ေတာင္ႀကီးတြင္ က်င္းပျပဳလုပ္မည့္ ဟင္းသီးဟင္းရြက္ႏွင့္ သစ္သီးဝလံပန္းမန္ၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္တြင္းမွ ဝင္ေရာက္ ယွဥ္ၿပိဳင္ႏိုင္

ေတာင္ႀကီးတြင္ က်င္းပျပဳလုပ္မည့္ ဟင္းသီးဟင္းရြက္ႏွင့္ သစ္သီးဝလံပန္းမန္ၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္တြင္းမွ ဝင္ေရာက္ ယွဥ္ၿပိဳင္ႏိုင္
ဇန်နဝါရီ 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ေက်ာက္တိုင္ကြင္း၊ အားကစားခန္းမတြင္ ရွမ္းျပည္နယ္ေန႔ႏွင့္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္အျဖစ္ ဟင္းသီးဟင္းရြက္ႏွင့္ သစ္သီး၀လံ ပန္းမန္ ျပပြဲၿပိဳင္ပြဲကို ေဖေဖာ္၀ါရီလ (၇) ရက္ေန႕မွ (၁၂)ရက္ေန႔အထိ က်င္းပမည္ျဖစ္ရာ မည္သူမဆို ပါဝင္ယွဥ္ၿပိဳင္ႏိုင္ေၾကာင္း ရွမ္းျပည္နယ္ စိုက္ပ်ဳိးေရး ႏွင့္ ေမြးျမဴေရးဦးစီးဌာနမွထံမွ သိရသည္။

“ရွမ္းျပည္နယ္တစ္ခုလံုးမွာရွိတဲ့ ေတာင္သူလယ္သမားေတြ အားလံုး မည္သူမဆို ၀င္ေရာက္ယွဥ္ၿပိဳင္လို႔ရပါ တယ္။ ဆုေၾကးေငြကေတာ့ မႏွစ္က အေနအထားအတိုင္းပဲ ေပးမွာပါ။ စုစုေပါင္း ဆုေၾကးေငြကေတာ့ သိန္း(၃၀) ေလာက္ေတာ့ ခန္႕မွန္းထားပါတယ္။ အမ်ဳိးအစားက တစ္ခုတည္းမဟုတ္ေတာ့ ပန္း၊ သစ္သီး၊ ဟင္းသီးဟင္းရြက္၊ ဥစားသီးႏွံေတြေရာ၊ အစံုပါပါတယ္။ ဆုေၾကးေပးမယ္ဆိုရင္လည္း သီးႏွံေတြရဲ႕ တန္ဖိုးအလိုက္ ေပးသြားမယ္။ သစ္ခြေတြဆိုေတာ့ ပိုရတယ္။ တစ္ခ်ဳိ႕ဆို လာၿပိဳင္ရင္းနဲ႕ အမ်ားႀကီး ေရာင္းရသြားတာေတြရွိတယ္။ ျပခန္းမွာ ယွဥ္ၿပိဳင္တဲ့ ဟင္းသီးဟင္းရြက္ေတြ၊ ပန္းမန္ေတြကိုသာ ဆုေပး ေရြးခ်ယ္သြားမွာ ျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္ စိုက္ပ်ဳိးေရးဦးစီးဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးခ်ဳိနိုင္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါၿပိဳင္ပြဲတြင္ ဟင္းသီးဟင္းရြက္ အမ်ဳိးအစားမ်ားကို အုပ္စု(၃)မ်ဳိး၊ သစ္သီးဝလံမ်ားကို အုပ္စု(၄)မ်ဳိးျဖင့္ ျပသရမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ ဆုရရိွသည့္ ဟင္းသီးဟင္းရြက္ႏွင့္ သစ္သီး၀လံ၊ ပန္းမန္မ်ားကို စိုက္ပ်ဳိးေရးဦးစီးဌာနသို႔ ေရာင္းခ်ျခင္း သို႔မဟုတ္ လွဴဒါန္းျခင္း ျပဳလုပ္ရမည္ျဖစ္ၿပီး ဆုမရရွိေသာ ၿပိဳင္ပြဲ၀င္သီးႏွံမ်ားကို ျပန္လည္ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲ၀င္လိုသူမ်ား အေနျဖင့္ ေလွ်ာက္လႊာမ်ားကို ေဖေဖာ္၀ါရီလ (၅) ရက္ေန႔ ေနာက္ဆံုးထား၍ ျပည္နယ္စိုက္ပ်ဳိးေရးဦးစီးဌာနသို႔ ေပးပို႔ရမည္ျဖစ္ၿပီး သတ္မွတ္ရက္ထက္ေနာက္က်ေပးပို႔ပါက ဆုအတြက္ စဥ္းစားေပးမည္ မဟုတ္ေၾကာင္း သိရသည္။

