လားရိႈးတကၠသိုလ္၏ ပတၱျမားရတု အခမ္းအနား ဇန္နဝါရီလ ၁၉ ရက္ေန႔မွစ၍ ႏွစ္ရက္တာက်င္းပမည္

လားရိႈးတကၠသိုလ္၏ ပတၱျမားရတု အခမ္းအနား ဇန္နဝါရီလ ၁၉ ရက္ေန႔မွစ၍ ႏွစ္ရက္တာက်င္းပမည္
ဇန်နဝါရီ 16, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ရွိ လားရိႈးတကၠသိုလ္၏ ပတၱျမားရတုအခမ္းအနားကို ဇန္နဝါရီလ (၁၉)ရက္ေန႔ႏွင့္ (၂၀) ရက္မ်ားတြင္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ဆရာ၊ဆရာမ(၁၅၀) ဦးတို႔အား ပူေဇာ္ကန္ေတာ့ပြဲ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း လားရိႈးတကၠသိုလ္ပတၱျမားရတုျဖစ္ေျမာက္ေရး၏ ျပန္ၾကားေရးဌာနမွ သိရသည္။

“၁၉၇၉ ခုႏွစ္ကေနစတဲ့ လားရိႈးေဒသေကာလိပ္၊ လားရိႈးေကာလိပ္၊ လားရိႈးဒီကရီေကာလိပ္နဲ႔ လက္ရွိ လားရိႈးတကၠသိုလ္ဆိုၿပီးေတာ့မွ ေက်ာင္းသူေက်ာင္းသားေဟာင္းေတြရွိရာမွာ လူငယ္ေတြကို ဦးစားေပးတဲ့ အေနနဲ႔ (၁၉) ရက္ေန႔ညမွာ ဂီတဆည္းဆာ ပြဲေလးလုပ္ပါမယ္။ (၂၀) ရက္ေန႔ မနက္ကိုက်ေတာ့ ဆရာ/ဆရာမ ဦးေရ (၁၅၀)ကို အာစရိယပူေဇာ္ပြဲလုပ္ပါမယ္။ ေနာက္ၿပီး စာတမ္းဖတ္ပြဲ နဲ႔ စာေပေဟာေျပာပြဲလည္း ထည့္သြင္း က်င္းပေပးသြားမွာ ျဖစ္ပါတယ္” ဟု လားရိႈးတကၠသိုလ္ပတၱျမားရတု ျဖစ္ေျမာက္ေရးအဖြဲ႔ ျပန္ၾကားေရးဌာနမွ ျပန္ၾကားေရးဥကၠဌ ကိုဆန္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဇန္နဝါရီလ(၁၉) ရက္ေန႔ နံနက္(၉)နာရီတြင္ ပတၱျမားရတုဖြင့္ပြဲအခမ္းအနားကို ျပဳလုပ္သြားမည္ျဖစ္၍  ၁၉၇၉ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ လားရိႈးတကၠသိုလ္တြင္ တက္ေရာက္ဖူးခဲ့သည့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား မည္သူမဆိုပါဝင္၍ အာစရိယပူေဇာ္ပြဲအခမ္းအနားသို႔ တက္ေရာက္ႏိုင္ၿပီး စာတမ္းဖတ္ပြဲတြင္ မႏၱေလးၿမိဳ႕မွ ေဒါက္တာလွေထြး က လားရိႈးတကၠသိုလ္ႏွင့္ ပတ္သက္သည့္ သမိုင္းေၾကာင္းမ်ားကို ဖတ္ၾကားမည္ျဖစ္ကာ စာေရးဆရာလင္းသိုက္ညႊန္႔က စာေပေဟာေျပာမည္ ျဖစ္ေၾကာင္း သိရသည္။

