ေနာင္ခ်ိဳႏွင့္ ေက်ာက္မဲၾကား ဂုတ္တြင္းလမ္းပိုင္းတြင္ ႏွစ္သစ္ကူးကာလ ယာဥ္ေၾကာပိတ္ဆို႔မႈ စံခ်ိန္တင္ၾကာျမင့္

ေနာင္ခ်ိဳႏွင့္ ေက်ာက္မဲၾကား ဂုတ္တြင္းလမ္းပိုင္းတြင္ ႏွစ္သစ္ကူးကာလ ယာဥ္ေၾကာပိတ္ဆို႔မႈ စံခ်ိန္တင္ၾကာျမင့္
ဇန်နဝါရီ 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕အၾကားရွိ ဂုတ္တြင္းလမ္းပိုင္းတြင္ ႏွစ္သစ္ကူး ကာလအတြင္း ယာဥ္ေၾကာပိတ္ဆို႔မႈၾကာခ်ိန္ စံခ်ိန္တင္ျဖစ္ပြားၿပီး ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔ နံနက္ပိုင္းအထိ ကားအစီးေရ (၂၀၀၀) ခန္႔ ပိတ္မိေနဆဲျဖစ္ေၾကာင္းသိရသည္။

“ယာဥ္ထိန္းတပ္ဖြဲ႔ကေတာ့ ေက်ာက္မဲယာဥ္ထိန္းတပ္ဖြဲ႔ရယ္၊ ေနာင္ခ်ိဳယာဥ္ထိန္း တပ္ဖြဲ႔ရယ္ လမ္းရွင္းေပးေနတာေပါ့။ ဒီဇင္ဘာလ (၂၉)ရက္ေန႔ ညပိုင္းမွာ ခဏပြင့္တယ္။ (၃၁)ရက္ေန႔ညပိုင္းမွာ လံုးဝျပန္ပိတ္သြားတယ္။ အခု (၁) ရက္ေန႔ မနက္ပိုင္းမွာ ေက်ာက္မဲရဲတပ္ဖြဲ႔နဲ႔ ေက်ာက္မဲယာဥ္ထိန္းတပ္ဖြဲ႔၊ OHC (Oriental Highway Co.ltd ) ကအဖြဲ႔ေတြနဲ႔ ပူးေပါင္းၿပီး လမ္းတစ္ေလ်ွာက္မွာ ႏွစ္ထပ္၊ သံုးထပ္ ျဖစ္ေနတဲ့ယာဥ္ေတြကို စနစ္တက် ျဖစ္ေအာင္ လိုက္ရွင္းေပးေနပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မ ရဲတပ္ဖြ႔ဲမွ ဒုရဲအုပ္ေကာင္းျမတ္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ဂုတ္တြင္းလမ္းပိုင္းတြင္ ဒီဇင္ဘာလ (၂၉)ရက္ေန႔က ယာဥ္ေၾကာစတင္ပိတ္ဆို႔ခဲ့ရာ အတက္ကားမ်ားႏွင့္ အဆင္းကားမ်ားကို အခ်ိန္ပိုင္းျဖင့္ အလွည့္က် လမ္းဖြင့္ေပးျခင္း၊ ယာဥ္ႏွစ္ထပ္ သံုးထပ္ ရပ္တန္႔ ထားျခင္းမ်ားကို လိုက္လံ ရွင္းလင္းေပးျခင္းတို႔ ျပဳလုပ္ခဲ့ေသာ္လည္း ဂုတ္တြင္းလမ္းအတြင္း ေမာ္ေတာ္ယာဥ္ စက္ခ်ိဳ႕ယြင္းမႈ တစ္ရက္အတြင္း (၃)ႀကိမ္ ျဖစ္ပြားခဲ့သျဖင့္ ယာဥ္ေၾကာပိတ္ဆို႔မႈၾကာခ်ိန္ စံခ်ိန္တင္ ျဖစ္ပြားသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ေက်ာက္မဲ တိုးဂိတ္ရယ္ သီေပါ တိုးဂိတ္ရယ္ ႏွစ္ခုစလံုးမွာ အဆင္းကားေတြကို အခ်ိန္ပိုင္းနဲ႔ပိတ္ၿပီး တားေပး ထားတယ္။ (၁) ရက္ေန႔ မနက္ပိုင္းအထိ အဆင္းကား၊ အတက္ကား ပိတ္မိေနတာက အစီးေရ (၂၀၀၀) ေက်ာ္ ရွိတယ္။ ဂုတ္တြင္းပိတ္ေနတဲ့ေနရာမွာလည္း OHC က ဝန္ထမ္းေတြက ယာဥ္ထိန္းေတြ ရဲတပ္ဖြဲ႔ေတြနဲ႔အတူ လမ္းရွင္းလင္းေရးအတြက္ ကူညီေဆာင္ရြက္ေပးေနပါတယ္။ ဒီေန႔ လံုးဝျပန္ပြင့္မယ္လို႔ ေမ်ွာ္လင့္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ရွိ Oriental Highway Co.ltd မွ စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ယာဥ္ပိတ္ဆို႔မႈ ရက္ၾကာျမင့္ျခင္းေၾကာင့္ ဂုတ္တြင္းတြင္ရပ္နားထားရသည့္ ကားမ်ားမွ ဒရိုင္ဘာမ်ား၊ ခရီးသည္မ်ားအတြက္ ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ ေစတနာရွင္မ်ားက စားေသာက္စရာမ်ားအား တစ္ပိုင္တစ္ႏိုင္ သြားေရာက္လွဴဒါန္းမႈ ျပဳလုပ္ေပးလ်ွက္ရွိေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - KMK



