ျမန္မာ-ထိုင္းႏွစ္ႏုိင္ငံသေဘာတူ စီမံကိန္းအား တာခ်ီလိတ္ခရုိင္အတြင္း မယ္ဖားလံုေဖါင္ေဒးရွင္းက အေကာင္အထည္ေဖၚမည္

ျမန္မာ-ထိုင္းႏွစ္ႏုိင္ငံသေဘာတူ စီမံကိန္းအား တာခ်ီလိတ္ခရုိင္အတြင္း မယ္ဖားလံုေဖါင္ေဒးရွင္းက အေကာင္အထည္ေဖၚမည္
ဇန်နဝါရီ 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္းရိွ တာေလၿမိဳ႕ အပါအ၀င္ မိုင္းကိုး၊ မိုင္းလင္း၊ မိုင္းဟဲေက်းရြာ အုပ္စုတြင္းမွ အဆိုျပဳထားသည့္ ေက်းရြာမ်ားတြင္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္အရ ထုိင္းႏုိင္ငံမွ မယ္ဖားလံုေဖါင္ေဒးရွင္းက အစားထိုးဖြံ႕ၿဖိဳးေရးစီမံကိန္းေဖၚေဆာင္သြားႏုိင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

“မယ္ဖားလံုဘက္က လ်ာထားေက်းရြာေတြမွာ လာၾကည့္ၿပီး လုပ္သင့္မလုပ္သင့္ဆံုးျဖတ္မွာ။ သူတို႔က ONCB နဲ႔ မယ္ဖာ့လံုက တာခ်ီလိတ္ကိုလာၿပီး တာေလ၊ မုိင္းလင္း၊ မုိင္းဟဲ၊ မိုင္းကိုးက အဆိုျပဳထားတဲ့ ရြာေတြကို လုိက္ၾကည့္ၿပီး သူတို႔လုပ္မယ့္ စီမံကိန္းနဲ႔ ကိုက္ညီတဲ့ေနရာကို ေရြးမယ္။ လုပ္မယ့္အဖြဲ႕ကေတာ့ မယ္ဖားလံုက လုပ္မွာပါ။ မယ္ဖားလံုက အရင္က တာခ်ီလိတ္နဲ႔ မုိင္းဆတ္က စီမံကိန္းက တစ္ႏွစ္ေစာၿပီး ၿပီးသြားတယ္။ အခုျပန္စတဲ့သေဘာေပါ့”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၊ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ - ထုိင္းႏွစ္ႏိုင္ငံသေဘာတူညီခ်က္ျဖင့္ တာခ်ီလိတ္ခရိုင္တြင္ လုပ္ေဆာင္မည့္ အဆုိပါ အစားထုိးဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားအား ခရိုင္အဆင့္ ႀကီးၾကပ္ေရးအဖြဲ႕ႏွင့္ ၿမိဳ႕နယ္အဆင့္ ႀကီးၾကပ္ေရး အဖြဲ႕တုိ႔က ႀကီးၾကပ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အဓိကလုပ္တာကေတာ့ မူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရးတပ္ဖြဲ႕ (ေနျပည္ေတာ္)က ျမန္မာႏိုင္ငံ ကိုယ္စားလွယ္ ရဲမွဴးႀကီးေဇာ္လင္းထြန္းေပါ့ေနာ္။ တကယ္တမ္းေအာက္ေျခမွာ အဆင္ေျပေအာင္ဆိုၿပီး အေကာင္အထည္ေဖၚေရးမွာ အဆင္ေျပေအာင္ ႀကီးၾကပ္ေရးအဖြဲ႕ေတြကို ဖြဲ႕စည္းလုိက္တာပါ”ဟု တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး၊ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ ဦးတင္ဝင္းေရႊက ေျပာသည္။