၀င္ေရာက္ယွဥ္ၿပိဳင္နိုင္ေသာ ဟင္းသီးဟင္းရြက္အမ်ဳိးအစားမ်ားမွာ ခရမ္းခ်ဥ္သီး၊ ခရမ္းသီး၊ ငရုတ္၊ အာလူး၊ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ ပိန္းဥ၊ ဝဥ၊ မံုလာဥျဖဴ၊ ခါၾကက္ဥ၊ ယာကြန္ဥ၊ ေဂၚဖီထုပ္၊ပန္းေဂၚဖီ၊ မံုညႇင္းတို႔ျဖစ္ၿပီး သစ္သီး၀လံ အမ်ဳိးအစားမ်ားမွာ ဘူးသီး၊ ေရႊဖရံုသီး၊ ေက်ာက္ဖရံုသီး၊ နာနတ္သီး၊ ဖရဲသီး၊ သေဘာၤသီး၊ လိေမၼာ္ သီး၊ ခ်ဥ္ေစာ္ကားသီး၊ ေရွာက္သီး၊ စေတာ္ဘယ္ရီ၊ ေထာပတ္သီး၊ ပန္းမန္အမ်ဳိးအစားမ်ားမွာ ပိန္းပန္း၊ သစ္ခြ၊ ႏွင္းဆီ၊ ဂႏၶမာ၊ ရြက္လွ၊ သစၥာႏွင့္ လီလီပန္းတို႔ျဖစ္ေၾကာင္း သိရသည္။

သတင္း -  ႏိုႏို




~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကျောက်တိုင်ကွင်း၊ အားကစားခန်းမတွင် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန် ပြပွဲပြိုင်ပွဲကို ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ရှမ်းပြည်နယ် စိုက်ပျိုးရေး နှင့် မွေးမြူရေးဦးစီးဌာနမှထံမှ သိရသည်။

“ရှမ်းပြည်နယ်တစ်ခုလုံးမှာရှိတဲ့ တောင်သူလယ်သမားတွေ အားလုံး မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်လို့ရပါ တယ်။ ဆုကြေးငွေကတော့ မနှစ်က အနေအထားအတိုင်းပဲ ပေးမှာပါ။ စုစုပေါင်း ဆုကြေးငွေကတော့ သိန်း(၃၀) လောက်တော့ ခန့်မှန်းထားပါတယ်။ အမျိုးအစားက တစ်ခုတည်းမဟုတ်တော့ ပန်း၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ဥစားသီးနှံတွေရော၊ အစုံပါပါတယ်။ ဆုကြေးပေးမယ်ဆိုရင်လည်း သီးနှံတွေရဲ့ တန်ဖိုးအလိုက် ပေးသွားမယ်။ သစ်ခွတွေဆိုတော့ ပိုရတယ်။ တစ်ချို့ဆို လာပြိုင်ရင်းနဲ့ အများကြီး ရောင်းရသွားတာတွေရှိတယ်။ ပြခန်းမှာ ယှဉ်ပြိုင်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပန်းမန်တွေကိုသာ ဆုပေး ရွေးချယ်သွားမှာ ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါပြိုင်ပွဲတွင် ဟင်းသီးဟင်းရွက် အမျိုးအစားများကို အုပ်စု(၃)မျိုး၊ သစ်သီးဝလံများကို အုပ်စု(၄)မျိုးဖြင့် ပြသရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဆုရရှိသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၊ ပန်းမန်များကို စိုက်ပျိုးရေးဦးစီးဌာနသို့ ရောင်းချခြင်း သို့မဟုတ် လှူဒါန်းခြင်း ပြုလုပ်ရမည်ဖြစ်ပြီး ဆုမရရှိသော ပြိုင်ပွဲဝင်သီးနှံများကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်လိုသူများ အနဖြေင့် လျှောက်လွှာများကို ဖေဖော်ဝါရီလ (၅) ရက်နေ့ နောက်ဆုံးထား၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက်နောက်ကျပေးပို့ပါက ဆုအတွက် စဉ်းစားပေးမည်မဟုတ်ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်နိုင်သော ဟင်းသီးဟင်းရွက်အမျိုးအစားများမှာ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပိန်းဥ၊ ဝဥ၊ မုံလာဥဖြူ၊ ခါကြက်ဥ၊ ယာကွန်ဥ၊ ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ၊ မုံညှင်းတို့ဖြစ်ပြီး သစ်သီးဝလံ အမျိုးအစားများမှာ ဘူးသီး၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ နာနတ်သီး၊ ဖရဲသီး၊ သင်္ဘောသီး၊ လိမ္မော် သီး၊ ချဉ်စော်ကားသီး၊ ရှောက်သီး၊ စတော်ဘယ်ရီ၊ ထောပတ်သီး၊ ပန်းမန်အမျိုးအစားများမှာ ပိန်းပန်း၊ သစ်ခွ၊ နှင်းဆီ၊ ဂန္ဓမာ၊ ရွက်လှ၊ သစ္စာနှင့် လီလီပန်းတို့ဖြစ်ကြောင်း သိရသည်။

သတင်း - #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~