ရွှေစက်တော်ဘုရားစောင်းတန်းတွင် ဈေးရောင်းချခွင့်အတွက် ဈေးသည်များ ဆန္ဒထုတ်ဖေါ်
ရွှေစက်တော်ဘုရားစောင်းတန်းတွင် ဈေးရောင်းချခွင့်အတွက် ဈေးသည်များ ဆန္ဒထုတ်ဖေါ်
ဇနျနဝါရီ 21, 2018
By 🌸
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းစက်တော်ရာဘုရားပွဲတော်ဖွင့်ပွဲနေ့တွင် ဘုရားတန်ဆောင်းတွင် ဈေးပြန်လည်ရောင်းချခွင့်ရလိုသည့် ဈေးသည်များက ဆန္ဒထုတ်ဖေါ်ကြသည်။
ရွှေစက်တော်ဘုရားစောင်းတန်းတွင် နှစ်စဉ်ဈေးရောင်းချနေသည့် ဆိုင်ခန်းများ၏ ယာယီအမိုးအကာများကြောင့် ဘုရားမြင်ကွင်း မတင့်တယ်ခြင်း၊ ဘုရားဖူးများ စိတ်အနှောင့်အယှက်ဖြစ်ရခြင်းတို့ကြောင့် ယခုနှစ် ဘုရားပွဲတော်ကာလတွင် အဆိုပါစောင်းတန်းအား သံဇကာများ ကာရံလိုက်ပြီး ဈေးသည်များအား အခြားနေရာတွင် ဆိုင်ခန်းနေရာစီစဉ်ပေးခြင်းအား ဈေးသည်များက မကျေနပ်သဖြင့် ဆန္ဒဖေါ်ထုတ်ကြခြင်းဖြစ်ကြောင်း သိရသည်။
စောင်းတန်းဈေးသည်များက ဇန်နဝါရီလ (၁၃)ရက်နေ့ကလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပြီး ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်း ဘုရားပွဲတော် ဖွင့်ပွဲသို့ မကွေးတိုင်းသံဃာ့နာယက ဥက္ကဌ ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စသာရ၊ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးအပါအဝင် အစိုး ရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသဆိုင်ရာအကြီးအကဲများ တက်ရောက်ချိန်တွင် ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်သည်။
"ဇန္နဝါရီ ၁၃ရက်နေ့က ကျနော်တို့ဈေးသည်တွေရဲ့ အခက်အခဲကို ဝန်ကြီးချုပ်အနေနဲ့ ဖြေရှင်းပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့ကြပေမယ့် တစ်စုံတရာဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး”ဟု ဆန္ဒဖော်ထုတ်မှုတွင်ဦးဆောင်သူ ဦးအောင်တင်က ပြောသည်။
ရွှေစက်တော်ဘုရားပွဲတော်ဖွင့်ပွဲမတိုင်မီ တစ်ရက်အလိုတွင် လှေတင်တံတား၌ ဈေးသည်အင်အား (၅၀၀)ခန့်ဖြင့် ဆန္ဒဖော်ထုတ်ရန် မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးသို့ တင်ပြခဲ့ကြသော်လည်း သက်ဆိုင်ရာများ၏ ညှိနှိုင်းချက်ဖြင့် ဆန္ဒဖော်ထုတ်မည့် အစီအစဉ်အား ဖွင့်ပွဲနေ့သို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ခန်းများ ရွှေ့ပြောင်းသည့်ကိစ္စနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ(၁၆) ရက်နေ့တွင် ဈေးသည်တစ်ဦး၏ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မှု၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁၃) ရက်နေ့တွင် ဈေးသည်အင်အား(၁၀၀)ကျော် ဖြင့် ဆန္ဒဖော်ထုတ်မှုများလည်း ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရွှေစက်တော်ဘုရားစောင်းတန်းတွင် စျေးရောင်းချခွင့်အတွက် စျေးသည်များ ဆန္ဒထုတ်ဖေါ်
************
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းစက်တော်ရာဘုရားပွဲတော်ဖွင့်ပွဲနေ့တွင် ဘုရားတန်ဆောင်းတွင် စျေးပြန်လည်ရောင်းချခွင့်ရလိုသည့် စျေးသည်များက ဆန္ဒထုတ်ဖေါ်ကြသည်။
