တာချီလိတ်တွင် ဆရာတော်(၆)ပါးဖြင့် (၁၂)ညတိုင်တိုင် တရားပွဲ ရှမ်းရိုးမကွင်းအတွင်း ကျင်းပမည်

တာချီလိတ်တွင် ဆရာတော်(၆)ပါးဖြင့် (၁၂)ညတိုင်တိုင် တရားပွဲ ရှမ်းရိုးမကွင်းအတွင်း ကျင်းပမည်
ဇန်နဝါရီ 22, 2018
By Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ဗုဒ္ဓဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးမှ မြို့သူ၊ မြို့သားများဖြင့် ပူးပေါင်း၍ (၄၉)ကြိမ်မြောက် (၁၂)ည တိုင်တိုင် တရားပွဲအား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ(၄)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ဓမ္မာစရိယ ဓမ္မာကထိက ဆရာတော် (၆)ပါးမှ ကြွရောက်ကာ တရားတော်များ ဟောကြားတော်မူမည်ဖြစ်ကြောင်း သိရသည်။

(၁၂)ညတိုင်တိုင် အဆိုပါ တရားပွဲအား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ သတ်မှတ်ရက်၏ ညစဉ် (၇)နာရီခွဲတို့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~