မူဆယ္ခရိုင္ မုိင္းယု ၁၀၅ မုိင္စခန္းတြင္ မေပါက္ကြဲေသးသည့္ မုိင္းေတြ႔ရိွ

မူဆယ္ခရိုင္ မုိင္းယု ၁၀၅ မုိင္စခန္းတြင္ မေပါက္ကြဲေသးသည့္ မုိင္းေတြ႔ရိွ
ဇန်နဝါရီ 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ခရိုင္ မိုင္းယု(၁၀၅)မိုင္ စစ္ေဆးေရးဂိတ္နယ္နိမိတ္အတြင္း ဇန္နဝါရီလ (၆)ရက္ေန႔ နံနက္ (၉)နာရီခန္႔က မေပါက္ကြဲေသးသည့္ မိုင္းေဟာင္းတစ္လံုးအား ဝန္ထမ္းတစ္ဦးက ေတြ႔ရွိသျဖင့္ နယ္ေျမခံစစ္တပ္မွ သက္မဲ့ျပဳလုပ္ရွင္းလင္းေပးခဲ့ေၾကာင္း မူဆယ္ခရိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

“အရင္တစ္ေခါက္က သက္မဲ့မိုင္းတစ္လံုးေတြ႔တဲ့ ေနရာအနီးမွာပဲ ဒီေန႔မနက္ထပ္ေတြ႔တာျဖစ္ပါတယ္။ မနက္ (၉) နာရီေလာက္မွာ ေတြ႔တာပါ။ နယ္ေျမခံ စစ္တပ္ကပဲ အဲဒီကိုသြားၿပီး အဲဒီမိုင္းကို နံနက္ (၁၀)နာရီ(၅၅) မိနစ္ေလာက္မွာ သက္မဲ့ျပဳလုပ္ ရွင္းလင္းၿပီး ျဖစ္ပါတယ္”ဟု မူဆယ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ အရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုင္းယု(၁၀၅) မိုင္ ယာဥ္ရပ္နားစခန္းတစ္ခု၏ ဝန္ထမ္းတစ္ဦးသည္ ဇန္နဝါရီလ(၆) ရက္ေန႔ နံနက္ပိုင္းက အနီး ပတ္ဝန္းက်င္တြင္ သန္႔ရွင္းေရးလုပ္ေဆာင္ေနစဥ္ ၿခံဳပုတ္တစ္ခုအတြင္း မေပါက္ကြဲေသးသည့္ မိုင္းတစ္လံုးအား ေတြ႔ရွိခဲ့သျဖင့္ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားရာမွ နယ္ေျမခံစစ္တပ္က လာေရာက္ စစ္ေဆးကာ သက္မဲ့ ျပဳလုပ္၍ ရွင္းလင္းေပးခဲ့ၿပီး အနီးပတ္ဝန္းက်င္တြင္ ရွာေဖြရွင္းလင္းမႈမ်ား လုပ္ေဆာင္ထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မိုင်းယု(၁၀၅)မိုင် စစ်ဆေးရေးဂိတ်နယ်နိမိတ်အတွင်း ဇန်နဝါရီလ (၆)ရက်နေ့ နံနက် (၉)နာရီခန့်က မပေါက်ကွဲသေးသည့် မိုင်းဟောင်းတစ်လုံးအား ဝန်ထမ်းတစ်ဦးက တွေ့ရှိသဖြင့် နယ်မြေခံစစ်တပ်မှ သက်မဲ့ပြုလုပ်ရှင်းလင်းပေးခဲ့ကြောင်း မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“အရင်တစ်ခေါက်က သက်မဲ့မိုင်းတစ်လုံးတွေ့တဲ့ နေရာအနီးမှာပဲ ဒီနေ့မနက်ထပ်တွေ့တာဖြစ်ပါတယ်။ မနက် (၉) နာရီလောက်မှာ တွေ့တာပါ။ နယ်မြေခံ စစ်တပ်ကပဲ အဲဒီကိုသွားပြီး အဲဒီမိုင်းကို နံနက် (၁၀)နာရီ(၅၅) မိနစ်လောက်မှာ သက်မဲ့ပြုလုပ် ရှင်းလင်းပြီး ဖြစ်ပါတယ်”ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းယု(၁၀၅) မိုင် ယာဉ်ရပ်နားစခန်းတစ်ခု၏ ဝန်ထမ်းတစ်ဦးသည် ဇန်နဝါရီလ(၆) ရက်နေ့ နံနက်ပိုင်းက အနီး ပတ်ဝန်းကျင်တွင် သန့်ရှင်းရေးလုပ်ဆောင်နေစဉ် ခြုံပုတ်တစ်ခုအတွင်း မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးအား တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားရာမှ နယ်မြေခံစစ်တပ်က လာရောက် စစ်ဆေးကာ သက်မဲ့ ပြုလုပ်၍ ရှင်းလင်းပေးခဲ့ပြီး အနီးပတ်ဝန်းကျင်တွင် ရှာဖွေရှင်းလင်းမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~