ပတၱျမားရတု အခမ္းအနားတြင္ ထည့္သြင္းက်င္းပမည့္ ဂီတဆည္းဆာပြဲ၌ တိုင္းရင္းသားေပါင္းစံု အက ပေဒသာမ်ား၊ ေက်ာင္းသူေက်ာင္းသားေဟာင္းမ်ားသာပါဝင္တီးခတ္၊ သီဆိုမည့္ သီခ်င္းဆိုပြဲမ်ား ပါဝင္မည္ျဖစ္ကာ အဆိုပါ ပတၱျမားရတုအခမ္းအနားအတြက္ လားရႈိးၿမိဳ႕နယ္၊ ခရိုင္ ဌာနဆိုင္ရာမ်ား ပညာေရးဝန္ႀကီးဌာနမ်ားထံမွ ခြင့္ျပဳခ်က္ရယူထားၿပီး ေက်ာင္းသား၊ေက်ာင္းသူေဟာင္းမ်ား လာေရာက္ၾကရန္လည္း တိုက္တြန္းထားၿပီး လားရိႈးတကၠသိုလ္ပတၱျမားရတု ျဖစ္ေျမာက္ေရးအဖြဲ႔ ျပန္ၾကားေရးဌာန ဖုန္း ၀၉ ၂၆၀၁၁၈၅၂၂ သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်၏ ပတ္တမြားရတုအခမ်းအနားကို ဇန်နဝါရီလ (၁၉)ရက်နေ့နှင့် (၂၀) ရက်များတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆရာ၊ဆရာမ(၁၅၀) ဦးတို့အား ပူဇော်ကန်တော့ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း လားရှိုးတက္ကသိုလ်ပတ္တမြားရတုဖြစ်မြောက်ရေး၏ ပြန်ကြားရေးဌာနမှ သိရသည်။

“၁၉၇၉ ခုနှစ်ကနေစတဲ့ လားရှိုးဒေသကောလိပ်၊ လားရှိုးကောလိပ်၊ လားရှိုးဒီကရီကောလိပ်နဲ့ လက်ရှိ လားရှိုးတက္ကသိုလ်ဆိုပြီးတော့မှ ကျောင်းသူကျောင်းသားဟောင်းတွေရှိရာမှာ လူငယ်တွေကို ဦးစားပေးတဲ့ အနေနဲ့ (၁၉) ရက်နေ့ညမှာ ဂီတဆည်းဆာ ပွဲလေးလုပ်ပါမယ်။ (၂၀) ရက်နေ့ မနက်ကိုကျတော့ ဆရာ/ဆရာမ ဦးရေ (၁၅၀)ကို အာစရိယပူဇော်ပွဲလုပ်ပါမယ်။ နောက်ပြီး စာတမ်းဖတ်ပွဲ နဲ့ စာပေဟောပြောပွဲလည်း ထည့်သွင်း ကျင်းပပေးသွားမှာ ဖြစ်ပါတယ်” ဟု လားရှိုးတက္ကသိုလ်ပတ္တမြားရတု ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေးဌာနမှ ပြန်ကြားရေးဥက္ကဌ ကိုဆန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇန်နဝါရီလ(၁၉) ရက်နေ့ နံနက်(၉)နာရီတွင် ပတ္တမြားရတုဖွင့်ပွဲအခမ်းအနားကို ပြုလုပ်သွားမည်ဖြစ်၍ ၁၉၇၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ လားရှိုးတက္ကသိုလ်တွင် တက်ရောက်ဖူးခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများ မည်သူမဆိုပါဝင်၍ အာစရိယပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်နိုင်ပြီး စာတမ်းဖတ်ပွဲတွင် မန္တလေးမြို့မှ ဒေါက်တာလှထွေး က လားရှိုးတက္ကသိုလ်နှင့် ပတ်သက်သည့် သမိုင်းကြောင်းများကို ဖတ်ကြားမည်ဖြစ်ကာ စာရေးဆရာလင်းသိုက်ညွှန့်က စာပေဟောပြောမည် ဖြစ်ကြောင်း သိရသည်။

ပတ္တမြားရတု အခမ်းအနားတွင် ထည့်သွင်းကျင်းပမည့် ဂီတဆည်းဆာပွဲ၌ တိုင်းရင်းသားပေါင်းစုံ အက ပဒေသာများ၊ ကျောင်းသူကျောင်းသားဟောင်းများသာပါဝင်တီးခတ်၊ သီဆိုမည့် သီချင်းဆိုပွဲများ ပါဝင်မည်ဖြစ်ကာ အဆိုပါ ပတ္တမြားရတုအခမ်းအနားအတွက် လားရှိုးမြို့နယ်၊ ခရိုင် ဌာနဆိုင်ရာများ ပညာရေးဝန်ကြီးဌာနများထံမှ ခွင့်ပြုချက်ရယူထားပြီး ကျောင်းသား၊ကျောင်းသူဟောင်းများ လာရောက်ကြရန်လည်း တိုက်တွန်းထားပြီး လားရှိုးတက္ကသိုလ်ပတ္တမြားရတု ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေးဌာန ဖုန်း ဝ၉ ၂၆၀၁၁၈၅၂၂ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~