တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုဆိပ္ကမ္းတြင္ တရားမ၀င္ ၀င္ေရာက္လာသည့္ တရုတ္ႏိုင္ငံသား တစ္ဦးအား ဖမ္းဆီး

တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုဆိပ္ကမ္းတြင္ တရားမ၀င္ ၀င္ေရာက္လာသည့္ တရုတ္ႏိုင္ငံသား တစ္ဦးအား ဖမ္းဆီး
ဇန်နဝါရီ 4, 2018
By Tachileik News Agency

ျမန္မာ - ထိုင္း - လာအိုနယ္စပ္ ေရႊႀတိဂံေဒသ တာခ်ီလိတ္ရွိ ၀မ္ပံုဆိပ္ကမ္းတြင္ တရားမ၀င္ ၀င္ေရာက္ လာသည့္ တရုတ္ႏိုင္ငံသားတစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ ၀မ္ပံုဆိပ္ကမ္းတြင္ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂)ရက္ေန႔ နံနက္(၁၁)နာရီ ၀န္းက်င္ အခ်ိန္က အသက္(၃၃)ႏွစ္ရွိ တရုတ္ႏုိင္ငံသား Mr.Lu Wantao အား အေထာက္အထား မပါဘဲ စစ္ေဆးေတြ႔ရွိရာမွ ဖမ္းဆီးရမိျခင္းျဖစ္သည္။

အဆိုပါ တရုတ္ႏုိင္ငံသားအား  ဥပေဒအရ အေရးယူ ေဆာင္ရြက္ႏိုင္ရန္အတြက္ ၀မ္ပံုနယ္ေျမရဲစခန္းတြင္ (ပ)၁/၂၀၁၈ လ၀ကအက္ ၁၃(၁)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ

 


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း - လာအိုနယ်စပ် ရွှေတြိဂံဒေသ တာချီလိတ်ရှိ ၀မ်ပုံဆိပ်ကမ်းတွင် တရားမဝင် ၀င်ရောက် လာသည့် တရုတ်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ၀မ်ပုံဆိပ်ကမ်းတွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၁၁)နာရီ ၀န်းကျင် အချိန်က အသက်(၃၃)နှစ်ရှိ တရုတ်နိုင်ငံသား Mr.Lu Wantao အား အထောက်အထား မပါဘဲ စစ်ဆေးတွေ့ရှိရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသားအား  ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် ၀မ်ပုံနယ်မြေရဲစခန်းတွင် (ပ)၁/၂၀၁၈ လဝကအက် ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~