တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အတွင်းရှိ ဟိုတယ် တတိယထပ်တွင် ဆံပင်လေမှုတ်စက်မှ တဆင့် မီးလောင်မှုဖြစ်

တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အတွင်းရှိ ဟိုတယ် တတိယထပ်တွင် ဆံပင်လေမှုတ်စက်မှ တဆင့် မီးလောင်မှုဖြစ်
ဇနျနဝါရီ 12, 2018
By Tachileik News Agency







~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ဝိန်းကျောက်ဟိုတယ်၏ တတိယထပ်တွင် ဇန်နဝါရီလ(၁၂)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က မီးပလပ်ပေါက်တွင် ထိုးထားသည့် ဆံပင်လေမှုတ်စက်မှတဆင့် အပူလွန်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဆံပင်လေမှုတ်စက်ကြောင့် လောင်တယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်၊ မီးပလပ်ပေါက်မှာ ထိုးထားတာ အပူလွန်ပြီး မွေ့ယာရော လောင်သွားတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိပါဘူး၊ ဆုံးရှုံးမှု တန်ဖိုးကတော့ နည်းပါတယ်၊"ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် ပြည်သူများ ပူးပေါင်း ပါဝင် ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ အခန်းတွင် နေထိုင်သူအား ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက် နေလျက်ရှိကြောင်း သိရှိရသည်။

  

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~