မိုင္းေယာင္းၿမိဳ႕နယ္အတြင္းရွိ လမ္းခင္းလုပ္သားမ်ား ႏွင့္ ေဒသခံမ်ားအား မူးယစ္အႏၱရာယ္ အသိပညာေပး

မိုင္းေယာင္းၿမိဳ႕နယ္အတြင္းရွိ လမ္းခင္းလုပ္သားမ်ား ႏွင့္ ေဒသခံမ်ားအား မူးယစ္အႏၱရာယ္ အသိပညာေပး
ဇန်နဝါရီ 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္၊ မုိင္းဟန္ရြာတြင္ မူးယစ္ေဆးဝါးအႏၱရာယ္ ဆိုးက်ိဳးမ်ားႏွင့္ ပတ္သက္၍ အသိပညာေပးေဟာေျပာပြဲအား ဇန္နဝါရီလ (၉)ရက္ေန႔က ႏွစ္ေနရာက်င္းပ ေဟာေျပာေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးအႏၱရာယ္၏ ဆိုးက်ိဳးမ်ား၊ ျပစ္မႈျပစ္ဒဏ္မ်ားႏွင့္ မူးယစ္ေဆးဝါးေရာင္းဝယ္/သံုးစြဲျခင္း၏ ဆိုးက်ိဳး ရလဒ္မ်ားအား မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္ေအာင္သူမိုးက မိုင္းဟန္ရြာတြင္ ေဟာေျပာရာ ေဟာေျပာပြဲသို႔ ရြာသူႀကီး ဦးအုိက္ဖ၊ အမက (မိုင္းဟန္)မွ ေက်ာင္းအုပ္ဆရာမ ေဒၚညိဳညိဳဝင္းႏွင့္ ရြာသူရြာသား စုစုေပါင္း (၃၅)ဦး တက္ေရာက္ၾကေၾကာင္း သိရသည္။

ဆက္လက္၍မုိင္းေယာင္းၿမိဳ႕နယ္ မုန္းလုိက္ေက်းရြာအုပ္စုရွိ ပန္မၾကဴရြာႏွင့္ မုိင္းဟန္ရြာၾကား မုိင္းျဖတ္ - မုိင္းေယာင္းလမ္းမွ လမ္းခင္းလုပ္သားေခါင္း ဦးၿဖိဳးေငြထြန္းႏွင့္ လမ္းခင္းလုပ္သား (၃၀)ဦးတို႔ကိုလည္း အသိပညာေပး ေဟာေျပာေဆြးေႏြးခဲ့ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းဟန်ရွာတွင် မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲအား ဇန်နဝါရီလ (၉)ရက်နေ့က နှစ်နေရာကျင်းပ ဟောပြောကြောင်း သိရသည်။

မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲခြင်း၏ ဆိုးကျိုး ရလဒ်များအား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်အောင်သူမိုးက မိုင်းဟန်ရွာတွင် ဟောပြောရာ ဟောပြောပွဲသို့ ရွာသူကြီး ဦးအိုက်ဖ၊ အမက (မိုင်းဟန်)မှ ကျောင်းအုပ်ဆရာမ ဒေါ်ညိုညိုဝင်းနှင့် ရွာသူရွာသား စုစုပေါင်း (၃၅)ဦး တက်ရောက်ကြကြောင်း သိရသည်။

ဆက်လက်၍မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စုရှိ ပန်မကြူရွာနှင့် မိုင်းဟန်ရွာကြား မိုင်းဖြတ် - မိုင်းယောင်းလမ်းမှ လမ်းခင်းလုပ်သားခေါင်း ဦးဖြိုးငွေထွန်းနှင့် လမ်းခင်းလုပ်သား (၃၀)ဦးတို့ကိုလည်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~