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် နှစ်သစ်ကူး ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုကြာချိန် စံချိန်တင်ဖြစ်ပွားပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ နံနက်ပိုင်းအထိ ကားအစီးရေ (၂၀၀၀) ခန့် ပိတ်မိနေဆဲဖြစ်ကြောင်းသိရသည်။

“ယာဉ်ထိန်းတပ်ဖွဲ့ကတော့ ကျောက်မဲယာဉ်ထိန်းတပ်ဖွဲ့ရယ်၊ နောင်ချိုယာဉ်ထိန်း တပ်ဖွဲ့ရယ် လမ်းရှင်းပေးနေတာပေါ့။ ဒီဇင်ဘာလ (၂၉)ရက်နေ့ ညပိုင်းမှာ ခဏပွင့်တယ်။ (၃၁)ရက်နေ့ညပိုင်းမှာ လုံးဝပြန်ပိတ်သွားတယ်။ အခု (၁) ရက်နေ့ မနက်ပိုင်းမှာ ကျောက်မဲရဲတပ်ဖွဲ့နဲ့ ကျောက်မဲယာဉ်ထိန်းတပ်ဖွဲ့၊ OHC (Oriental Highway Co.ltd ) ကအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လမ်းတစ်လျှောက်မှာ နှစ်ထပ်၊ သုံးထပ် ဖြစ်နေတဲ့ယာဉ်တွေကို စနစ်တကျ ဖြစ်အောင် လိုက်ရှင်းပေးနေပါတယ်”ဟု ကျောက်မဲမြို့ မြို့မ ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကောင်းမြတ်ကျော်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ဂုတ်တွင်းလမ်းပိုင်းတွင် ဒီဇင်ဘာလ (၂၉)ရက်နေ့က ယာဉ်ကြောစတင်ပိတ်ဆို့ခဲ့ရာ အတက်ကားများနှင့် အဆင်းကားများကို အချိန်ပိုင်းဖြင့် အလှည့်ကျ လမ်းဖွင့်ပေးခြင်း၊ ယာဉ်နှစ်ထပ် သုံးထပ် ရပ်တန့် ထားခြင်းများကို လိုက်လံ ရှင်းလင်းပေးခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ဂုတ်တွင်းလမ်းအတွင်း မော်တော်ယာဉ် စက်ချို့ယွင်းမှု တစ်ရက်အတွင်း (၃)ကြိမ် ဖြစ်ပွားခဲ့သဖြင့် ယာဉ်ကြောပိတ်ဆို့မှုကြာချိန် စံချိန်တင် ဖြစ်ပွားသွားခြင်းဖြစ်ကြောင်း သိရသည်။

“ကျောက်မဲ တိုးဂိတ်ရယ် သီပေါ တိုးဂိတ်ရယ် နှစ်ခုစလုံးမှာ အဆင်းကားတွေကို အချိန်ပိုင်းနဲ့ပိတ်ပြီး တားပေး ထားတယ်။ (၁) ရက်နေ့ မနက်ပိုင်းအထိ အဆင်းကား၊ အတက်ကား ပိတ်မိနေတာက အစီးရေ (၂၀၀၀) ကျော် ရှိတယ်။ ဂုတ်တွင်းပိတ်နေတဲ့နေရာမှာလည်း OHC က ဝန်ထမ်းတွေက ယာဉ်ထိန်းတွေ ရဲတပ်ဖွဲ့တွေနဲ့အတူ လမ်းရှင်းလင်းရေးအတွက် ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒီနေ့ လုံးဝပြန်ပွင့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ကျောက်မဲမြို့ရှိ Oriental Highway Co.ltd မှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ယာဉ်ပိတ်ဆို့မှု ရက်ကြာမြင့်ခြင်းကြောင့် ဂုတ်တွင်းတွင်ရပ်နားထားရသည့် ကားများမှ ဒရိုင်ဘာများ၊ ခရီးသည်များအတွက် ကျောက်မဲမြို့နယ်အတွင်းရှိ စေတနာရှင်များက စားသောက်စရာများအား တစ်ပိုင်တစ်နိုင် သွားရောက်လှူဒါန်းမှု ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ - KMK

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~