ရွှေစက်တော်ဘုရားစောင်းတန်းတွင် နှစ်စဉ်စျေးရောင်းချနေသည့် ဆိုင်ခန်းများ၏ ယာယီအမိုးအကာများကြောင့် ဘုရားမြင်ကွင်း မတင့်တယ်ခြင််း၊ ဘုရားဖူးများ စိတ်အနှောင့်အယှက်ဖြစ်ရခြင်းတို့ကြောင့် ယခုနှစ် ဘုရားပွဲတော်ကာလတွင် အဆိုပါစောင်းတန်းအား သံဇကာများ ကာရံလိုက်ပြီး စျေးသည်များအား အခြားနေရာတွင် ဆိုင်ခန်းနေရာစီစဉ်ပေးခြင်းအား စျေးသည်များက မကျေနပ်သဖြင့် ဆန္ဒဖေါ်ထုတ်ကြခြင်းဖြစ်ကြောင်း သိရသည်။
“နှစ်တိုင်းမှာက ဘုရားစောင်းတန်းမှာ ဆိုင်ခန်းတွေက ထရံတွေ၊ မိုးကာစတွေနဲ့ ပိတ်နေပြီး ဘုရားစောင်းတန်းနဲ့ မတူဘူးဖြစ်နေတယ်။ လေဝင်လေထွက်၊ အလင်းရောင်လည်း မကောငး်ဘူး။ လူတွေလည်းပိတ်ပြီး စိတ်ချမ်းချမ်းသာသာ ဘုရားဖူးမတက်ရဘူး။ ဒီလိုရွှေ့ပြောင်းပေးလိုက်တာ ကျွန်တော်တို့ ဘုရားဖူးတွေအတွက် အဆင်ပြေသွားပါတယ်။ ဘုရားမြင်ကွင်းလည်း တင့်တယ်သွားတယ်။ ဒီလိုရွှေ့ပြောင်းပေးလိုက်တာ ကျွန်တော်တို့ကတော့ ကျေနပ်ပါတယ်”ဟု မင်းဘူးဒေသခံတစ်ဦးဖြစ်သည့် ဦးဝင်းကိုကပြောသည်။
စောင်းတန်းစျေးသည်များက ဇန်နဝါရီလ (၁၃)ရက်နေ့ကလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပြီး ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်း ဘုရားပွဲတော် ဖွင့်ပွဲသို့ မကွေးတိုင်းသံဃာ့နာယက ဥက္ကဌ ဆရာတော် ဘဒ္ဒန ္တပဏ္ဍိစ္စသာရ၊ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးအပါအဝင် အစိုး ရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသဆိုင်ရာအကြီးအကဲများ တက်ရောက်ချိန်တွင် ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်သည်။
"ဇန္နဝါရီ ၁၃ရက်နေ့က ကျနော်တို့စျေးသည်တွေရဲ့ အခက်အခဲကို ဝန်ကြီးချုပ်အနေနဲ့ ဖြေရှင်းပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့ကြပေမယ့် တစ်စုံတရာဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး”ဟု ဆန္ဒဖော်ထုတ်မှုတွင်ဦးဆောင်သူ ဦးအောင်တင်က ပြောသည်။
ရွှေစက်တော်ဘုရားပွဲတော်ဖွင့်ပွဲမတိုင်မီ တစ်ရက်အလိုတွင် လှေတင်တံတား၌ စျေးသည်အင်အား (၅၀၀)ခန့်ဖြင့် ဆန္ဒဖော်ထုတ်ရန် မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးသို့ တင်ပြခဲ့ကြသော်လည်း သက်ဆိုင်ရာများ၏ ညှိနှိုင်းချက်ဖြင့် ဆန္ဒဖော်ထုတ်မည့် အစီအစဉ်အား ဖွင့်ပွဲနေ့သို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ခန်းများ ရွှေ့ပြောင်းသည့်ကိစ္စနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ(၁၆) ရက်နေ့တွင် စျေးသည်တစ်ဦး၏ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မှု၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁၃) ရက်နေ့တွင် စျေးသည်အင်အား(၁၀၀)ကျော် ဖြင့် ဆန္ဒဖော်ထုတ်မှုများလည်း ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ရွှေစက်တော်ဘုရားပွဲတော်အား ဇန်နဝါရီလ (၂၁)ရက်နေ့မှ ဧပြီလ (၁၇)ရက်နေ့အထိ (၈၇)ရက်ကြာ ကျင်းပ မည်ဖြစ်သည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~