မိုင္းတံု - တာဆန္းလမ္းတြင္ တရားမ၀င္ သစ္တင္ေဆာင္လာသည့္ သစ္တင္ကား ဘရိတ္ေပါက္၍ ေခ်ာက္တြင္းထုိးက်ရာမွ ယာဥ္ေနာက္လုိက္ ေသဆံုး

မိုင္းတံု - တာဆန္းလမ္းတြင္ တရားမ၀င္ သစ္တင္ေဆာင္လာသည့္ သစ္တင္ကား ဘရိတ္ေပါက္၍ ေခ်ာက္တြင္းထုိးက်ရာမွ ယာဥ္ေနာက္လုိက္ ေသဆံုး
ဇန်နဝါရီ 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခ႐ိုင္၊ မိုင္းတုံၿမိဳ႕နယ္ မိုင္းတံု - တာဆန္းလမ္းတြင္ တရားမဝင္သစ္မ်ား သယ္ေဆာင္လာသည့္ကား ဇန္န၀ါရီလ  (၅) ရက္ေန႔က တိမ္းေမွာက္သျဖင့္ ယာဥ္ေနာက္လိုက္ လူငယ္ေသဆံုးသြားေၾကာင္း သိရသည္။

မိုင္းတုံ - တာဆန္းသြား ကားလမ္းမေပၚ ေရႊေတာင္ႏွင့္ ေဂၚေတာၾကားရိွ ေတာင္သုံးလုံးမွ ပိေတာက္ ခဲြသားဆိုဒ္စုံ (၂ ဒႆမ ၃) တန္တင္ေဆာင္ၿပီး မိုင္းတုံဘက္သို႔ ေမာင္းႏွင္လာသည့္ ဒိုင္နာယာဥ္သည္ မိုင္တိုင္အမွတ္ ၂၃၁ ႏွင့္၂၃၂ ၾကား (၅)မိုင္ကုန္းဆင္းတြင္ ဘရိတ္ေပါက္ၿပီး ေပ(၅၀)ေက်ာ္ ေခ်ာက္ထဲသို႔ ထိုးက်တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္း စိုင္းေပါင္း၀မ္းမွာ ဒဏ္ရာရသြားၿပီး ယာဥ္ေနာက္လုိက္ ယားပါ (ခ)ဖိုးေဇာ္မွာ ေနရာတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈႏွင့္ ပတ္သက္၍ စိုင္းေပါင္း၀မ္းအား မိုင္းတုံၿမိဳ႕မရဲစခန္းတြင္ ယာဥ္(၁)၁/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၂၇၉၊ ၃၃၄၊ ၃၀၄(က)ျဖင့္  အမႈဖြင့္အေရးယူေဆာင္ရြက္ခဲ့ၿပီး သစ္ႏွင့္ပတ္သက္၍ ဥပေဒအရဆက္လက္ အေရး ယူေဆာင္ရြက္ရန္ စီစဥ္လ်က္ရိွေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #သန္းေဇာ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် မိုင်းတုံ - တာဆန်းလမ်းတွင် တရားမဝင်သစ်များ သယ်ဆောင်လာသည့်ကား ဇန်နဝါရီလ (၅) ရက်နေ့က တိမ်းမှောက်သဖြင့် ယာဉ်နောက်လိုက် လူငယ်သေဆုံးသွားကြောင်း သိရသည်။

မိုင်းတုံ - တာဆန်းသွား ကားလမ်းမပေါ် ရွှေတောင်နှင့် ဂေါ်တောကြားရှိ တောင်သုံးလုံးမှ ပိတောက် ခွဲသားဆိုဒ်စုံ (၂ ဒဿမ ၃) တန်တင်ဆောင်ပြီး မိုင်းတုံဘက်သို့ မောင်းနှင်လာသည့် ဒိုင်နာယာဉ်သည် မိုင်တိုင်အမှတ် ၂၃၁ နှင့်၂၃၂ ကြား (၅)မိုင်ကုန်းဆင်းတွင် ဘရိတ်ပေါက်ပြီး ပေ(၅၀)ကျော် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း စိုင်းပေါင်းဝမ်းမှာ ဒဏ်ရာရသွားပြီး ယာဉ်နောက်လိုက် ယားပါ (ခ)ဖိုးဇော်မှာ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ စိုင်းပေါင်းဝမ်းအား မိုင်းတုံမြို့မရဲစခန်းတွင် ယာဉ်(၁)၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉၊ ၃၃၄၊ ၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး သစ်နှင့်ပတ်သက်၍ ဥပဒေအရဆက်လက် အရေး ယူဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #သန်းဇော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~