အသံချဲ့စက်နှင့် ဆောင်းဘောက်စ်များ အသုံးပြုမှုအပေါ် ဥပဒေနှင့်အညီ မကွေးတိုင်းအတွင်း ပိုမိုကြပ်မတ် ဆောင်ရွက်သွားမည်
အသံချဲ့စက်နှင့် ဆောင်းဘောက်စ်များ အသုံးပြုမှုအပေါ် ဥပဒေနှင့်အညီ မကွေးတိုင်းအတွင်း ပိုမိုကြပ်မတ် ဆောင်ရွက်သွားမည်
ဇနျနဝါရီ 18, 2018
By Tachileik News Agency
ဇန်နဝါရီ(၁၆)ရက်နေ့တွင် ပြုလုပ်သည့် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် စေတုတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်၏ မကွေးတိုင်းဒေသ ကြီးအတွင်း မြို့နယ်များ၌ ဘာသာရေး၊ လူမှုရေးပွဲများတွင် အသံချဲ့စက်များ၊ ဆောင်းဘောက်စ်များ အသုံးပြုနေမှုအား ဥပဒေနှင့် အညီအသုံးပြုရေး ပိုမိုကြပ်မတ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ၊ မရှိ သိလို ကြောင်း မေးမြန်းချက်အပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး က ယင်းသို့ဖြေကြားသွားခြင်းဖြစ်သည်။
ပြည်သူများခံစားနေရသည့် စိတ်ဖိစီးမှုများတွင် ဆူညံသံများ အဓိက ပါဝင်နေကြောင်း၊ ဘာသာရေး အလှူခံ မဏ္ဍပ်များနှင့် ဆွမ်းလောင်းအသင်းအချို့တွင် နေ့စဉ် နံနက်(၃)နာရီ(၄)နာရီမှစတင်၍ အသံချဲ့ စက်ဖြင့် နှိုးဆော်ခြင်း၊ ရွတ်ဖတ်ခြင်း၊ အလှူခံခြင်း၊ သီချင်းများ ဖွင့်ခြင်းတို့ကို မိုးလင်းမှ မိုးချုပ် လုပ်ဆောင် နေကြကြောင်း၊ အသံချဲ့စက်ဆိုင်ရာ ဥပဒေစည်းကမ်းများ ထုတ်ပြန်ထားသော်လည်း လိုက်နာမှု အားနည်းကြောင်း တင်ပြသွားသည်။
အဆိုပါ မေးမြန်းချက်အပေါ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက အသံချဲ့စက်နှင့် ဆောင်း ဘောက်စ်များကို စနစ်တကျ အသုံးပြုစေရေး အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၁၂ခုနှစ် ရပ်ကွက်(သို့)ကျေး ရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ယင်းအား တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ အခန်း(၉) ပုဒ်မ ၁၈ပါ ပြ ဌာန်းချက်များ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများပြဌာန်းထားရှိသော်လည်း စီမံခန့်ခွဲသည့်နည်းလမ်း ဖြင့်သာ ဆောင်ရွက်နေရ၍ ဥပဒေအသက်ဝင်မှုအားကောင်းလာစေရန် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ စာထွက်ညွှန်ကြားသွားမည်ဟု ပြန်လည်ဖြေကြားသွားခြင်းဖြစ်သည်။
သတင်း - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် အသံချဲ့စက်နှင့် ဆောင်းဘောက်စ်များ အသုံး ပြုနေမှုအပေါ် ဥပဒေနှင့်အညီ အသုံးပြုရေး ပိုမိုကြပ်မတ်ဆောင်ရွက်သွားရန် ခရိုင်ထွေ/အုပ်များသို့ ညွှန်ကြားစာများ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။
ဇန်နဝါရီ(၁၆)ရက်နေ့တွင် ပြုလုပ်သည့် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် စေတုတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်၏ မကွေးတိုင်းဒေသ ကြီးအတွင်း မြို့နယ်များ၌ ဘာသာရေး၊ လူမှုရေးပွဲများတွင် အသံချဲ့စက်များ၊ ဆောင်းဘောက်စ်များ အသုံးပြုနေမှုအား ဥပဒေနှင့် အညီအသုံးပြုရေး ပိုမိုကြပ်မတ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ၊ မရှိ သိလို ကြောင်း မေးမြန်းချက်အပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး က ယင်းသို့ဖြကြေားသွားခြင်းဖြစ်သည်။
ပြည်သူများခံစားနေရသည့် စိတ်ဖိစီးမှုများတွင် ဆူညံသံများ အဓိက ပါဝင်နေကြောင်း၊ ဘာသာရေး အလှူခံ မဏ္ဍပ်များနှင့် ဆွမ်းလောင်းအသင်းအချို့တွင် နေ့စဉ် နံနက်(၃)နာရီ(၄)နာရီမှစတင်၍ အသံချဲ့ စက်ဖြင့် နှိုးဆော်ခြင်း၊ ရွတ်ဖတ်ခြင်း၊ အလှူခံခြင်း၊ သီချင်းများ ဖွင့်ခြင်းတို့ကို မိုးလင်းမှ မိုးချုပ် လုပ်ဆောင် နကြေကြောင်း၊ အသံချဲ့စက်ဆိုင်ရာ ဥပဒေစည်းကမ်းများ ထုတ်ပြန်ထားသော်လည်း လိုက်နာမှု အားနည်းကြောင်း တင်ပြသွားသည်။
"အသံချဲ့စက်တွေက ဆူညံသံတွေအပေါ် တစ်ဦးနဲ့တစ်ဦး အမုန်းခံပြီး တိုင်ကြားမှုမျိုး မရှိကြပါဘူး။ အဲလို မြန်မာတို့ရဲ့ သီးခံတတ်မှုအပေါ် ရောင့်တက်နကြေတာကြောင့် ဆူညံသံတွေကို နားကွဲလုမတတ်ခံ နကြေရပါတယ်။ အသံချဲ့စက်ကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက်ပဲသုံးမယ်ဆိုရင် ပြည်သူတွေက နားလည်ပေးနိုင်ကြပါတယ်။ အသံချဲ့စက်ဆိုင်ရာ ဥပဒေထုတ်ပြန်ထားပေမယ့် သက်ဝင်မှုမရှိတဲ့အတွက် ကြပ်မတ် ဆောင်ရွက်ပေးဖို့တင်ပြရခြင်းဖြစ်ပါတယ်"ဟု စေတုတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ် တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးက ပြောကြားသည်။
အဆိုပါ မေးမြန်းချက်အပေါ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက အသံချဲ့စက်နှင့် ဆောင်း ဘောက်စ်များကို စနစ်တကျ အသုံးပြုစေရေး အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၁၂ခုနှစ် ရပ်ကွက်(သို့)ကျေး ရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ယင်းအား တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ အခန်း(၉) ပုဒ်မ ၁၈ပါ ပြ ဌာန်းချက်များ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများပြဌာန်းထားရှိသော်လည်း စီမံခန့်ခွဲသည့်နည်းလမ်း ဖြင့်သာ ဆောင်ရွက်နေရ၍ ဥပဒေအသက်ဝင်မှုအားကောင်းလာစေရန် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ စာထွက်ညွှန်ကြားသွားမည်ဟု ပြန်လည်ဖြကြေားသွားခြင်းဖြစ်သည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~