တာချီလိတ်မြို့မရဲစခန်းမှ အချုပ်သား ၅ ဦးအနက် လွတ်မြောက်နေဆဲ ၂ ဦးအား အမြန်ဆုံးဖမ်းမိရေး လုပ်ဆောင်နေ

တာချီလိတ်မြို့မရဲစခန်းမှ အချုပ်သား ၅ ဦးအနက် လွတ်မြောက်နေဆဲ ၂ ဦးအား အမြန်ဆုံးဖမ်းမိရေး လုပ်ဆောင်နေ
ဇန်နဝါရီ 6, 2018
By Tachileik News Agency

တာချီလိတ်မြို့မရဲစခန်းမှ အချုပ်သား ၅ ဦးအနက် လွတ်မြောက်နေဆဲ ၂ ဦးအား အမြန်ဆုံးဖမ်းမိရေး လုပ်ဆောင်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တာချီလိတ်မြို့မရဲစခန်းရှိ အချုပ်မှ အချုပ်သား (၅)ဦး ဇန်နဝါရီလ (၆)ရက်နေ့ နံနက်က ထွက်ပြေးရာ ညနေပိုင်းအချိန်ထိ (၃)ဦးအား ပြန်လည် ဖမ်းဆီးရမိထားပြီး (၂)ဦးကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။

“အခုလက်ရှိတော့ (၃)ဦးကို ဖမ်းမိထားပါပြီ။ မနက် (၄)နာရီဝန်းကျင်လောက်မှာ သူတို့ ထွက်ပြေးပြီး နှစ်ဦးကို အရင်မိပါတယ်။ နောက်ထပ် တစ်ဦး ထပ်မိတယ်။ ကျန်တဲ့ နှစ်ဦးကိုလည်း ဖမ်းဆီးရမိဖို့ ကြိုးစား ဖေါ်ထုတ်နေပါတယ်။ ထွက်ပြေးသွားတဲ့ နှစ်ဦးမှာ ပြစ်ဒဏ်ကျပြီး တစ်ယောက်နဲ့ အမှုရင်ဆိုင်ဆဲ တစ်ယောက် ပါ ပါတယ်”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ထွက်ပြေးသွားသည့် အချုပ်သား (၅)ဦးတွင် အမှုရင်ဆိုင်နေဆဲ (၃)ဦးနှင့် ပြစ်ဒဏ်ကျ (၂)ဦးတို့ ပါဝင်ကြောင်း သိရပြီး အဆိုပါ အချုပ်သားများ ထွက်ပြေးမှုနှင့် ပတ်သက်၍ လွတ်မြောက်နေသူများအား အမြန်ဆုံး ဖေါ်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များအား အရေးယူနိုင်ရေးကို ဆောင်ရွက်နေကြောင်း သိရသည်။