မိုင္းေယာင္းၿမိဳ႕နယ္ ဝမ္ဘိုးေက်းရြာႏွင့္အနီးဝန္းက်င္မွ ေဒသခံမ်ားအား တပ္မေတာ္ေဆးတပ္ဖြဲ႔က က်န္းမာေရးစစ္ေဆးမႈေဆာင္ရြက္

မိုင္းေယာင္းၿမိဳ႕နယ္ ဝမ္ဘိုးေက်းရြာႏွင့္အနီးဝန္းက်င္မွ ေဒသခံမ်ားအား တပ္မေတာ္ေဆးတပ္ဖြဲ႔က က်န္းမာေရးစစ္ေဆးမႈေဆာင္ရြက္
ဇန်နဝါရီ 13, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕နယ္ ဝမ္ဘိုးေက်းရြာအုပ္စု ဝမ္ဘိုးေက်းရြာတြင္ ဇန္နဝါရီလ (၁၃)ရက္ေန႔က တပ္မေတာ္တပ္ရင္းေဆးမွဴးအဖြဲ႔က ေဒသခံမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ ေဆာင္ရြက္ေပးေၾကာင္း သိရသည္။

ေရွ႕တန္းအမွတ္ (၃၃၅) ေျချမန္တပ္ရင္း ယာယီတပ္ရင္းမွဴး ဗိုလ္မွဴးေနလင္းေသာင္းဦးစီးသည့္ တပ္ရင္းေဆးမွဴးႏွင့္ ေဆးကုသေရးအဖြဲ႔သည္ ဝမ္ဘိုးေက်းရြာရွိ ရြာဦးဘုန္းေတာ္ႀကီးေက်ာင္း၌ ေဒသခံမ်ားအား ေဆးစစ္ကုသမႈေပးရာ အမ်ားစုမွာ ႏွလံုးအားနည္းေရာဂါ၊ အေထြေထြအားနည္းေရာဂါ၊ ေသြးတိုး၊ ဆီးခ်ိဳေရာဂါမ်ား အမ်ားဆံုးေတြ႔ရေၾကာင္း သိရသည္။

အဆိုပါ ေဆးစစ္ကုသေပးမႈသို႔ ၀မ္ဘိုးေက်းရြာ အနီးပတ္ဝန္းက်င္ရွိ ေက်းရြာမ်ားမွ ေဒသခံ (၁၀၁) ဦး လာေရာက္ၿပီး က်န္းမာေရးစစ္ေဆးခံယူၾကေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #အားခ်ာ(မိုင္းေယာင္း)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာနှင့်အနီးဝန်းကျင်မှ ဒေသခံများအား တပ်မတော်ဆေးတပ်ဖွဲ့က ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်
**********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်ဘိုးကျေးရွာတွင် ဇန်နဝါရီလ (၁၃)ရက်နေ့က တပ်မတော်တပ်ရင်းဆေးမှူးအဖွဲ့က ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးကြောင်း သိရသည်။

ရှေ့တန်းအမှတ် (၃၃၅) ခြေမြန်တပ်ရင်း ယာယီတပ်ရင်းမှူး ဗိုလ်မှူးနေလင်းသောင်းဦးစီးသည့် တပ်ရင်းဆေးမှူးနှင့် ဆေးကုသရေးအဖွဲ့သည် ဝမ်ဘိုးကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ဒေသခံများအား ဆေးစစ်ကုသမှုပေးရာ အများစုမှာ နှလုံးအားနည်းရောဂါ၊ အထွေထွေအားနည်းရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါများ အများဆုံးတွေ့ရကြောင်း သိရသည်။

အဆိုပါ ဆေးစစ်ကုသပေးမှုသို့ ၀မ်ဘိုးကျေးရွာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ (၁၀၁) ဦး လာရောက်ပြီး ကျန်းမာရေးစစ်ဆေးခံယူကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~