သီေပါၿမိဳ႕နယ္ ဆြတ္လန္းႏွင့္ ပန္ေဆာက္ရြာၾကားတြင္ ဆုိင္ကယ္ႏွင့္ ဆီေဘာက္ဆာကား တုိက္မိ၍ တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ

သီေပါၿမိဳ႕နယ္ ဆြတ္လန္းႏွင့္ ပန္ေဆာက္ရြာၾကားတြင္ ဆုိင္ကယ္ႏွင့္ ဆီေဘာက္ဆာကား တုိက္မိ၍ တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ
ဇန်နဝါရီ 24, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ဆြတ္လန္းေက်းရြာႏွင့္ ပန္ေဆာက္ေက်းရြာအၾကားတြင္ ဇန္နဝါရီလ (၂၃) ရက္ေန႔ ည (၇)နာရီခြဲခန္႔က ဆီေဘာက္ဆာကားႏွင့္ အမ်ိဳးသားႏွစ္ဦးစီးနင္းလာသည့္ ဆိုင္ကယ္တိုက္မိရာ ဆိုင္ကယ္ေပၚပါ အမ်ိဳးသားတစ္ဦးေသဆံုးၿပီး တစ္ဦးဒဏ္ရာရရိွကာ ယာဥ္တိုက္မႈျဖစ္ပြားသည့္ ေမာ္ေတာ္ယာဥ္အား သီေပါတိုးဂိတ္တြင္ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

“ လားရိႈးဘက္ကလာတဲ့ ဆီေဘာက္ဆာယာဥ္နဲ႔ သီေပါဘက္ကေန လားရိႈးဘက္ကိုသြားတဲ့ ဆိုင္ကယ္ တိုက္မိတာ။ ဆိုင္ကယ္ေပၚပါ အမ်ိဳးသားတစ္ဦးကေတာ့ ေနရာမွာတင္ ေသဆံုးသြားတယ္။ ေနာက္တစ္ဦးက ေျခေထာက္တစ္ေခ်ာင္း က်ိဳးတယ္။ ဦးေခါင္းဒဏ္ရာရထားတယ္။ လူနာကေတာ့ လားရိႈးကိုပို႔ရမယ္လို႔ သိရတယ္” ဟု လူနာအားသြားေရာက္သယ္ေဆာင္ေပးခဲ့သည့္ One More လူမႈကူညီေရးအသင္း ( သီေပါ ) မွ ကိုေက်ာ္စြာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးသူ အမ်ိဳးသားႏွင့္ ဒဏ္ရာရရွိသြားသည့္အမ်ိဳးသားမွာ ေက်ာက္မဲၿမိဳ႕ အမွတ္ (၇) ရပ္ကြက္၊ နယ္ေျမ(၁)တြင္ေနထိုင္သူမ်ားျဖစ္ၿပီး ေသဆံုးသူအား သီေပါျပည္သူ႔ေဆးရံု သို႔ ပို႔ေဆာင္ထားကာ ယာဥ္တိုက္မႈႏွင့္ပတ္သက္၍ သက္ဆိုင္ရာ ယာဥ္ထိန္းတပ္ဖြဲ႔ႏွင့္ သီေပါရဲတ

ပ္ဖြဲ႔မွ စစ္ေဆးေဆာင္ရြက္ေနၿပီး လူနာမ်ား သယ္ေဆာင္ေရးအတြက္ One More လူမႈကူညီေရးအသင္းႏွင့္ နယ္စည္းမျခား ပရဟိတအသင္းတို႔က ကူညီေပးခဲ့ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #One More (သီေပါ)

~~~~~~~~⊰❂ unicode ~~~~~~~~
သီပေါမြို့နယ် ဆွတ်လန်းနှင့် ပန်ဆောက်ရွာကြားတွင် ဆိုင်ကယ်နှင့် ဆီဘောက်ဆာကား တိုက်မိ၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
*****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဆွတ်လန်းကျေးရွာနှင့် ပန်ဆောက်ကျေးရွာအကြားတွင် ဇန်နဝါရီလ (၂၃) ရက်နေ့ ည (၇)နာရီခွဲခန့်က ဆီဘောက်ဆာကားနှင့် အမျိုးသားနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်ပေါ်ပါ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ ယာဉ်တိုက်မှုဖြစ်ပွားသည့် မော်တော်ယာဉ်အား သီပေါတိုးဂိတ်တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

“ လားရှိုးဘက်ကလာတဲ့ ဆီဘောက်ဆာယာဉ်နဲ့ သီပေါဘက်ကနေ လားရှိုးဘက်ကိုသွားတဲ့ ဆိုင်ကယ် တိုက်မိတာ။ ဆိုင်ကယ်ပေါ်ပါ အမျိုးသားတစ်ဦးကတော့ နေရာမှာတင် သေဆုံးသွားတယ်။ နောက်တစ်ဦးက ခြေထောက်တစ်ချောင်း ကျိုးတယ်။ ဦးခေါင်းဒဏ်ရာရထားတယ်။ လူနာကတော့ လားရှိုးကိုပို့ရမယ်လို့ သိရတယ်” ဟု လူနာအားသွားရောက်သယ်ဆောင်ပေးခဲ့သည့် One More လူမှုကူညီရေးအသင်း ( သီပေါ ) မှ ကိုကျော်စွာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူ အမျိုးသားနှင့် ဒဏ်ရာရရှိသွားသည့်အမျိုးသားမှာ ကျောက်မဲမြို့ အမှတ် (၇) ရပ်ကွက်၊ နယ်မြေ(၁)တွင်နေထိုင်သူများဖြစ်ပြီး သေဆုံးသူအား သီပေါပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ထားကာ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့နှင့် သီပေါရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်နေပြီး လူနာများ သယ်ဆောင်ရေးအတွက် One More လူမှုကူညီရေးအသင်းနှင့် နယ်စည်းမခြား ပရဟိတအသင်းတို့က ကူညီပေးခဲ့ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #One More (သီပေါ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~