ဗုဒ္ဓသာဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ အကြိမ်(၂၀)မြောက် သံဃာ့အစည်းအဝေး မှော်ဘီမြို့တွင် စတင်ကျင်းပနေသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ အကြိမ်(၂၀)မြောက် သံဃာ့အစည်းအဝေး မှော်ဘီမြို့တွင် စတင်ကျင်းပနေ

ဗုဒ္ဓသာဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ အကြိမ်(၂၀)မြောက် သံဃာ့အစည်းအဝေး မှော်ဘီမြို့တွင် စတင်ကျင်းပနေသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ အကြိမ်(၂၀)မြောက် သံဃာ့အစည်းအဝေး မှော်ဘီမြို့တွင် စတင်ကျင်းပနေ
ဇန်နဝါရီ 29, 2018
By Tachileik News Agency

ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ အကြိမ်(၂၀)မြောက် သံဃာ့အစည်းအဝေးကြီးအား ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ရှိ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒရာမကျောင်းတိုက်တွင် ၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၂၉)ရက်နေ့တွင် စတင် ကျင်းပပြုလုပ် နေလျက်ရှိကြောင်း သိရသည်။

အစည်းအဝေးကြီးသို့ နိုင်ငံတော်သြ၀ါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌရု၊ ရွှေကျင်နိကာယာဓိပတိ ဥက္ကဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ (၁၅)ပါးမြောက် ရွှေကျင်သာသနာပိုင် သက်တော်ရှည် ၀ိဇ္ဇေတာရုံဆရာတော် အပါအ၀င် ပြည်တွင်းမှ ရွှေကျင်နိကာယ ဆရာတော်သံဃာတော်(၇၉၃)ပါး နှင့် ပြည်ပမှ  ရွှေကျင်နိကာယ ဆရာတော်သံဃာတော်(၅၂)ပါး စုစုပေါင်း (၈၁၈)ပါး တက်ရောက်တော်မူကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကြီးအား ၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၂၉)ရက်နေ့မှ ဇန်န၀ါ၇ီလ(၃၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ  ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်  မဟာဂန္တ၀ါစကပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာစရိယ၊ Ph.D (Vipassana Bhavana MCU)(Thailand)အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တ၀ိရောစနလည်း တက်ရောက်တော်မူနေလျက်ရှိကြောင်း သိရှိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ အကြိမ်(၂၀)မြောက် သံဃာ့အစည်းအေဝးကြီးအား ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်တွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့တွင် စတင် ကျင်းပပြုလုပ် နေလျက်ရှိကြောင်း သိရသည်။

အစည်းအေဝးကြီးသို့ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌရု၊ ရွှေကျင်နိကာယာဓိပတိ ဥက္ကဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ (၁၅)ပါးမြောက် ရွှေကျင်သာသနာပိုင် သက်တော်ရှည် ဝိဇ္ဇတောရုံဆရာတော် အပါအဝင် ပြည်တွင်းမှ ရွှေကျင်နိကာယ ဆရာတော်သံဃာတော်(၇၉၃)ပါး နှင့် ပြည်ပမှ ရွှေကျင်နိကာယ ဆရာတော်သံဃာတော်(၅၂)ပါး စုစုပေါင်း (၈၁၈)ပါး တက်ရောက်တော်မူကြောင်း သိရသည်။

အဆိုပါ အစည်းအေဝးကြီးအား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့မှ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအေဝးသို့ မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာစရိယ၊ Ph.D (Vipassana Bhavana MCU)(Thailand)အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တဝိရောစနလည်း တက်ရောက်တော်မူနေလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဟေမာန်ဦး(ငွေတောင်ဦး)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~