ကျိုင်းတုံနှင့် တာချီလိတ်ခရိုင်များတွင် ကျောင်းပြင်ပအခြေခံပညာသင်ကြားရေးအစီအစဉ် စတင်
ကျိုင်းတုံနှင့် တာချီလိတ်ခရိုင်များတွင် ကျောင်းပြင်ပအခြေခံပညာသင်ကြားရေးအစီအစဉ် စတင်
ဇနျနဝါရီ 22, 2018
By 🌸
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်တို့တွင် ရှမ်းပြည်နယ်အစိုးရနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းမနေဘူးသူများနှင့် ကျောင်းနေရန် အသက်လွန်နေသူများအတွက် အခြေခံပညာသင်ကြားရေးစာဖတ်ဝိုင်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစတင်ဆောင်ရွက်နေကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်း၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု ၊ မြို့နယ်လက်ထောက်ပညာရေးမှူးဦးညွှန့်ဝင်းနှင့် ဖန်မင် အုပ်စုအုပ်ချုပ်ရေးမှူး ဦးလှသိန်းတို့ပါဝင်သောအဖွဲ့သည် ဇန်နဝါရီလ (၂၁)ရက်နေ့က တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု ရှိ အခြေခံစာတတ်မြောက်ရေး သင်ကြားနေသော စာဖတ်ဝိုင်း(၂)၀ိုင်းသို့ သွားရောက်ကြည့်ရှုပြီး စာသင်ဝိုင်းများဖွင့်လှစ်နိုင်မှုအခြေအနေများကို လေ့လာခဲ့ကြောင်း သိရသည်။
သတင်း #ချယ်ရီထိုက်
~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံနှင့် တာချီလိတ်ခရို်င်များတွင် ကျောင်းပြင်ပအခြေခံပညာသင်ကြားရေးအစီအစဉ် စတင်
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရို်င်တို့တွင် ရှမ်းပြည်နယ်အစိုးရနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းမနေဘူးသူများနှင့် ကျောင်းနေရန် အသက်လွန်နေသူများအတွက် အခြေခံပညာသင်ကြားရေးစာဖတ်ဝိုင်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစတင်ဆောင်ရွက်နေကြောင်း သိရသည်။
 “ကျောင်းပြင်ပနဲ့ တစ်သက်တာပညာရေးဦးစီးဌာနဆိိုတာ စာမသင်ခဲ့ရသူတွေ၊ ကျောင်းနေအရွယ် လွန်သွားသူတွေကို အခြေခံစာတတ်မြောက်အောင် လုပ်ပေးတာပေါ့။ အဓိကကတော့ ကျွန်တော်တို့ ဦးစီးဌာနက အဓိကလုပ်ပေးနေတာကတော့ ကျောင်းပြင်ပ မူလတန်းပညာရေးနဲ့ ကျောင်းပြင်ပ အလယ်တန်းပညာရေးအတွက်ပါ။ အခုဒီရှမ်းအရှေ့မှာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ ပူးပေါင်းပြီးတော့ ပြည်နယ်အစိုးရဘက်က လုံခြုံရေးပေးနိုင်တဲ့ဒေသတွေကို ကျွန်တော်တို့ ဦးစီးဌာနက ပညာရှင်တွေ လွှတ်ပေးပြီးတော့ ဆရာဖြစ်သင်တန်းလိုမျိုး သင်ပေးတာပေါ့။ နောက်စာသင်ဝိုင်းတွေ၊ ဒေသန္တရဆရာ၊ဆရာမတွေအတွက် စရိတ်ထောက်ပံ့ပေးတာတွေ လုပ်ပေးပါတယ်။ စာသင်သားတွေအတွက် သင်ရိုးညွှန်းတမ်းစာအုပ်၊ စာရေးကိရိယာတို့တွေကို ပံ့ပိုးပေးပါတယ်”ဟု ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ အစီအစဉ်ကို ၂၀၁၇ ခုနှစ်က ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်တွင် အကောင်အထည်ဖေါ်ခဲ့ရာ စာသင်သားပေါင်း (၂၇၀၀၀)ကျော်ကို သင်ကြားပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း ခရိုင်နှစ်ခုရှိ မြို့နယ် (၇)ခုတွင် စတင်အကောင်အထည်ဖေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခုဒီနှစ်မှာတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းကို အကောင်အထည်ဖေါ်ရာမှာ ကျိုင်းတုံခရိုင်နဲ့ တာချီလိတ်ခရိုင်အတွင်း  ပြည်နယ်အစိုးရအနေနဲ့ လုံခြံုရေးအာမခံချက်ပေးနိုင်တဲ့ မြို့နယ် (၇)မြို့နယ်မှာ အကောင်အထည်ဖေါ်နေပါတယ်။ အခုစာသင်ဝိုင်းတွေကို လှည့်ကြည့်ရှုတော့ သူတို့တွေ စာဆက်သင်ချင်တယ်ဆိုတာ သိခဲ့ရတယ်။ စာသင်ဝိုင်းတွေကို စာသင်ကျောင်းတွေဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းပဲဖြစ်ဖြစ်၊ စာကြည့်တိုက်တွေပဲဖြစ်ဖြစ် ဖွင့်လို့ရပါတယ်။ စာသင်ဝိုင်းဖွင့်ချင်တဲ့နေရာတွေရှိရင် ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။ မြို့နယ်တွေမှာ လုံခြံုရေးအကန့်အသတ်ရှိရင်တော့ မဆောင်ရွက်နိုင်ဘူးပေါ့”ဟု ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက ပြောသည်။
ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်း၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု ၊ မြို့နယ်လက်ထောက်ပညာရေးမှူးဦးညွွှန့်ဝင်းနှင့် ဖန်မင် အုပ်စုအုပ်ချုပ်ရေးမှူး ဦးလှသိန်းတို့ပါ၀င်သောအဖွဲ့သည် ဇန်နဝါရီလ (၂၁)ရက်နေ့က တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု ရှိ အခြေခံစာတတ်မြောက်ရေး သင်ကြားနေသော စာဖတ်ဝိုင်း(၂)၀ုိင်းသို့ သွားရောက်ကြည့်ရှုပြီး စာသင်ဝိုင်းများဖွင့်လှစ်နိုင်မှုအခြေအနေများကို လေ့လာခဲ့ကြောင်း သိရသည်။
သတင်း #ချယ်ရီထိုက်
 ဓါတ်ပုံ #ခရိုင်ထွေ/အုပ်၊ပညာရေး
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~