အလုပ္သမားမ်ား တင္လာသည့္ယာဥ္အား ၾကက္စာတင္လာသည့္ ယာဥ္က အေနာက္မွဝင္တုိက္မိ၍ (၁)ဦးေသ၊ (၂၀)ဦး ဒါဏ္ရာရ

အလုပ္သမားမ်ား တင္လာသည့္ယာဥ္အား ၾကက္စာတင္လာသည့္ ယာဥ္က အေနာက္မွဝင္တုိက္မိ၍ (၁)ဦးေသ၊ (၂၀)ဦး ဒါဏ္ရာရ
ဇန်နဝါရီ 27, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး အထက္မင္းလွၿမိဳ႕ ေတာင္ဘက္(၁၂)မိုင္ခန္႕အကြာရွိ ဧရာဝတီ တံတား(မလြန္)ေပၚ၌ ဇန္နဝါရီလ (၂၇)ရက္ေန႔က အလုပ္သမားမ်ား တင္ေဆာင္လာသည့္ သံုးဘီးယာဥ္အား ျပဳျပင္ရန္ ရပ္ထားစဥ္ ၾကက္စာတင္လာသည့္ (၁၂)ဘီးယာဥ္က ဝင္တုိက္မိ၍ ေနရာတြင္ တစ္ဦးေသဆံုးၿပီး လူ(၂၀)ဦးဒဏ္ရာ ရသြားေၾကာင္း သိရသည္။

မိေက်ာင္းရဲေက်းရြာမွ မလြန္ေက်းရြာဘက္သို႔ ေက်ာက္ထုအလုပ္သမားမ်ား တင္ေဆာင္လာသည့္ သံုးဘီးယာဥ္မွာ တံတားေပၚတြင္ စက္ခ်ိဳ႕ယြင္းသျဖင့္ ရပ္တန္႔ျပဳျပင္ေနစဥ္ ၾကက္စာတင္လာသည့္ (၁၂)ဘီးယာဥ္က ေနာက္မွဝင္တုိက္မိျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားသူမွာ မိေက်ာင္းရဲေက်းရြာမွ ေက်ာက္ထုလုပ္သားတစ္ဦးျဖစ္ေၾကာင္း သိရၿပီး ဒဏ္ရာရရိွသူမ်ားအား မိေက်ာင္းရဲတိုက္နယ္ေဆးရံုမွ မေကြးတိုင္း ေဆးရံုႀကီးသို႔လဲႊေျပာင္း ပို႔ေဆာင္ေဆးကုသမႈခံယူေစခဲ့ေၾကာင္း သိရသည္။

(၁၂)ဘီးယာဥ္ေမာင္း ဝါဝင္းအား ယာဥ္(ပ)၃/၂၀၁၈ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၄-က/၃၃၈/၃၃၇ျဖင့္ မင္းလွၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း  - ဖီးနစ္ / ႀကိမ္လံုး


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ တောင်ဘက်(၁၂)မိုင်ခန့်အကွာရှိ ဧရာဝတီ တံတား(မလွန်)ပေါ်၌ ဇန်နဝါရီလ (၂၇)ရက်နေ့က အလုပ်သမားများ တင်ဆောင်လာသည့် သုံးဘီးယာဉ်အား ပြုပြင်ရန် ရပ်ထားစဉ် ကြက်စာတင်လာသည့် (၁၂)ဘီးယာဉ်က ဝင်တိုက်မိ၍ နေရာတွင် တစ်ဦးသေဆုံးပြီး လူ(၂၀)ဦးဒဏ်ရာ ရသွားကြောင်း သိရသည်။

မိကျောင်းရဲကျေးရွာမှ မလွန်ကျေးရွာဘက်သို့ ကျောက်ထုအလုပ်သမားများ တင်ဆောင်လာသည့် သုံးဘီးယာဉ်မှာ တံတားပေါ်တွင် စက်ချို့ယွင်းသဖြင့် ရပ်တန့်ပြုပြင်နေစဉ် ကြက်စာတင်လာသည့် (၁၂)ဘီးယာဉ်က နောက်မှဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာတွင် သေဆုံးသွားသူမှာ မိကျောင်းရဲကျေးရွာမှ ကျောက်ထုလုပ်သားတစ်ဦးဖြစ်ကြောင်း သိရပြီး ဒဏ်ရာရရှိသူများအား မိကျောင်းရဲတိုက်နယ်ဆေးရုံမှ မကွေးတိုင်း ဆေးရုံကြီးသို့လွှဲပြောင်း ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရသည်။

(၁၂)ဘီးယာဉ်မောင်း ဝါဝင်းအား ယာဉ်(ပ)၃/၂၀၁၈ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ဖြင့် မင်းလှမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဖီးနစ် / ကြိမ်လုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~