မေကြးတုိင္းစိုက္ပ်ိဳးေရးဦးစီးဌာန၏ ေျမဆီလႊာဓါတ္ခြဲခန္းတြင္ ေျမဆီလႊာစစ္ေဆးမႈ လုပ္ေဆာင္ႏိုင္

မေကြးတုိင္းစိုက္ပ်ိဳးေရးဦးစီးဌာန၏ ေျမဆီလႊာဓါတ္ခြဲခန္းတြင္ ေျမဆီလႊာစစ္ေဆးမႈ လုပ္ေဆာင္ႏိုင္
ဇန်နဝါရီ 5, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးတြင္ လယ္ယာေျမမ်ား၏ ေျမဆီလႊာ အေျခအေနအား မေကြးတိုင္းေဒသႀကီး စိုက္ပ်ိဳးေရး ဦးစီးဌာန၏ ေျမဆီလႊာဓာတ္ခဲြခန္းတြင္ စစ္ေဆးေပးႏုိင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

"ဓာတ္ခဲြခန္းက ၂၀၁၇ခုႏွစ္ (၁၀) လပိုင္းကတည္းက လည္ပတ္ႏိုင္ဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ ဓာတ္ ခဲြခန္းမွာ ေျမဆီလႊာ စမ္းသပ္ျခင္းအားျဖင္႔ ကိုယ့္လယ္ယာေျမမွာ ဘယ္လိုအာဟာရဓာတ္ေတြ ခ်ိဳ႕တဲ႔ေန တယ္။ ဘယ္လိုအာဟာရဓာတ္ေတြရိွေနတယ္ဆိုတာ အခ်ိန္ပိုင္းအတြင္းမွာ သိရိွႏိုင္ၿပီး ဘယ္လိုေျမၾသဇာ ကို ဘယ္ေလာက္သံုးစဲြရမယ္ဆိုတာ ေတာင္သူေတြ သိရိွႏိုင္မွာျဖစ္ပါတယ္"ဟု တိုင္းေဒသႀကီးစိုက္ပ်ိဳးေရး ဦးစီးဌာန တိုင္းဦးစီးမွဴး ဦးခင္ေမာင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ဓာတ္ခဲြခန္းအေဆာက္အဦအား တိုင္းေဒသႀကီးအစိုးရအဖဲြ႔ခြင့္ျပဳေငြ က်ပ္ သိန္း(၂၅၀)၊ ဓာတ္ခဲြခန္းသံုး ပစၥည္း အတြက္ က်ပ္ သိန္း(၅၀၀)ခန္႔ျဖင္႔ စတင္ခဲ႔ျခင္းျဖစ္ၿပီး ဓာတ္ခဲြခန္းသံုးပစၥည္းမ်ား ျပန္ လည္ျဖည္႔တင္းႏိုင္ရန္အတြက္ သင္႔တင့္ေလ်ာက္ပတ္ေသာႏွဳန္းထားျဖင္႔ ဓာတ္ခဲြစမ္းသပ္ေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။

ယခင္က ေျမဆီလႊာစမ္းသပ္မႈမ်ားအတြက္ ရန္ကုန္ရိွ ဓာတ္ခဲြခန္းသို႔ ပို႔ေဆာင္၍ စစ္ေဆးမႈရလဒ္ကို အခ်ိန္ေပးေစာင္႔ဆိုင္းရယူခဲ႔ၾကရျခင္းျဖစ္ေၾကာင္း သိရသည္။

"လယ္ယာေျမ တစ္ဧကမွာ အနည္းဆံုးေနရာ သံုးေနရာေလာက္က ေျမနမူနာကို စိုက္ပ်ိဳးေရး ဝန္ထမ္းေတြက စနစ္တက်ျပသေပးထားတဲ႔အတိုင္း ဗြီပံုသ႑ာန္ရယူၿပီး ဓာတ္ခဲြခန္းကို ပို႔ေဆာင္ေပးတာနဲ႔ ခ်က္ခ်င္းစမ္းသပ္ၿပီး အေျဖထုတ္ေပးႏိုင္မွာျဖစ္လို႔ ေတာင္သူေတြအတြက္ အခ်ိန္ၾကန္႔ၾကာမႈ ျဖစ္ေစေတာ့မွာ မဟုတ္ပါဘူး"ဟု တိုင္းဦးစီးမွဴး ဦးခင္ေမာင္ဝင္းက ေျပာသည္။

