တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းမည်

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းမည်
ဇန်နဝါရီ 3, 2018
By Tachileik News Agency

တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်မည်ဖြစ်ရာ တာချီလိတ်မြို့ရှိ စေတနာရှင်များအနေဖြင့် နံနက်(၉)နာရီကစ၍ သွေးလာရောက်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။


 နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်န၀ါရီလ(၄)ရက်နေ့ နံနက်(၉)နာရီက စ၍ တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် သွေးလှူဒါန်းလိုသူများ အနေဖြင့် မည်သူမဆို လာရောက် လှူဒါန်းနိုင်မည်ဖြစ်ကြောင်းနှင့် သွေးလှူဒါန်းလိုသော်လည်း ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့် သွေးလှူဒါန်းခွင့် ရ မရဆိုသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာဖုန်း - 0941003219 ၊ 09458033459  နှင့် 095242232 သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်မည်ဖြစ်ရာ တာချီလိတ်မြို့ရှိ စေတနာရှင်များအနဖြေင့် နံနက်(၉)နာရီကစ၍ သွေးလာရောက်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

"နံနက်ဖြန်မှာ နံနက်(၉)နာရီက စပြီး မည်သူမဆို လာရောက်လှူဒါန်းနိုင်ပါတယ်၊ ဆေးရုံမှာက လှူဒါန်းလာမဲ့သွေးပုလင်းတွေကို သိမ်းဆည်းလို့ရအောင် ပြုလုပ်ထားတဲ့အတွက် အလုံး(၅၀၀)ကျော်အထိ သိမ်းဆည်းထားလို့ ရပါတယ်။ နက်ဖြန်မှာ ဂေါ်ရခါးအဖွဲ့ကလည်း (၁၅)ယောက်လာမည်လို့ သိထားပါတယ်။ ဆေးရုံအုပ်ကြီးလည်း လာရောက် အားပေးမှာပါ။"ဟု တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ဆေးရုံကြီးမှ ဓာတ်ခွဲမှူး ဦးသိန်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၉)နာရီက စ၍ တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီးတွေ သွေးလှူဒါန်းလိုသူများ အနဖြေင့် မည်သူမဆို လာရောက် လှူဒါန်းနိုင်မည်ဖြစ်ကြောင်းနှင့် သွေးလှူဒါန်းလိုသော်လည်း ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့် သွေးလှူဒါန်းခွင့် ရ မရဆိုသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာဖုန်း - 0941003219၊ 09458033459 နှင့် 095242232 သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~