ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၇၃ ဦး မြဝတီနယ်စပ်မှ ပြန်လည်ရောက်ရှိ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၇၃ ဦး မြဝတီနယ်စပ်မှ ပြန်လည်ရောက်ရှိ
ဇန်နဝါရီ 8, 2018
By Tachileik News Agency



ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေသစ်ကြောင့် အထောက်အထားမပြည့်စုံသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ နေရပ်ပြန်ဝင်လာနေရာ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ မြန်မာနိုင်ငံသား ဖြစ်ကြောင်းနှင့် ဥပဒေငြိစွန်းသူများ ပါဝင်လာခြင်းမရှိစေရေး သက်ဆိုင်ရာဌာနများ၏ စိစစ်မှုကို ခံယူပြီးနောက် နေရပ်ဒေသအသီးသီးသို့ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံနှင့်နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ဇန်နဝါရီလ (၇)ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား (၇၃)ဦး နေရပ်ပြန်ဝင်လာကြောင်း သိရသည်။

မြဝတီမြို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားမှ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား (၄၈)ဦးနှင့် အမျိုးသမီး (၂၅)ဦးတို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး၎င်းတို့ မူလနေရပ်ပြန်နိုင်ရေးအတွက် ဒေသတွင်း ဌာနဆိုင်ရာ တာဝန်ရှိသူများက ကူညီပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေသစ်ကြောင့် အထောက်အထားမပြည့်စုံသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ နေရပ်ပြန်ဝင်လာနေရာ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ မြန်မာနိုင်ငံသား ဖြစ်ကြောင်းနှင့် ဥပဒငြေိစွန်းသူများ ပါဝင်လာခြင်းမရှိစေရေး သက်ဆိုင်ရာဌာနများ၏ စိစစ်မှုကို ခံယူပြီးနောက် နေရပ်ဒေသအသီးသီးသို့ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~