ေျမဆီလႊာဓါတ္ခြဲခန္းမ်ားကို တုိင္းေဒသႀကီး၊ ျပည္နယ္အသီးသီးတြင္လည္း ထူေထာင္ထားၿပီး မေကြးတုိင္းမွ ဓါတ္ခြဲခန္း၏စံခ်ိန္ကို ရန္ကုန္ႏွင့္ မႏၱေလးရိွ ဓါတ္ခြဲခန္းမ်ား စံခ်ိန္အတိုင္း တည္ေဆာက္ ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးတွင် လယ်ယာမြေများ၏ မြေဆီလွှာ အခြေအနေအား မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၏ မြေဆီလွှာဓာတ်ခွဲခန်းတွင် စစ်ဆေးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

"ဓာတ်ခွဲခန်းက ၂၀၁၇ခုနှစ် (၁၀) လပိုင်းကတည်းက လည်ပတ်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဓာတ် ခွဲခန်းမှာ မြေဆီလွှာ စမ်းသပ်ခြင်းအားဖြင့် ကိုယ့်လယ်ယာမြေမှာ ဘယ်လိုအာဟာရဓာတ်တွေ ချို့တဲ့နေ တယ်။ ဘယ်လိုအာဟာရဓာတ်တွေရှိနေတယ်ဆိုတာ အချိန်ပိုင်းအတွင်းမှာ သိရှိနိုင်ပြီး ဘယ်လိုမြသြေဇာ ကို ဘယ်လောက်သုံးစွဲရမယ်ဆိုတာ တောင်သူတွေ သိရှိနိုင်မှာဖြစ်ပါတယ်"ဟု တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဓာတ်ခွဲခန်းအဆောက်အဦအား တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုငွေ ကျပ် သိန်း(၂၅၀)၊ ဓာတ်ခွဲခန်းသုံး ပစ္စည်း အတွက် ကျပ် သိန်း(၅၀၀)ခန့်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ဓာတ်ခွဲခန်းသုံးပစ္စည်းများ ပြန် လည်ဖြည့်တင်းနိုင်ရန်အတွက် သင့်တင့်လျောက်ပတ်သောနှုန်းထားဖြင့် ဓာတ်ခွဲစမ်းသပ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ယခင်က မြေဆီလွှာစမ်းသပ်မှုများအတွက် ရန်ကုန်ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်၍ စစ်ဆေးမှုရလဒ်ကို အချိန်ပေးစောင့်ဆိုင်းရယူခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

"လယ်ယာမြေ တစ်ဧကမှာ အနည်းဆုံးနေရာ သုံးနေရာလောက်က မြေနမူနာကို စိုက်ပျိုးရေး ဝန်ထမ်းတွေက စနစ်တကျပြသပေးထားတဲ့အတိုင်း ဗွီပုံသဏ္ဍာန်ရယူပြီး ဓာတ်ခွဲခန်းကို ပို့ဆောင်ပေးတာနဲ့ ချက်ချင်းစမ်းသပ်ပြီး အဖြေထုတ်ပေးနိုင်မှာဖြစ်လို့ တောင်သူတွေအတွက် အချိန်ကြန့်ကြာမှု ဖြစ်စေတော့မှာ မဟုတ်ပါဘူး"ဟု တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

မြေဆီလွှာဓာတ်ခွဲခန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်လည်း ထူထောင်ထားပြီး မကွေးတိုင်းမှ ဓာတ်ခွဲခန်း၏စံချိန်ကို ရန်ကုန်နှင့် မန္တလေးရှိ ဓာတ်ခွဲခန်းများ စံချိန်အတိုင်း တည်ဆောက် ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~