မံုးကိုးၿမိဳ႕ မန္ဂ်က္ေက်းရြာတြင္ ထင္းခုတ္သြားသည့္ အမ်ဳိးသား(၅)ဦး မိုင္းနင္းမိ၍ ဒဏ္ရာရရွိ

မံုးကိုးၿမိဳ႕ မန္ဂ်က္ေက်းရြာတြင္ ထင္းခုတ္သြားသည့္ အမ်ဳိးသား(၅)ဦး မိုင္းနင္းမိ၍ ဒဏ္ရာရရွိ
ဇန်နဝါရီ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕နယ္၊ မုံးကိုးၿမိဳ႕၊ မန္ဂ်က္ေက်းရြာအနီး ေတာအတြင္း၌ ဇန္နဝါရီလ (၈)ရက္ေန႔က ထင္းခုတ္သြားသည့္ အမ်ိဳးသား (၅)ဦး မိုင္းနင္းမိ၍ ဒဏ္ရာအသီးသီးရသြားရာ ႏွစ္ဦးမွာ ဒဏ္ရာျပင္းထန္ေၾကာင္း သိရသည္။

မန္ဂ်က္ရြာအနီး ေတာအတြင္း၌ မံုးကိုးရြာသားမ်ားျဖစ္ေသာ သင္းေထာက္ ဝေယာေဇာင္းေခါင္၊ ဝေယာ ေခါင္ေဒါင္ဝ္၊ ဝေယာဒိုင္ေဇ၊ လုပ္ဆိန္း ယိန္းေယာ္ႏွင့္ ခ်ာေလာင္ဖာတို႔   နံနက္ (၁၁)နာရီ (၅၀)မိနစ္တြင္  မိုင္းႏွစ္လံုး နင္းမိ၍ ဦးဒိုင္ဇယ္ပါ ႏွစ္ ဦးတြင္ နဖူး/ဝဲမ်က္လုံး/ ယာေပါင္မိုင္းစထိမွန္၊ ဒူးေအာက္ပိုင္း ျပတ္ဒဏ္ရာမ်ား ရရိွသြားၿပီး ဦးယိမ္းေယာ့စ္ပါ ၃ဦး မိုင္းစထိမွန္ဒဏ္ရာမ်ား(မစိုးရိမ္ရ)ရရွိခဲ့ ေၾကာင္းသတင္း ရရွိပါသည္။

ဒဏ္ရာရလူနာမ်ားအား  တရုတ္ႏုိင္ငံ မန္စီၿမိဳ႕ရိွေဆးရံုတြင္ ပို႔ေဆာင္ကုသေပးေနေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်၊ မုံးကိုးမြို့၊ မန်ဂျက်ကျေးရွာအနီး တောအတွင်း၌ ဇန်နဝါရီလ (၈)ရက်နေ့က ထင်းခုတ်သွားသည့် အမျိုးသား (၅)ဦး မိုင်းနင်းမိ၍ ဒဏ်ရာအသီးသီးရသွားရာ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

မန်ဂျက်ရွာအနီး တောအတွင်း၌ မုံးကိုးရွာသားများဖြစ်သော သင်းထောက် ဝယောဇောင်းခေါင်၊ ဝယော ခေါင်ဒေါင်ဝ်၊ ဝယောဒိုင်ဇေ၊ လုပ်ဆိန်း ယိန်းယော်နှင့် ချာလောင်ဖာတို့ နံနက် (၁၁)နာရီ (၅၀)မိနစ်တွင် မိုင်းနှစ်လုံး နင်းမိ၍ ဦးဒိုင်ဇယ်ပါ နှစ် ဦးတွင် နဖူး/ဝဲမျက်လုံး/ ယာပေါင်မိုင်းစထိမှန်၊ ဒူးအောက်ပိုင်း ပြတ်ဒဏ်ရာများ ရရှိသွားပြီး ဦးယိမ်းယော့စ်ပါ ၃ဦး မိုင်းစထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ ကြောင်းသတင်း ရရှိပါသည်။

ဒဏ်ရာရလူနာများအား တရုတ်နိုင်ငံ မန်စီမြို့ရှိဆေးရုံတွင် ပို့ဆောင်ကုသပေးနေကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~