လားဟူတိုင္းရင္းသားရိုးရာႏွစ္သစ္ကူးပြဲ မိုင္းေယာင္းၿမိဳ႕ရွိ ဇီးအုန္ေက်းရြာတြင္ ဆင္ႏႊဲ

လားဟူတိုင္းရင္းသားရိုးရာႏွစ္သစ္ကူးပြဲ မိုင္းေယာင္းၿမိဳ႕ရွိ ဇီးအုန္ေက်းရြာတြင္ ဆင္ႏႊဲ
ဇန်နဝါရီ 19, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္၊ ၀မ္ေကာင္းေက်းရြာအုပ္စုတြင္းရွိ ဇီးအုန္ေက်းရြာ၏ ရြာလယ္ကြင္းျပင္၌ လားဟူတိုင္းရင္းသားရိုးရာ ႏွစ္သစ္ကူးပြဲေတာ္အား ဇန္န၀ါရီလ(၁၉)ရက္ေန႔တြင္ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

အဆိုပါ ႏွစ္သစ္ကူးပြဲေတာ္အား ဓမၼဆရာက ဦးေဆာင္၍ ဆုေတာင္းျခင္း အစီအစဥ္ျဖင့္ စတင္ခဲ့ၿပီး တက္ေရာက္လာသည့္ ဘိုးဘြား၊ မိဘမ်ားႏွင့္ ဆရာသမားမ်ားအား ႏွစ္သစ္မဂၤလာအတြက္ ဦးညႊတ္ဂါရ၀ျပဳျခင္း ႏွင့္ ရိုးရာဓေလ့ထဲတြင္ အဓိက ပါ၀င္သည့္ လက္ေဆးျခင္း မဂၤလာအား ျပဳလုပ္ကာ ႏွစ္သစ္ဆုမြန္ေကာင္း ေတာင္းေပးမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ပြဲေတာ္တြင္ တက္ေရာက္လာသူမ်ားအား လားဟူတိုင္းရင္းသားရိုးရာ ေျမ၀ိုင္းအက ႏွင့္ အိုးစည္ဗံုေမာင္း အကမ်ားျဖင့္ စုေပါင္း တီးမႈတ္ကျပေဖ်ာ္ေျဖခဲ့ၾကၿပီး ႏွစ္သစ္ကူးအထိမ္းအမွတ္ မိတ္ဆံုစားပြဲျဖင့္ တည္းခင္းဧည့္ခံခဲ့ၾကေၾကာင္း သိရသည္။

မိုင္းေယာင္းၿမိဳ႕နယ္အတြင္း၌ လားဟူတိုင္းရင္းသား အမ်ားအျပားေနထိုင္သည့္ ေရွခင္၊ ပါဆန္း ႏွင့္ ဇီးကုန္ေက်းရြာတို႔တြင္ ႏွစ္စဥ္ ဇန္န၀ါရီလတိုင္း လားဟူတိုင္းရင္းသားရိုးရာႏွစ္သစ္ကူးပြဲေတာ္မ်ား က်င္းပျပဳလုပ္ေလ့ရွိေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - အားခ်ာ(မိုင္းေယာင္း)



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စုတွင်းရှိ ဇီးအုန်ကျေးရွာ၏ ရွာလယ်ကွင်းပြင်၌ လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်အား ဇန်နဝါရီလ(၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူးပွဲတော်အား ဓမ္မဆရာက ဦးဆောင်၍ ဆုတောင်းခြင်း အစီအစဉ်ဖြင့် စတင်ခဲ့ပြီး တက်ရောက်လာသည့် ဘိုးဘွား၊ မိဘများနှင့် ဆရာသမားများအား နှစ်သစ်မင်္ဂလာအတွက် ဦးညွှတ်ဂါရဝပြုခြင်း နှင့် ရိုးရာဓလေ့ထဲတွင် အဓိက ပါဝင်သည့် လက်ဆေးခြင်း မင်္ဂလာအား ပြုလုပ်ကာ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးမှုများ ပြုလုပ်ခဲ့ကြသည်။

ပွဲတော်တွင် တက်ရောက်လာသူများအား လားဟူတိုင်းရင်းသားရိုးရာ မြေဝိုင်းအက နှင့် အိုးစည်ဗုံမောင်း အကများဖြင့် စုပေါင်း တီးမှုတ်ကပြဖျော်ဖြေခဲ့ကြပြီး နှစ်သစ်ကူးအထိမ်းအမှတ် မိတ်ဆုံစားပွဲဖြင့် တည်းခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်အတွင်း၌ လားဟူတိုင်းရင်းသား အများအပြားနေထိုင်သည့် ရှေခင်၊ ပါဆန်း နှင့် ဇီးကုန်ကျေးရွာတို့တွင် နှစ်စဉ် ဇန်နဝါရီလတိုင်း လားဟူတိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော်များ ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - အားချာ(မိုင်းယောင်း) 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~