ပြည်ခိုင်ဖြိုးပါတီ အလံအား ကြယ်ဖြူကို ရွှေဝါရောင်ကွပ်၍ ပြောင်းလဲသုံးစွဲရန် ရွေး/ကော်သို့ တင်ပြထား

ပြည်ခိုင်ဖြိုးပါတီ အလံအား ကြယ်ဖြူကို ရွှေဝါရောင်ကွပ်၍ ပြောင်းလဲသုံးစွဲရန် ရွေး/ကော်သို့ တင်ပြထား
ဇန်နဝါရီ 27, 2018
By Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြယ်ဖြူနေရာ ပတ်လည်တွင် ရွှေဝါရောင်ကွပ်ထားသည့် အလံပုံစံကို ပြောင်းလဲအသုံးပြုရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြထားရှိပြီး ထိုသို့ ပြောင်းလဲသုံးစွဲမည်ကို အသိပေးကြညာထားသည့် (၇)ရက်အတွင်း ကန့်ကွက်နိုင်မည် ဖြစ်ကြောင်းအား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများ၌ အသိပေး ကြေညာထားသည်။

လက်ရှိအသုံးပြုနေသည့်၎င်းအလံသည် ကြယ်ဖြူမှာ ရိုးရိုးပုံသာဖြစ်သော်လည်း အသစ်ပြောင်းလဲ သုံးစွဲမည့် ပါတီအလံပုံမှာ ကြယ်ဖြူနေရာတွင် ရွှေဝါရောင်ကွပ်၍ ပြင်ဆင်ထားသည်ကို တွေ့ရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~