တန္႔ယန္းၿမိဳ႕အနီးမွ ေလာင္းကစားဝိုင္းမ်ားအား နယ္ေျမခံတပ္ႏွင့္ ရဲတပ္ဖြဲ႕ ပူးေပါင္းရွင္းလင္း

တန္႔ယန္းၿမိဳ႕အနီးမွ ေလာင္းကစားဝိုင္းမ်ားအား နယ္ေျမခံတပ္ႏွင့္ ရဲတပ္ဖြဲ႕ ပူးေပါင္းရွင္းလင္း
ဇန်နဝါရီ 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) တန္႔ယန္းၿမိဳ႕ႏွင့္(၃) မိုင္ခန႔္အကြာရွိ ေရႊဥမင္လႈိဏ္ဂူဘုရား မီးလင္းျခင္း ဂုဏ္ျပဳအထိမ္းအမွတ္ပြဲေတာ္မွ ေလးေကာင္ဂ်င္ဝိုင္း၊ ေျခာက္ေကာင္ဂ်င္ဝိုင္း(၃၀) ေက်ာ္အား ဇန္နဝါရီလ(၉) ရက္ေန႔က နယ္ေျမခံတပ္ႏွင့္ ရဲတပ္ဖြဲ႔ပူးေပါင္းအဖြဲ႕ျဖင့္ သြားေရာက္ဖမ္းဆီးရာ ေလာင္းကစားဝိုင္းမ်ားကို မေတြ႔ရေတာ့ေၾကာင္း သိရသည္။

“အဲဒီေလာင္းကစားသတင္းေတြတက္လာတဲ့ ဇန္နဝါရီလ (၉) ရက္ေန႔မွာ နယ္ေျမခံ တပ္မေတာ္စစ္ေၾကာင္းရယ္၊ တန္႔ယန္းၿမိဳ႕မရဲတပ္ဖြဲ႔ရယ္ပါဝင္တဲ့ အဖြဲ႔နဲ႔သြားၿပီးေတာ့ ရွင္းလင္းတာေပါ့ေနာ္။ အဲဒီမွာ သြားတဲ့အခ်ိန္မွာက်ေတာ့ ဘာမွမရွိေတာ့ပါဘူး။ ဖမ္းမိတာေတာ့မဟုတ္ဘူး။ သြားတဲ့အထဲမွာ ကၽြန္ေတာ္ေတာ့ မပါဘူး။ နယ္ေျမလံုၿခံဳေရးအရ တပ္မေတာ္စစ္ေၾကာင္းနဲ႔ ရဲတပ္ဖြဲ႔ပူးေပါင္းၿပီး သြားခဲ့တာျဖစ္ပါတယ္”ဟု တန္႔ယန္းၿမိဳ႕မရဲမွ စခန္းမွဴးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဇန္နဝါရီလ (၆) ရက္ေန႔မွ (၁၀) ရက္ေန႔အထိ က်င္းပျပဳလုပ္ေနသည့္ အဆိုပါ ေရႊဥမင္လႈိဏ္ဂူေတာ္ မီးလင္းေရး အထိမ္းအမွတ္ပြဲေတာ္တြင္ ေလးေကာင္ဂ်င္ဝိုင္းႏွင့္ ေျခာက္ေကာင္ဂ်င္ဝိုင္း ( ဂလံုးဂလံုး ဝိုင္း) မ်ား ပါဝင္ေနေသာ္လည္း အဆိုပါေဒသ၏ လံုၿခံဳေရး အေျခအေနအရ ရဲတပ္ဖြဲ႔မွ သြားေရာက္ႏုိင္ျခင္း မရိွသျဖင့္ နယ္ေျမခံတပ္ႏွင့္ ပူးေပါင္း၍ သြားေရာက္ရွင္းလင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“စစခ်င္း သတင္းၾကားေတာ့ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးဌာနကို ဖုန္းနဲ႔အေၾကာင္းၾကားၿပီး တားျမစ္ေပးဖို႔ ေျပာတယ္။ (၈)ရက္ေန႔မွာေတာ့ တရားဝင္စာတင္ၿပီးေတာ့ အေၾကာင္းၾကားတယ္။ ကၽြန္ေတာ္တို႔ ၾကားတာကေတာ့ သူတို႔ေလာင္းကစားဝိုင္းေတြကို အဲဒီေန႔ကပဲစၿပီး ရုပ္သိမ္းလိုက္တယ္လို႔ၾကားပါတယ္။ အခုေတာ့ မရွိေတာ့ ပါဘူး။ ကၽြြန္ေတာ္ကိုယ္တိုင္ေတာ့ မသြားပါဘူး။ ဒီလို ပူးေပါင္းၿပီး လုပ္ေဆာင္လိုက္တာပါ။ ကၽြန္ေတာ္ ဖုန္းဆက္တဲ့ေန႔က သြားၿပီးမရွင္းႏိုင္တာက နယ္ေျမလံုၿခံဳေရးအရ မသြားႏိုင္ေသးတာလို႔ သိရပါတယ္။ သူတို႔လည္း အေျခအေန အခ်ိန္အခါအရ တတ္ႏိုင္တဲ့အခ်ိန္မွာ သြားၿပီး တားျမစ္ေပးတဲ့ပံုပါပဲ။ ေနာက္ပိုင္းေတြ မွာေတာ့ အခုလို ေလာင္းကစားဝိုင္းေတြ လာၿပီးမလုပ္ေတာ့ဘူးလို႔ ေမွ်ာ္လင့္ရပါတယ္ “ဟု တန္႔ယန္းၿမိဳ႕ရွိ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေမာင္ပြင့္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

