တာခ်ီလိတ္ၿမဳိ႕ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္း၏ ပညာေရးစံုညီပြဲေတာ္က်င္းပ

တာခ်ီလိတ္ၿမဳိ႕ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္း၏ ပညာေရးစံုညီပြဲေတာ္က်င္းပ
ဇန်နဝါရီ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမဳိ႕၌ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္အတြက္ ေရႊမဟာကုိယ္ပုိင္ အထက္တန္းေက်ာင္း၏ ပညာေရးစံုညီပဲြေတာ္ကုိ  ဇန္န၀ါရီလ (၇) ရက္ေန႔ ညေနပိုင္းက မကာဟုိခမ္းရပ္ကြက္ရွိ အဆုိပါ ေက်ာင္းတြင္ က်င္းပသည္။

ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ အားကစား၊ လူရည္ခၽြန္၊ ပန္းခ်ီ၊ ကာတြန္း၊  အဂၤလိပ္စာစြမ္းရည္၊ သခ်ၤာစြမ္းရည္၊ စာစီစာကံုး၊ ဉာဏ္စမ္းပေဟဠိ ၿပဳိင္ပဲြမ်ားတြင္ ထူးခၽြန္ဆုရ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္  ထူးခၽြန္စြာ ေအာင္ျမင္ေရး သင္ၾကားျပသေပးသည့္ ဆရာ၊ ဆရာမမ်ားအား ဂုဏ္ျပဳဆုမ်ားကုိလည္း အဆိုပါ အခမ္းအနားတြင္ ေပးအပ္ခဲ့သည္။

အဆိုပါ ပညာေရးစံုညီပဲြေတာ္အား  စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ ခရုိင္စီမံခန္႔ခဲြမႈေကာ္မတီဥကၠ႒ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊႏွင့္ တာ၀န္ရွိသူမ်ားက ဖဲႀကဳိးျဖတ္ဖြင့္လွစ္ေပးၿပီး ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ဂုဏ္ျပဳအမွာစကားေျပာၾကားျခင္း၊ မဇၥ်ိလူမႈကူညီေရးအသင္းဥကၠ႒  ဦးတင့္ေဆြက  ေက်ာင္းဖံြ႕ၿဖဳိးတုိးတက္ေရး ဆုိင္ရာမ်ားကုိ အႀကံျပဳ တင္ျပျခင္းႏွင့္  ေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္ျမင့္က ေက်ာင္း ၏ ႏွစ္အလိုက္ ပညာရည္ ထူးခၽြန္မႈမ်ားႏွင့္ ဘက္စံုဖံြ႕ၿဖဳိးတုိးတက္ေရး ေဆာင္ရြက္ေနမႈမ်ားကုိ ရွင္းလင္းေျပာၾကားခဲ့သည္။

ယင္းေနာက္ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားက တက္ေရာက္လာသူမ်ားအား တံခါးမွဴးဒတၱေအာ္ပရာျပဇာတ္ ႏွင့္အတူ သီဆိုကျပေဖ်ာ္ေျဖခဲ့ၾကသည္။

ဓါတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ (၇) ရက်နေ့ ညနေပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ အဆိုပါ ကျောင်းတွင် ကျင်းပသည်။

ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ အားကစား၊ လူရည်ချွန်၊ ပန်းချီ၊ ကာတွန်း၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်၊ စာစီစာကုံး၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများတွင် ထူးချွန်ဆုရ ကျောင်းသားကျောင်းသူများနှင့် ထူးချွန်စွာ အောင်မြင်ရေး သင်ကြားပြသပေးသည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများကိုလည်း အဆိုပါ အခမ်းအနားတွင် ပေးအပ်ခဲ့သည်။

အဆိုပါ ပညာရေးစုံညီပွဲတော်အား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ မဇ္ဈိလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင့်ဆွေက ကျောင်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို အကြံပြု တင်ပြခြင်းနှင့် ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က ကျောင်း၏ နှစ်အလိုက် ပညာရည် ထူးချွန်မှုများနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တက်ရောက်လာသူများအား တံခါးမှူးဒတ္တအော်ပရာပြဇာတ် နှင့်အတူ သီဆိုကပြဖျော်ဖြေခဲ့ကြသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~