တာချီလိတ်တွင် စာပေမြတ်နိုးသူများအဖွဲ့(Book Club)မှ စာပေစကားဝိုင်းကျင်းပပြုလုပ်၊ ရပ်ကွက်/ကျေးရွာများတွင်လည်း စာပေစကားဝိုင်း ကျင်းပလိုပါက ကူညီပေးသွားမည်

တာချီလိတ်တွင် စာပေမြတ်နိုးသူများအဖွဲ့(Book Club)မှ စာပေစကားဝိုင်းကျင်းပပြုလုပ်၊ ရပ်ကွက်/ကျေးရွာများတွင်လည်း စာပေစကားဝိုင်း ကျင်းပလိုပါက ကူညီပေးသွားမည်
ဇနျနဝါရီ 15, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် တာချီလိတ်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စာပေမြတ်နိုးသူများအဖွဲ့(Book Club)မှ စာပေစကားဝိုင်းကို ၂၀၁၈ခုနှစ် ဇန်န၀ါရီလ (၁၅)ရက်နေ့ နံနက်(၁၀)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာပေစကားဝိုင်း စတင်ပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိ ဦးလှဌေးက ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ တာချီလိတ်မြို့ စာပေမြတ်နိုးသူများအဖွဲ့(Book Club) ဥက္ကဋ္ဌ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထိန်မင်း (မင်းအေးငြိမ်းဈေ)က ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတ တိုးပွားရေး ဆိုင်ရာများ ဆွေးနွေးသည်။



တာချီလိတ်တွင် ဆက်လက်၍ ယခုလို စာပေစကားဝိုင်းများကို လူငယ်များအတွက် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ရပ်ကွက်/ကျေးရွာများတွင်လည်း စာပေစကားဝိုင်းများကို ကျင်းပပြုလုပ်ရန်အတွက် အကူအညီလိုအပ်ပါက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်  စာပေမြတ်နိုးသူများအဖွဲ့(Book Club)တို့က ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အခုလိုမျိုးပဲ နောက်ပိုင်းမှာ လူငယ်စာဖတ်ဝိုင်းတွေ၊ စာပေဆွေးနွေးမှုတွေကိုလည်း လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ဖြစ်စေ၊ စာပေမြတ်နိုးသူများအဖွဲ့(Book Club)နဲ့ ဖြစ်စေ စာပေစကားဝိုင်းတွေကို ပြုလုပ်လိုသူများအတွက်လည်း ကြိုဆိုလျက်ရှိပါတယ်။ အဲ့ဒီအပြင် ရပ်ကွက်တွေ၊ ကျေးရွာတွေမှာလည်း ဒေသဖွံ့ဖြိုးရေးအတွက် စာပေစကားဝိုင်းတွေ ပြုလုပ်ချင်တယ် ဆိုရင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ဖြစ်ဖြစ် စာပေမြတ်နိုးသူများအဖွဲ့(Book Club)ချိတ်ဆက်နိုင်ပါတယ်၊ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးလှဌေးက ပြောသည်။


သတင်း - ဝေယံလင်း
ဓါတ်ပုံ - ဇောင်းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် တာချီလိတ်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စာပမြေတ်နိုးသူများအဖွဲ့(Book Club)မှ စာပေစကားဝိုင်းကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့ နံနက်(၁၀)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာပေစကားဝိုင်း စတင်ပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိ ဦးလှဌေးက ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ တာချီလိတ်မြို့ စာပမြေတ်နိုးသူများအဖွဲ့(Book Club) ဥက္ကဋ္ဌ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထိန်မင်း (မင်းအေးငြိမ်းဈေ)က ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတ တိုးပွားရေး ဆိုင်ရာများ ဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း နာယက ဦးစိုးစိုး (သုတစိုး-နေ့သစ်)က စာပေဖတ်ရှုခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများ၊ ဘဝမြတ်ဖို့ စာဖတ်စို့၊ လူတော် လူကောင်းဖြစ်အောင် ကြိုးစားရမည့် အချက်များ၊ အတွင်းရေးမှူး ဒုတိယရဲမှူး စံသိန်း(မောင်ဖိုးစံ-ဒူးယား)က ဘဝတိုးတက်မြင့်မားရေး တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံမှုများဖြင့် အောင်စိတ် မွေးမြူရေး၊ စည်းကမ်းရှိရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်နိုင်(နိုင်မောင်မောင်)က ကျောင်းသား လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် သိသင့်သိထိုက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ အဖွဲ့ဝင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှ (မြတ်မျိုးမြင့်မာန်)က ကဗျာစာပေစပ်ထုံးနည်းစနစ်များ၊ ရသ ခံစားမှုဆိုင်ရာများကိုဆွေးနွေးကြသည်။

ထို့နောက် စာပေစကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက ဘဝတိုး တက်မြင့်မားရေး ဖတ်ရှုသင့်သည့်စာပေများ၊ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုစာပေရေးသားရာတွင် လိုက်နာ သင့်သည်များ နှင့် အခြားသိရှိလိုသည်များကို မေးမြန်း ဆွေးနွေးရာ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများက ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဆွေးနွေးပေးသည်။

တာချီလိတ်တွင် ဆက်လက်၍ ယခုလို စာပေစကားဝိုင်းများကို လူငယ်များအတွက် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ရပ်ကွက်/ကျေးရွာများတွင်လည်း စာပေစကားဝိုင်းများကို ကျင်းပပြုလုပ်ရန်အတွက် အကူအညီလိုအပ်ပါက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာပမြေတ်နိုးသူများအဖွဲ့(Book Club)တို့က ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အခုလိုမျိုးပဲ နောက်ပိုင်းမှာ လူငယ်စာဖတ်ဝိုင်းတွေ၊ စာပေဆွေးနွေးမှုတွေကိုလည်း လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ဖြစ်စေ၊ စာပမြေတ်နိုးသူများအဖွဲ့(Book Club)နဲ့ ဖြစ်စေ စာပေစကားဝိုင်းတွေကို ပြုလုပ်လိုသူများအတွက်လည်း ကြိုဆိုလျက်ရှိပါတယ်။ အဲ့ဒီအပြင် ရပ်ကွက်တွေ၊ ကျေးရွာတွေမှာလည်း ဒေသဖွံ့ဖြိုးရေးအတွက် စာပေစကားဝိုင်းတွေ ပြုလုပ်ချင်တယ် ဆိုရင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ဖြစ်ဖြစ် စာပမြေတ်နိုးသူများအဖွဲ့(Book Club)ချိတ်ဆက်နိုင်ပါတယ်၊ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးလှဌေးက ပြောသည်။

အဆိုပါ စာပေစကားဝိုင်း သို့ တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၅)ကျောင်းမှ အထက်တန်း အဆင့် ကျောင်းသားကျောင်းသူ(၅၀)ဦးနှင့် ဆရာ၊ ဆရာမများလည်း တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~