အဆိုပါ ဘုရားပြဲတြင္ ေလာင္းကစားဝိုင္းမ်ားကို သက္ဆိုင္ရာမွ သြားေရာက္ရွင္းလင္းရာတြင္ ေလာင္းကစားဝိုင္း (၄) ခုခန္႔ ဖမ္းဆီးရမိခဲ့သည္ဟု ေဒသခံမ်ားက  ေျပာၾကားခဲ့ေသာ္လည္း သြားေရာက္ ရွင္းလင္းစဥ္ မည္သည့္ေလာင္းကစားဝိုင္းမွမေတြ႔ရွိခဲ့ဘဲ ဖ်က္သိမ္းထားၿပီး အေနအထားျဖင့္သာ ေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း တန္႔ယန္းၿမိဳ႕မ ရဲတပ္ဖြဲ႔ထံမွ သိရွိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နှင့်(၃) မိုင်ခန့်အကွာရှိ ရွှေဥမင်လှိုဏ်ဂူဘုရား မီးလင်းခြင်း ဂုဏ်ပြုအထိမ်းအမှတ်ပွဲတော်မှ လေးကောင်ဂျင်ဝိုင်း၊ ခြောက်ကောင်ဂျင်ဝိုင်း(၃၀) ကျော်အား ဇန်နဝါရီလ(၉) ရက်နေ့က နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ဖမ်းဆီးရာ လောင်းကစားဝိုင်းများကို မတွေ့ရတော့ကြောင်း သိရသည်။

“အဲဒီလောင်းကစားသတင်းတွေတက်လာတဲ့ ဇန်နဝါရီလ (၉) ရက်နေ့မှာ နယ်မြေခံ တပ်မတော်စစ်ကြောင်းရယ်၊ တန့်ယန်းမြို့မရဲတပ်ဖွဲ့ရယ်ပါဝင်တဲ့ အဖွဲ့နဲ့သွားပြီးတော့ ရှင်းလင်းတာပေါ့နော်။ အဲဒီမှာ သွားတဲ့အချိန်မှာကျတော့ ဘာမှမရှိတော့ပါဘူး။ ဖမ်းမိတာတော့မဟုတ်ဘူး။ သွားတဲ့အထဲမှာ ကျွန်တော်တော့ မပါဘူး။ နယ်မြေလုံခြုံရေးအရ တပ်မတော်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး သွားခဲ့တာဖြစ်ပါတယ်”ဟု တန့်ယန်းမြို့မရဲမှ စခန်းမှူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇန်နဝါရီလ (၆) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်နေသည့် အဆိုပါ ရွှေဥမင်လှိုဏ်ဂူတော် မီးလင်းရေး အထိမ်းအမှတ်ပွဲတော်တွင် လေးကောင်ဂျင်ဝိုင်းနှင့် ခြောက်ကောင်ဂျင်ဝိုင်း ( ဂလုံးဂလုံး ဝိုင်း) များ ပါဝင်နေသော်လည်း အဆိုပါဒေသ၏ လုံခြုံရေး အခြေအနေအရ ရဲတပ်ဖွဲ့မှ သွားရောက်နိုင်ခြင်း မရှိသဖြင့် နယ်မြေခံတပ်နှင့် ပူးပေါင်း၍ သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစချင်း သတင်းကြားတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနကို ဖုန်းနဲ့အကြောင်းကြားပြီး တားမြစ်ပေးဖို့ ပြောတယ်။ (၈)ရက်နေ့မှာတော့ တရားဝင်စာတင်ပြီးတော့ အကြောင်းကြားတယ်။ ကျွန်တော်တို့ ကြားတာကတော့ သူတို့လောင်းကစားဝိုင်းတွေကို အဲဒီနေ့ကပဲစပြီး ရုပ်သိမ်းလိုက်တယ်လို့ကြားပါတယ်။ အခုတော့ မရှိတော့ ပါဘူး။ ကျွန်တော်ကိုယ်တိုင်တော့ မသွားပါဘူး။ ဒီလို ပူးပေါင်းပြီး လုပ်ဆောင်လိုက်တာပါ။ ကျွန်တော် ဖုန်းဆက်တဲ့နေ့က သွားပြီးမရှင်းနိုင်တာက နယ်မြေလုံခြုံရေးအရ မသွားနိုင်သေးတာလို့ သိရပါတယ်။ သူတို့လည်း အခြေအနေ အချိန်အခါအရ တတ်နိုင်တဲ့အချိန်မှာ သွားပြီး တားမြစ်ပေးတဲ့ပုံပါပဲ။ နောက်ပိုင်းတွေ မှာတော့ အခုလို လောင်းကစားဝိုင်းတွေ လာပြီးမလုပ်တော့ဘူးလို့ မျှော်လင့်ရပါတယ် “ဟု တန့်ယန်းမြို့ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်ပွင့်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ ဘုရားပွဲတွင် လောင်းကစားဝိုင်းများကို သက်ဆိုင်ရာမှ သွားရောက်ရှင်းလင်းရာတွင် လောင်းကစားဝိုင်း (၄) ခုခန့် ဖမ်းဆီးရမိခဲ့သည်ဟု ဒေသခံများက ပြောကြားခဲ့သော်လည်း သွားရောက် ရှင်းလင်းစဉ် မည်သည့်လောင်းကစားဝိုင်းမှမတွေ့ရှိခဲ့ဘဲ ဖျက်သိမ်းထားပြီး အနေအထားဖြင့်သာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တန့်ယန်းမြို့မ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

သတင်း #နဖြေိုးမြင့်
  

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~