တာခ်ီလိတ္တြင္ ၿမဳိ႕နယ္(၉)ၿမဳိ႕နယ္မွ ပါ၀င္ယွဥ္ၿပိဳင္သည့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား အားကစားၿပိဳင္ပြဲမ်ား၏ မီနီမာရသြန္ၿပိဳင္ပြဲသို႔ ၿပိဳင္ပြဲ၀င္ (၅၀၀)ေက်ာ္ ပါ၀င္ယွဥ္ၿပိဳင္

တာခ်ီလိတ္တြင္ ၿမဳိ႕နယ္(၉)ၿမဳိ႕နယ္မွ ပါ၀င္ယွဥ္ၿပိဳင္သည့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား အားကစားၿပိဳင္ပြဲမ်ား၏ မီနီမာရသြန္ၿပိဳင္ပြဲသို႔ ၿပိဳင္ပြဲ၀င္ (၅၀၀)ေက်ာ္ ပါ၀င္ယွဥ္ၿပိဳင္
ဇန်နဝါရီ 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္(ဖလား)၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)အတြင္း ၿမဳိ႕နယ္မ်ားမွ ေက်ာင္းအေျချပဳ အသက္ (၂၀)ႏွစ္ေအာက္ အားကစားၿပဳိင္ပြဲမ်ားကို ဇန္န၀ါရီလ(၆)ရက္ေန႔က စတင္က်င္းပျပဳလုပ္ၿပီး ဇန္န၀ါရီလ(၇)ရက္ေန႔ နံနက္အေစာပိုင္းက မီနီမာရသြန္ၿပိဳင္ပြဲက်င္းပျပဳလုပ္ရာ ၀င္ေရာက္ယွဥ္ၿပိဳင္သူ ေက်ာင္းသား/သူ (၅၀၀)ေက်ာ္ရွိခဲ့ၿပီး ဆုရရွိသူမ်ားအား ျပည္နယ္အစိုးရအဖြဲ႔၀င္ ၀န္ႀကီးမ်ားက ဆုမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

မီနီမာရသြန္ၿပိဳင္ပြဲအား ျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္းက မိုးေပၚ ေသနတ္ပစ္ေဖာက္၍ စတင္ေပးခဲ့ၿပီး ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားမွ စတင္တာထြက္ကာ ေလယာဥ္ကြင္း လမ္းဆံုအထိ ေျပးခဲ့ၾကၿပီးေနာက္ ထိုမွတဆင့္ တာခ်ီလိတ္ၿမိဳ႕နယ္အားကစားကြင္းသို႔ ျပန္လည္၍ ပန္း၀င္လာခဲ့ၾကျခင္း ျဖစ္သည္။

ၿပိဳင္ပြဲတြင္ ဆုရရွိသူမ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ ျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာမ်ဳိးထြန္း၊ ျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း ႏွင့္ ျပည္နယ္သယံ ဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး၀န္ႀကီး ေဒါက္တာ ညီညီေအာင္၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးထန္အိတ္ ႏွင့္ တာ၀န္ရွိသူမ်ားက ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

တာခ်ီလိတ္တြင္ အဆိုပါ အားကစားၿပဳိင္ပဲြမ်ားကုိ ၿမဳိ႕နယ္အားကစားဖံြ႕ၿဖဳိးမႈအစီအစဥ္(TSDP)အရ က်င္းပျပဳလုပ္ျခင္းျဖစ္ၿပီး  မီနီမာရသြန္၊ ဖူဆယ္၊ ၾကက္ေတာင္ရုိက္၊ ပုိက္ေက်ာ္ျခင္း၊ ေျပးခုန္ပစ္၊ စားပဲြတင္တင္းနစ္ ၿပဳိင္ပဲြမ်ားကုိ  ဇန္န၀ါရီလ (၆) ရက္ေန႔မွ (၁၂) ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္ ၊ ခရိုင္ ေထြ/အုပ္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်ဝန်ကြီးချုပ်(ဖလား)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များမှ ကျောင်းအခြပြေု အသက် (၂၀)နှစ်အောက် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ(၆)ရက်နေ့က စတင်ကျင်းပပြုလုပ်ပြီး ဇန်နဝါရီလ(၇)ရက်နေ့ နံနက်အစောပိုင်းက မီနီမာရသွန်ပြိုင်ပွဲကျင်းပပြုလုပ်ရာ ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား/သူ (၅၀၀)ကျော်ရှိခဲ့ပြီး ဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မီနီမာရသွန်ပြိုင်ပွဲအား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက မိုးပေါ် သေနတ်ပစ်ဖောက်၍ စတင်ပေးခဲ့ပြီး မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှ စတင်တာထွက်ကာ လေယာဉ်ကွင်း လမ်းဆုံအထိ ပြေးခဲ့ကြပြီးနောက် ထိုမှတဆင့် တာချီလိတ်မြို့နယ်အားကစားကွင်းသို့ ပြန်လည်၍ ပန်းဝင်လာခဲ့ကြခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် ဆုရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း နှင့် ပြည်နယ်သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထန်အိတ် နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

တာချီလိတ်တွင် အဆိုပါ အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားဖွံ့ဖြိုးမှုအစီအစဉ်(TSDP)အရ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မီနီမာရသွန်၊ ဖူဆယ်၊ ကြက်တောင်ရိုက်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲများကို ဇန်နဝါရီလ (၆) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်၊ ခရိုင် ထွေ/အုပ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~