ခရိုင္အဆင့္ အစားထိုးစီမံကိန္းေဖၚေဆာင္ေရးလုပ္ငန္းႀကီးၾကပ္ေရးအဖြဲ႕ ဥကၠဌအျဖစ္ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး၊ ခရုိင္စီမံခန္႔ခြဲေရးေကာ္မတီဥကၠဌ ဦးတင္ဝင္းေရႊ၊ ဒုတိယဥကၠဌအျဖစ္ တာခ်ီလိတ္ခရို္င္ ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီးထိန္ဝင္းႏွင့္  အတြင္းေရးမွဴးအျဖစ္ မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ ရဲမွဴးစိုးႏိုင္က တာဝန္ ယူထားျခင္းျဖစ္ေၾကာင္း သိရၿပီး ၿမိဳ႕နယ္အဆင့္ႀကီးၾကပ္ေရးအဖြဲ႕တြင္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက ဥကၠဌအျဖစ္ တာဝန္ယူျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ႀကီးၾကပ္ေရးအဖြဲ႕တြင္ သက္ဆိုင္ရာဌာနမ်ားအျပင္ ခရိုင္ၾကက္ေျခနီအသင္းႏွင့္ ခရိုင္မူးယစ္ေဆးဝါး ဆန႔္က်င္ေရးအသင္း(MANA)တို႔ကိုလည္း ထည့္သြင္းထားေၾကာင္း ႏွင့္ ေက်းလက္ဦးစီးဌာနကိုလည္း ထည့္သြင္း ဖြဲ႕စည္းႏုိင္ေရး ေဆြးေႏြးထားေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံမွ ONCB ႏွင့္ မယ္ဖားလံုေဖါင္ေဒးရွင္းတို႔က၂၀၁၈ ဇန္နဝါရီလ (၁၉)ရက္ေန႔မွ (၂၁)ရက္ေန႔အထိ ကြင္းဆင္းစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ တာလမြေို့ အပါအဝင် မိုင်းကိုး၊ မိုင်းလင်း၊ မိုင်းဟဲကျေးရွာ အုပ်စုတွင်းမှ အဆိုပြုထားသည့် ကျေးရွာများတွင် နှစ်နိုင်ငံသဘောတူညီချက်အရ ထိုင်းနိုင်ငံမှ မယ်ဖားလုံဖောင်ဒေးရှင်းက အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းဖော်ဆောင်သွားနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

“မယ်ဖားလုံဘက်က လျာထားကျေးရွာတွေမှာ လာကြည့်ပြီး လုပ်သင့်မလုပ်သင့်ဆုံးဖြတ်မှာ။ သူတို့က ONCB နဲ့ မယ်ဖာ့လုံက တာချီလိတ်ကိုလာပြီး တာလေ၊ မိုင်းလင်း၊ မိုင်းဟဲ၊ မိုင်းကိုးက အဆိုပြုထားတဲ့ ရွာတွေကို လိုက်ကြည့်ပြီး သူတို့လုပ်မယ့် စီမံကိန်းနဲ့ ကိုက်ညီတဲ့နေရာကို ရွေးမယ်။ လုပ်မယ့်အဖွဲ့ကတော့ မယ်ဖားလုံက လုပ်မှာပါ။ မယ်ဖားလုံက အရင်က တာချီလိတ်နဲ့ မိုင်းဆတ်က စီမံကိန်းက တစ်နှစ်စောပြီး ပြီးသွားတယ်။ အခုပြန်စတဲ့သဘောပေါ့”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်းနှစ်နိုင်ငံသဘောတူညီချက်ဖြင့် တာချီလိတ်ခရိုင်တွင် လုပ်ဆောင်မည့် အဆိုပါ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများအား ခရိုင်အဆင့် ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ကြီးကြပ်ရေး အဖွဲ့တို့က ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိကလုပ်တာကတော့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ (နပြေည်တော်)က မြန်မာနိုင်ငံ ကိုယ်စားလှယ် ရဲမှူးကြီးဇော်လင်းထွန်းပေါ့နော်။ တကယ်တမ်းအောက်ခြေမှာ အဆင်ပြေအောင်ဆိုပြီး အကောင်အထည်ဖော်ရေးမှာ အဆင်ပြေအောင် ကြီးကြပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းလိုက်တာပါ”ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးတင်ဝင်းရွှေက ပြောသည်။

ခရိုင်အဆင့် အစားထိုးစီမံကိန်းဖော်ဆောင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးတင်ဝင်းရွှေ၊ ဒုတိယဥက္ကဌအဖြစ် တာချီလိတ်ခရို်င် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်းနှင့် အတွင်းရေးမှူးအဖြစ် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲမှူးစိုးနိုင်က တာဝန် ယူထားခြင်းဖြစ်ကြောင်း သိရပြီး မြို့နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ဥက္ကဌအဖြစ် တာဝန်ယူခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြီးကြပ်ရေးအဖွဲ့တွင် သက်ဆိုင်ရာဌာနများအပြင် ခရိုင်ကြက်ခြေနီအသင်းနှင့် ခရိုင်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(MANA)တို့ကိုလည်း ထည့်သွင်းထားကြောင်း နှင့် ကျေးလက်ဦးစီးဌာနကိုလည်း ထည့်သွင်း ဖွဲ့စည်းနိုင်ရေး ဆွေးနွေးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ONCB နှင့် မယ်ဖားလုံဖောင်ဒေးရှင်းတို့က၂၀၁၈ ဇန်နဝါရီလ (၁၉)ရက်နေ့မှ (၂၁)ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~