငန်းဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

ပန်းတောင်းကျေးရွာ တောင်ဘက် နှစ်မို်င်ကျော်ခန့်အကွာရှိ မြင့်မြတ်ချမ်းအေးကုမ္ပဏီပိုင် ကျောက်မီးသွေး လုပ်ကွက်(၂)တွင် ဇန်နဝါရီလ (၁၇)ရက်နေ့က ဇလားခွက်ပြုတ်ကျ၍ လုပ်သား(၁)ဦးဒဏ်ရာရရှိပြီး (၁)ဦးမှာ နေရာတွင် သေဆုံးသွားကြောင်း စကုနယ်မြေရဲစခန်းမှ သိရ သည်။

အကျယ်(၄×၃)ပေ၊ အနက်ပေ(၁၀၀)ခန့့်ရှိ ကျောက်မီးသွေးတွင်း၌ တွင်းတူးလုပ်သားများ ထမင်း စားနားရန်အတွက် နှစ်ယောက်တစ်တွဲနှုန်းဖြင့် ကျောက်မီးသွေးသယ်ယူသည့် ဇလားခွက်အတွင်းဝင်၍ အပေါ်မှစက်သီးကြိုးဖြင့် ဆွဲတင်ရာမှ စက်သီးကြိုးအားထိန်းထားသည့် လျှပ်တန်းသံချောင်း ပြတ်တောက် ပြီး ဇလားခွက်မှာ အောက်သို့ပြုတ်ကျသွားသဖြင့် တွင်းထဲရှိ ကိုကျော်လွင်မှာ ဒဏ်ရာများရရှိသွားပြီး ဇလား ခွက်တွင်းလိုက်ပါသူ ကိုလင်းနိုင်မှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး နေရာတွင်သေဆုံးသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ကိုကျော်လွင်အား ပဒါန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ကုသပေးထားပြီး ကိုလင်းနိုင်သေဆုံးမှုနှင့် ပတ်သက်၍ စကုနယ်မြေရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ထားခြင်းဖြစ်သည်။

အဆိုပါကျောက်မီးသွေးလုပ်ကွက်၏ ကုမ္ပဏီပိုင်ရှင်မှာ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်နေ ဦးဝင်းမော်ဖြစ်ပြီး အကြီးစားကျောက်မီးသွေးထုတ်လုပ်မှုလုပ်ငန်းမှ လုပ်ကွက် (၃)ခုဖြင့် တူးဖေါ်နေခြင်းဖြစ်ပြီး သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်အမှတ် (၀၂၂/၂၀၁၅)ဖြင့် ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့မှ ၂၀၂၅ ခုနှစ် သြဂုတ်လ (၁၁)ရက်နေ့အထိ လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။

မင်းဘူး/စကုမြို့နယ်ရှိ ဟန်ထက်(၁) ကျောက်မီးသွေးကုမ္ပဏီပိုင် ကျောက်မီးသွေးလုပ်ကွက်၌ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့က လုပ်ငန်းခွင် မတော်တဆမှုဖြစ်ပြီး လူ(၈)ဦးသေဆုံး၍ (၄)ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီး နှစ်လအတွင်း ဒုတိယအကြိမ်မြောက် မတော်တဆမှုအဖြစ် မြင့်မြတ်ချမ်းအေးကုမ္ပဏီပိုင် ကျောက်မီးသွေးလုပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~