Update News

တာခ်ီလိတ္ၿမိဳ႕နယ္စာေရးဆရာအသင္း၏ (၁၉)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္တြင္ စာေပေဟာေျပာပြဲ က်င္းပမည္


တာခ်ီလိတ္ၿမိဳ႕နယ္ စာေရးဆရာအသင္း ဖြ႔ဲစည္းျခင္း (၁၉)ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္  စာေရး ဆရာ/မ စုစုေပါင္း (၃)ဦး ပါ၀င္မည့္ စာေပေဟာေျပာပြဲကို တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမ၌္ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၅)ရက္ေန႔ ည(၇)နာရီအခ်ိန္တြင္ က်င္းပျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရသည္။

ႏွစ္ပတ္လည္ အထိမ္းအမွတ္ စာေပေဟာေျပာပြဲတြင္ စာေရးဆရာ/ကာတြန္းဆရာ ေအာ္ပီက်ယ္၊ စာေရးဆရာမမ်ား ျဖစ္သည့္ မိုးပန္းမြန္(ရာမည) ႏွင့္ ၀ါ၀ါထင္လင္း တို႔မွ ပါ၀င္ ေဟာေျပာမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ စာေရးဆရာအသင္းအား လက္ရွိတြင္ ဥကၠဌအျဖစ္ ဦးထိန္မင္း (မင္းေအးၿငိမ္းေစ်)က တာ၀န္ယူ ထားရွိၿပီး  တာခ်ီလိတ္ၿမိဳ႕နယ္ စာေရးဆရာမ်ားအသင္းရံုးႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ စာေရးဆရာမ်ားအသင္းမွ ႀကီးမွဴးကာ ဖြင့္လွစ္ထားသည့္ "ရည္ညႊန္းစာၾကည့္တိုက္"အား တာခ်ီလိတ္ၿမိဳ႕နယ္ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ သီရိမဂၤလာဆန္ဆိုင္း ဘုန္းႀကီးေက်ာင္း အေနာက္ဘက္တြင္  ပူးတြဲဖြင့္လွစ္ထားရွိေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ဖွဲ့စည်းခြင်း (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာရေး ဆရာ/မ စုစုပေါင်း (၃)ဦး ပါဝင်မည့် စာပေဟောပြောပွဲကို တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ ည(၇)နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

နှစ်ပတ်လည် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် စာရေးဆရာ/ကာတွန်းဆရာ အော်ပီကျယ်၊ စာရေးဆရာမများ ဖြစ်သည့် မိုးပန်းမွန်(ရာမည) နှင့် ဝါဝါထင်လင်း တို့မှ ပါဝင် ဟောပြောမည်ဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့နယ် စာရေးဆရာအသင်းအား လက်ရှိတွင် ဥက္ကဌအဖြစ် ဦးထိန်မင်း (မင်းအေးငြိမ်းဈေ)က တာဝန်ယူ ထားရှိပြီး တာချီလိတ်မြို့နယ် စာရေးဆရာများအသင်းရုံးနှင့် တာချီလိတ်မြို့နယ် စာရေးဆရာများအသင်းမှ ကြီးမှူးကာ ဖွင့်လှစ်ထားသည့် "ရည်ညွှန်းစာကြည့်တိုက်"အား တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ သီရိမင်္ဂလာဆန်ဆိုင်း ဘုန်းကြီးကျောင်း အနောက်ဘက်တွင် ပူးတွဲဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::