တာချီလိတ်ရှိ နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့်အထက်တန်းကျောင်း ( NIEC ) က ပထမအကြိမ် မိဘဆရာကျောင်းသားစုံညီပွဲတော် ကျင်းပ

တာချီလိတ်ရှိ နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့်အထက်တန်းကျောင်း ( NIEC ) က ပထမအကြိမ် မိဘဆရာကျောင်းသားစုံညီပွဲတော် ကျင်းပ
ဇနျနဝါရီ 27, 2018
By Tachileik News Agency


"အခုလို လုပ်ဖြစ်တာက ပထမဆုံးအကြိမ်ပါ၊ အဓိက ကတော့ ကျောင်းသား မိဘတွေနဲ့ ဆရာ/မတွေ ကျောင်းသားတွေ တွေ့ဆုံပြီး ပိုမိုရင်းနှီးအောင်လည်း ဖြစ်ပါတယ်၊ နောက်တစ်ခုက NIEC ကနေ တစ်နှစ်တာအတွင်း ပညာသင်ကြားပေးထားတဲ့ ကလေးတွေရဲ့ ပညာရေးအခြေအနေ ဘယ်လောက်ထိ တိုးတက်နေပြီလည်းဆိုတာကိုလည်း မိဘတွေကို သိစေချင်လို့ ဒီပွဲကို ကျင်းပပြုလုပ်ဖြစ်တာပါ"ဟု တာချီလိတ်မြို့ နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့်အထက်တန်းကျောင်း ( NIEC )အား ဖွင့်လှစ် တည်ထောင်သူ ဒေါ်မီဒေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


တာချီလိတ်ရှိ  နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့်အထက်တန်းကျောင်း ( The Nelson International Education Center - NIEC )အား ၂၀၁၄ခုနှစ် ဇွန်လ(၁၆)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွင်း အသက်(၂)နှစ်ခွဲမှ အသက်(၁၆)နှစ်ဝန်းကျင်အထိ ပညာ သင်ယူနေကြသူမှာ စုစုပေါင်း (၂၀၀)၀န်းကျင် ရှိကြောင်းနှင့် အဆိုပါ ကျောင်းမှ အဓိကအားဖြင့် အင်္ဂလိပ် ဘာသာရပ်များ၊ အားကစားနည်းများ၊ ကွန်ပျူတာပိုင်းဆိုင်ရာပညာများ၊ ဂီတနှင့်ပန်းချီ ပညာများ အပြင် နိုင်ငံတကာကျောင်းများနည်းတူ ဘာသာရပ်များစွာ ကိုလည်း စုပေါင်း သင်ကြားပေးနေလျက် ရှိကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ ပုံလို့လမ်းတွင် ဖွင့်လှစ်ထားရှိသည့် နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့်အထက်တန်းကျောင်း ( NIEC ) က ပထမအကြိမ်အဖြစ် မိဘ/ဆရာ/ကျောင်းသား မျက်နှာစုံညီ ပွဲတော်အား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ ညက ကျင်းပပြုလုပ်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/မများဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"အခုလို လုပ်ဖြစ်တာက ပထမဆုံးအကြိမ်ပါ၊ အဓိက ကတော့ ကျောင်းသား မိဘတွေနဲ့ ဆရာ/မတွေ ကျောင်းသားတွေ တွေ့ဆုံပြီး ပိုမိုရင်းနှီးအောင်လည်း ဖြစ်ပါတယ်၊ နောက်တစ်ခုက NIEC ကနေ တစ်နှစ်တာအတွင်း ပညာသင်ကြားပေးထားတဲ့ ကလေးတွေရဲ့ ပညာရေးအခြေအနေ ဘယ်လောက်ထိ တိုးတက်နပြေီလည်းဆိုတာကိုလည်း မိဘတွေကို သိစေချင်လို့ ဒီပွဲကို ကျင်းပပြုလုပ်ဖြစ်တာပါ"ဟု တာချီလိတ်မြို့ နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့်အထက်တန်းကျောင်း ( NIEC )အား ဖွင့်လှစ်တည်ထောင်သူ ဒေါ်မီဒေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပွဲတော်အား ညနေပိုင်းတွင် စတင်ကျင်းပပြုလုပ်ကာ နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့်အထက်တန်းကျောင်း ( NIEC ) တွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူလေးများက အဆို အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဂိမ်းကစားပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့ကြကြောင်းနှင့် NIEC မှ ဆရာ/မများကလည်း ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်ရှိ နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့်အထက်တန်းကျောင်း ( The Nelson International Education Center - NIEC )အား ၂၀၁၄ခုနှစ် ဇွန်လ(၁၆)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွင်း အသက်(၂)နှစ်ခွဲမှ အသက်(၁၆)နှစ်ဝန်းကျင်အထိ ပညာသင်ယူနကြေသူမှာ စုစုပေါင်း (၂၀၀)ဝန်းကျင် ရှိကြောင်းနှင့် အဆိုပါ ကျောင်းမှ အဓိကအားဖြင့် အင်္ဂလိပ်ဘာသာရပ်များ၊ အားကစားနည်းများ၊ ကွန်ပျူတာပိုင်းဆိုင်ရာပညာများ၊ ဂီတနှင့်ပန်းချီ ပညာများအပြင် နိုင်ငံတကာကျောင်းများနည်းတူ ဘာသာရပ်များစွာ ကိုလည်း စုပေါင်း သင်ကြားပေးနေလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~